menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်း ဆန်ဈေးကွက် အခြေအနေ
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
⏫ပြည်တွင်းစျေးကွက်အတွင်း ဆန်ချော၊ ဆန်ကြမ်းများ အမျိုးအစားအလိုက် စျေးတက်နေပြီး ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် ဆန်စပါးကုန်သည်များအသင်းက ကျပ် ၉၃,၀၀၀ ဖြင့် ရောင်းချနေပြီး လက်လီစျေးကွက်တွင် တစ်အိတ်လျှင် ကျပ်တစ်သိန်းအထိ မြင့်တက်လာကြောင်း သိရသည်။
⏫“သြဂုတ်လလယ်က ဝယ်ခဲ့တာ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၉၆,၀၀၀၊ ပြီးခဲ့တဲ့နှစ်ရက်က ဝယ်ခဲ့ရတာက တစ်အိတ်ကို တစ်သိန်းဖြစ်နေပြီ။ ကျန်တဲ့ဆန်တွေရော အကုန်တက်တာ” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
⏫၂၀၂၂ ခုနှစ် ဇူလိုင် (၂၈) ရက်တွင် ဆန်အမျိုးအစားအလိုက် စျေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၇၃,၀၀၀ မှ ၈၀,၀၀၀၊ မြောင်းမြ/ပုသိမ်ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၃,ဝဝဝ မှ ၅၅,၀၀၀၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၃,၀၀၀ မှ ၅၅,၀၀၀၊ ငစိန်တစ်အိတ်လျှင် ကျပ် ၃၃,၀၀၀ မှ ၃၅,၀၀၀၊ ရက်-၉၀ တစ်အိတ်လျှင် ကျပ် ၃၄,၅၀၀ မှ ၃၆,၅၀၀၊ ဧည့်မထတစ်အိတ်လျှင် ကျပ် ၃၁,၀၀၀ မှ ၃၂,၀၀၀၊ မြီးဒုံးတစ်အိတ်လျှင် ကျပ် ၄၀,၀၀၀ မှ ၄၃,၀၀၀ စျေးရှိနေကြောင်း သိရသည်။
⏫မြန်မာနိုင်ငံဆန်စပါးအသင်းမှ ထုတ်ပြန်ထားချက်အရ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၂၀၁၅ ခုနှစ်တွင် ကျပ် ၄၇,၀၀၀၊ ၂၀၁၆ ခုနှစ်တွင် ကျပ် ၄၃,၀၀၀၊ ၂၀၂၀ ပြည့်နှစ်တွင် ကျပ် ၅၄,၀၀၀ ရှိခဲ့သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်တွင် ကျပ် ၈၀,၀၀၀ အထိ စျေးတက်လာခဲ့သည်။
⏫သြဂုတ် (၁၅) ရက်တွင် ဆန်အမျိုးအစားအလိုက် စျေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၇၈,၀၀၀ မှ ၉၀,၀၀၀၊ မြောင်းမြ/ပုသိမ်ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၉,၀၀၀ မှ ၆၅,၀၀၀၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၆,၀၀၀ မှ ၆၀,၀၀၀၊ ငစိန်တစ်အိတ်လျှင် ကျပ် ၃၄,၀၀၀ မှ ၃၅,၅၀၀၊ ရက်-၉၀ တစ်အိတ်လျှင် ကျပ် ၄၂,၀၀၀ မှ ၄၄,၀၀၀၊ ဧည့်မထတစ်အိတ်လျှင် ကျပ် ၃၆,၅၀၀ မှ ၃၈,၀၀၀၊ မြီးဒုံးတစ်အိတ်လျှင် ကျပ် ၄၈,၅၀၀ မှ ၅၀,၀၀၀ စျေးရှိခဲ့ကြောင်း သိရသည်။
Sources : Eleven Media