menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်း ပဲ၊နှမ်း ဈေးကွက်တစ်ခုလုံးအဝယ်အေးနေသည့် ယခုတစ်ပတ်ပဲမျိုးစုံဈေးကွက်
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✔️ ပြည်တွင်း ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးကွက်အနည်းငယ်ကျဆင်း၍ အဝယ်အေးနေကြောင်း ပဲကုန်သည်များထံမှသိရသည်။
✔️ မိုးရာသီအတွင်း ကုန်စည်စီးဆင်းမှု အခက်အခဲရှိသောကြောင့် ပြည်တွင်းပဲတင်ပို့မှုနည်းပြီး ဈေးကွက်အနည်းငယ်ကျဆင်းနေကြောင်း၊ လက်ရှိတွင် ပြည်တွင်းပဲမာလိုင်းများနှင့် ပြည်တွင်းသုံးကုလားပဲများ၊ ပို့ကုန်ပဲများမှာအရောင်းအဝယ်အေးနေကြောင်း၊ လက်ကျန်နည်းလာသည့် စားတော်ပဲ နှင့် ပဲကြီးတို့သာ ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံပိုင် ဦးကျော်သွင်က ပြောသည်။
✔️ ဩဂုတ်(၃)ရက်တွင် ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၆၅၀,၀၀၀၊ ပဲနီပြာ(ကျွန်း)တစ်အိတ်လျှင် ငွေကျပ် ၅၀၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၁၀,၀၀၀၊ စားတော်ပဲ(ကနေဒါ)တစ်အိတ်လျှင် ငွေကျပ် ၅၆၀,၀၀၀ အထိ စံချိန်တင်ဈေးမြင့်တက်လာသည်။
✔️ ဩဂုတ်(၃)ရက်တွင် ဈေးမြင့်တက်နေသည့်နှမ်းနက်မှာ ဈေးကျဆင်းသွားရာ နှမ်းနက်သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၈၂၀,၀၀၀၊ နှမ်းဖြူ(ဂျပန်) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၈၀,၀၀၀၊ နှမ်းဖြူ(ဗမာ) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀၊ နှမ်းညိုသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀ ပေါက်ဈေးရှိနေပြီး လက်ရှိအချိန်တွင် မန္တလေးဈေးကွက်တွင်သာ အဓိကအရောင်းအဝယ်ဖြစ်နေသည့် မြေပဲအနီလုံးဆံမှာ တစ်ပိဿာလျှင် ငွေကျပ် ၈,၄၀၀၊ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၆,၅၀၀၊ ပဲဖတ်တစ်ပိဿာလျှင် ငွေကျပ် ၄,၃၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။
✔️ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးကွက်အနည်းငယ်ကျဆင်းနေပြီး ဈေးငြိမ်နေရာ V2 ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၆၃,၀၀၀၊ V7 ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၆၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၄၂,၀၀၀၊ 929 ကုလားပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၅၂,၀၀၀ စသဖြင့် အသီးသီးဈေးကျဆင်းသွားသည်။ ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀၊ မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၈၇,၀၀၀၊ ပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၆၅,၀၀၀ သာ ပေါက်ဈေးရှိနေကြောင်း သိရသည်။
✔️ ပြည်တွင်း တရားမဝင်ကုန်သွယ်မှုမရှိစေရေးအတွက် စီစစ်စစ်ဆေးမှုများရှိနေသလို မိုးတွင်းကာလဖြစ်သောကြောင့် သယ်ယူပို့ဆောင်ရေးအခက်အခဲရှိတာကြောင့်လည်း မန္တလေး ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ်အေးနေခြင်းဖြစ်ကြောင်း သိရသည်။
✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)