menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်း စားအုန်းဆီဈေး ဆက်လက်မြင့်တက်နေ
🎋🎋🎋🎋🎋🎋🎋🎋🎋🎋
✔️မြန်မာငွေတန်ဖိုးကျဆင်းနေခြင်းကြောင့် ပြည်တွင်း၌ စားအုန်းဆီဈေး တပိဿာလျှင် ကျပ်၅,၀၀၀ ကျော် အထိမြင့်တက်နေကြောင်း ဆီဈေးကွက်နှင့် စားသုံးသူများထံမှသိရသည်။
✔️ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမူ တစ်နှစ်လျှင်တန်ချိန် ၁၀သိန်းကျော် အထိရှိသောကြောင့် နှစ်စဉ်တန်ချိန် ၆သိန်း မှ၇သိန်ကြားအား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိကထား၍ တင်သွင်းနေရကြောင်းသိရသည်။ စားအုန်းဆီမှာ ပြီးခဲ့သည့် ၂၀၂၁ ဇန်နဝါရီလဆန်ပိုင်းက စားအုန်းဆီ တစ်တန်လျှင်အမေရိကန်ဒေါ်လာ (၁,၀၅၅-၁,ဝ၇၅)ခန့်ရှိရာမှ လက်ရှိကာလတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၂၄၀ မှ ၁,၂၅၀ အထိ ပေါက်ဈေး ရှိနေကြောင်းကုန်သည်များထံမှစုံစမ်း သိရှိရပြီး အချိန်နှင့်အမျှ ဈေးနှုန်းပြောင်းလဲနေကြောင်းသိရသည်။
✔️ပြည်ပစားအုန်းဆီ ဈေးကွက်မှာလည်းလိုက်ပါမြင့်တက်ကာ ဇန်နဝါရီလအတွင်း ပြည်တွင်းစားအုံးဆီ ဈေးနှုန်းမှာ လက်လီဈေးတစ်ပိဿာလျှင် ကျပ် ၂,၀၀၀ ကျော်သာရှိခဲ့ရာမှ လက်ရှိတစ်ပိသာလျှင်၅,၀၀၀ ကျပ်အထိမြင့်တက်ခဲ့ကြောင်းသိရသည်။ တစ်ချို့နယ်ဒေသများတွင် တစ်ပိဿာလျှင် ၅,၅၀၀ ခန့် အထိ ပါမြင့်တက်နေကြောင်း စားသုံးသူများထံမှသိရသည်။ ပြည်တွင်းမှာ စားအုန်းဆီဈေး အမြင့်ဆုံးရောက်ရှိ နေသောကြောင့် စားသုံးသူများအဆင်ပြေစေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးဆီများကို ဈေးကွက်အတွင်း သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်းလည်းသိရသည်။
✔️“ပြည်ပပေါက်ဈေးနဲ့မဟုတ်ပဲ ဗဟိုဘဏ်ကရောင်းချပေးတဲ့ ၁,၇၅၀ ဈေးနဲ့တွက်ပြီးတော့ ပြည်ပကနေ ဆီကိုသွင်းတယ်ပြီးရင် တိုင်းနဲ့ ပြည်နယ်တွေကို အရင်းနဲ့ပြန်ဖြန့်ပေးတာပါ ။ အသင်းကနေ ရောင်းပေး တာ အရင်းက ၃,၇၀၀ ကျတယ် ။ အမြတ်ကို ၂ ရာခိုင်နှုန်းအထက် ပိုမရောင်းရဘူးလို့ သတ်မှတ်ပြီး ကုန်သည်တွေကို ရောင်းချပေးတယ်။ နောက်ပြီး လူတစ်ဦးတစ်ယောက်ဆီပဲ ရောင်းချခွင့်ရှိတယ် ။ လက်ကားရောင်းချခွင့်မရှိဘူး ။ ဆီပိဿာတွေ အများကြီးဝယ်ပြီး တစ်ဆင့်ပြန်ရောင်းမှာဆိုးလို့ ၊ အဓိက က မရှိတဲ့သူတွေဝယ်နိုင်အောင်လုပ်ပေးတာပါ” ဟု ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင် တစ်ဦးကပြောသည်။ ထို့သို့အသင်းမှ ဈေးသက်သာစွာဖြင့် ရောင်းချပေးနေသော်လည်း တစ်ချို့ နေရာများတွင် တစ်ပိဿာလျှင် ၅,၀၀၀ ဝန်းကျင် မှ ၅,၅၀၀ ကျပ်အထိ ပေးဝယ်နေရမူများလည်း ရှိနေကြောင်း စားသုံသူများထံမှသိရသည်။
✔️“စားအုန်းဆီဈေးတွေလျော့ရောင်းတယ်ပြောတာ ကျွန်မတို့ဘက်လာမရောင်းသေးဘူး။ ဒါမှမဟုတ် အရင်လက်ကျန်မလို့လားမသိဘူး ကုန်စုံဆိုင်တွေမှာ တစ်ပိဿာကို ၄,၉၅၀ နဲ့ဝယ်ရတယ်။ ဒိုင်တွေဆီမှာ ပဲ သူတို့လျော့ပေးတဲ့ဈေးနဲ့ ရတယ်ထင်တယ်” ဟု သင်္ဃန်းကျွန်းမှ စားသုံးသူ မကြည်ဝင်းကပြောသည်။ ဆီကုန်သည်များအနေဖြင့် နေရာဒေသအလိုက် သယ်ယူပို့ဆောင်ရေးစရိတ်ကို တွက်ချက်ကာ တစ်ပိဿာလျှင် ၃,၈၀၀ မှ ၃,၉၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း ကုန်သည်အချို့ထံမှ သိရသည်။ “အသင်းကနေ ၃,၇၀၀ နဲ့ပေးတယ် ရန်ကုန်ကနေပြည်ကို သယ်ယူစရိတ် တစ်ပိဿာ ကို ၇၅ ကျပ်ကျတယ်။ အဲ့တာကြောင့်ဆီကုန်သည်လက်လီသမားတွေကို ၃,၇၇၅ ကျပ်နဲ့ ပြန်ဖြန့်ပေးတယ် ။ ဆီကုန်သည်တွေက တစ်ပိဿာကို ၃,၈၅၀ နဲ့ ပြန်ရောင်းပါတယ်” ဟု ပြည်မှ ဆီကုန်သည် ကိုပြည့်က ပြောသည်။
✔️စားအုန်းဆီကို အဓိကတင်သွင်းနေသည့် ပြည်ပနိုင်ငံများတွင်လည်း ရာသီဥတုဖောက်ပြန်သည့် အခြေအနေများ နှင့်Covid ၏ အကျိုးသက်ရောက်မူကြောင့်ထုတ်လုပ်မူလျော့နည်းလာခြင်း၊ ဒေါ်လာဈေးမြင့်တက်နေခြင်းကြောင့် ဈေးနှုန်းကဆက်တိုင်သလိုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ဆီကုန်သည် ဦးမင်းအောင် က ပြောသည်။ ဒေါ်လာဈေးအပြင် ပြည်ပနိုင်ငံများမှအဝယ်ဈေးပါ မြင့် တက်နေခြင်းဖြစ်၍ ဆီလုပ်ငန်းရှင်များပါ ထိခိုက်မှုများရှိခဲ့ပြီး တစ်ချို့သောလုပ်ငန်းရှင်များ လုပ်ငန်း ရပ်နားထားရကြောင်းသိရသည်။
✔️ဈေးကွက်သတင်းများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : အက္ခရာ (AMIA)