menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ပြည်တွင်းရာဘာခြံများပြန်လည်ဖွင့်ချိန် ကမ္ဘာ့ရာဘာဈေးကျဆင်းနေ”
🌳🌳🌳🌳🌳🌳🌳🌳🌳🌳
✔️ပြည်တွင်း၌ရာဘာခြံများပြန်လည်စဖွင့်ချိန် ကမ္ဘာရာဘာစျေးကျဆင်းနေကြောင်း လုပ်ငန်းရှင်များထံ မှသိရသည်။ ပြည်တွင်းရာဘာမှာ ပြည်ပတင်ပို့မှုသာ အဓိကရှိပြီး ပြည်တွင်းသုံးစွဲမှုနည်းသည့် ပစ္စည်း ဖြစ်သောကြောင့် နိုင်ငံတကာစျေးပေါ်မှာပဲ မူတည်ကြောင်း၊ လက်ရှိ ကမ္ဘာ့စျေးကျဆင်းနေ၍ ပြည်တွင်း ရာဘာစျေးပါကျဆင်းနေကြောင်း ရာဘာလုပ်ငန်းရှင်တချို့ထံမှသိရသည်။
✔️ရာဘာခြံများ ပြန်လည် စဖွင့်ချိန်ဖြစ်၍ အချို့ခြံများသာ အနည်းငယ်ထွက်ရှိသေးသောကြောင့် စျေးနှုန်း သေချာသတ်မှတ်ရောင်းချခြင်းမရှိသေးပဲ အဆင်ပြေသည့်စျေးဖြင့်ရောင်းချနေကြောင်းသိရသည်။ ထို့အပြင် ပြန်ဖွင့်ချိန် ကမ္ဘာရာဘာစျေး ကျဆင်းနေခြင်းဖြစ်၍ အချို့ဒေသများတွင် ရာဘာတစ်ပေါင်လျှင် ၁,၀၀၀ ကျပ် ဖြင့်ဝယ်ရောင်းဖြစ်သည့် သူများရှိသလို ၁,၂၀၀၊ ၁,၅၀၀ ကျပ်ဖြင့် ဝယ်ရောင်းလုပ်သူများရှိကြောင်း သိရသည်။
✔️“ခြံပိတ်ရာသီ အခုမှစဖွင့်ခါစဆိုတော့ စျေးအနေနဲ့တိတိကျကျ ဖွင့်ထားတာမရှိဘူး။ ခြံကလကုန်နဲ့ရှေ့ လလယ်လောက် မှ အမြောက်အများထွက်မှာအခုက မိုးကလည်းမကုန်သေးတော့၊ နောက်ပြီး ကမ္ဘာ့ပေါက်စျေးကလည်းကျနေတယ်။ ကမ္ဘာ့ပေါက်စျေးကလည်းလက်ရှိ ၁,၅၀၀ အောက်ကို ရောက်နေတယ်” ဟု မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။
✔️ပြည်ပလိုအပ်ချက်များရှိနေပြီး ဒေါ်လာစျေးမှာလည်း အမြင့်စျေးတွင် ရှိနေသောကြောင့်ရာဘာစျေးမှာ တစ်ထောင်အထက်တွင်သာ ရှိနေခြင်းဖြစ်ကြောင်းသုံသပ်ကြသည်။ ရာဘာကို တစ်နိုင်ငံလုံးစိုက်ဧက တစ်သန်းခြောက်သိန်းနှင့်လေးသောင်းကျော် ထိရှိပြီး လက်ရှိပြည်တွင်း လက်ကျန်တန်ချိန် ၃သောင်းခန့် သာကျန်မည်ဖြစ်ကြောင်းသိရသည်။ လက်ရှိမှာတော့ Export အနေဖြင့် စာချုပ်ချုပ်ထားသည့် အတိုင်း လစဉ် လက်ကျန်များကို တင်ပို့မူများရှိနေကြောင်းသိရသည်။
✔️လက်ရှိတွင် မြန်မာ့ရာဘာ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့် အား တရုတ်နိုင်ငံသို့အဓိက တင်ပို့လျက်ရှိကာ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့မှုများရှိကြောင်း ၊ အများဆုံးအနေဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့လျက်ရှိကြောင်းသိရသည်။ ပြည်ပနိုင်ငံများသို့ နှစ် စဉ်ရာဘာတန်ချိန် သုံးသိန်းခန့်တင်ပို့လျက်ရှိကြောင်းသိရသည်။ လက်ရှိအချို့ခြံများမှာ မိုးရွာသွန်းမှု များရှိနေသေးသောကြောင့် ရာဘာခြစ်သည့်လုပ်ငန်းများရပ်နားထားကြပြီး ခြံပြုပြင်ထိန်းသိမ်းမှုများ လုပ်နေကြကြောင်းသိရသည်။ “လက်ရှိ မိုးကုန်အောင်စောင့်နေရတယ်၊ မိုးကဆက်တိုက်ဆိုသလို ရွာနေတာ၊ အဲလိုမိုးရွာရင် အစေးခြစ်တဲ့အခါမှာအထွက်နှုန်းကနည်းတော့ မိုးတွင်းကာလမှာခြံတွေအကုန် ပိတ်ထားရတယ်၊ ဒီလကုန်လောက်မှ ပြန်ဖွင့်ကြမယ်” ဟု ရာဘာခြံလုပ်ငန်းရှင်တစ်ဦးကပြောသည်။
✔️ရာဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးမှုများရှိကာ မိုးရွာသီတွင် ရာဘာလုပ်ငန်းများရပ်နားလျက်ရှိသည်။
✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ (AMIA)