menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်းသကြားဈေးကွက် အခြေအနေ
🎋🎋🎋🎋🎋🎋🎋🎋🎋🎋
✔️မြန်မာမှ တရုတ်နိုင်ငံသို့ သကြားတင်ပို့မှုလုံးဝမရှိတော့ကြောင်း သကြားကုန်သည်များထံမှသိရသည်။ တရုတ်နိုင်ငံမှသကြားကို လျှော့ချဝယ်ယူလိုက်သည့်နောက်ပိုင်းတွင် သကြားကို တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် အရည်ဖျော်၍တင်ပို့ခဲ့ကြောင်း သကြားတင်ပို့သူအချို့ထံမှသိရသည်။ ထို့နောက် တင်ပို့ရာတွင်အခက်အခဲများရှိခဲ့သည့်အတွက် တင်ပို့မှုမရှိတော့ကြောင်းသိရသည်။
✔️“တရုတ်ကို မသွားကြတော့ဘူး။ အရည်နဲ့တင်ပို့တာက သဘောလောက်ပဲဖြစ်သွားတယ်။ သကြားကို ခက်ခက်ခဲခဲ အခဲဖြစ်အောင် လုပ်ထားပြီးမှ သူ့ကိုအရည်အဖြစ်လုပ်ထားတာပေါ့။ တရုတ်ကိုပို့မရတော့ ဘူး။ နယ်စပ်ဂိတ်တွေလည်း ပိတ်ထားတာဆိုတော့ အခုဗီယမ်နမ်တစ်ခုပဲ ပို့တယ်” ဟုမြန်မာနိုင်ငံ သကြား နှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိန်ထွန်း က ပြောသည်။
✔️စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ်မှစပြီး တရုတ်နိုင်ငံမှသကြားကို လျှော့ချဝယ်ယူလိုက်သည့်နောက်ပိုင်းတွင် သကြားကိုအရည်ဖျော်၍တင်ပို့ခွင့်ကို လိုင်စင် လျှောက်ထားခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
✔️ထို့နောက် သကြားကိုတင်လဲရည်အဖြစ်ပြောင်းပြီးတင်ပို့ဖြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး တင်လဲရည် အဖြစ် တင်ပို့ရန်အတွက် အပူပေးရမည့်စက်ရုံလိုအပ်ခြင်း၊ ပုံမှန်မတင်ပို့နိုင်ဘဲ ကြန့်ကြာနေပါက အေးခဲသွားခြင်း၊ ဈေးနှုန်းမမှန်ကန်ဘဲပြောင်းလဲနေခြင်း၊ တစ်ခါတစ်ရံ အမှာမရှိသည့်အခါ လက်ဝယ်တွင် သောင်တင်နေခြင်း စသည့်အခက်အခဲများကြောင့် လုပ်ငန်းရှင်များက လုပ်ငန်းလုပ်ကိုင်ရန် တွင်ကျယ်မှုမရှိဖြစ်ခဲ့ကြောင်းလည်း သိရသည်။
✔️လက်ရှိသကြားအား ဗီယမ်နမ်နိုင်ငံ တခုတည်းသာ တင်ပို့နေရကြောင်း ကုန်သည်များထံမှ သိရသည်။ ယခုလက်ရှိအချိန်အထိ တန်ချိန်တစ်သိန်းကျော်ထိ တင်ပို့ထားပြီးဖြစ်ကြောင်းသိရသည်။ လက်ရှိ ပြည်ပ Export ပုံမှန်သွားနေရပြီး ၆၅ ရာခိုင်နှုန်း၊ ၃၅ရာခိုင်နှုန်း လဲခွင့်ရထားခြင်းကြောင့် Export လဲ အဆင်ပြေနေကြောင်း ကုန်သည်များကဆိုသည်။
✔️သကြားစျေးကွက် အနေအထားကြည့်မည်ဆိုပါက လာမည့်ရာသီတွင်လည်း စားသုံးသူ နှင့် တောင်သူများ အားလုံးအဆင်ပြေလာနိုင်မည့် စျေးကွက်တခုဖြစ်လာနိုင်ကြောင်း သုံးသပ်ထားသည်။ ယခုနှစ်တွင် စျေးကောင်းရနေသည့်အတွက် သကြားတိုးချဲ့စိုက်ပျိုးလျက်ရှိပြီးတစ်နှစ်လျှင် ပျမ်းမျှ သကြားတန်ချိန် လေးသိန်းခန့်ထွက်ရှိကြောင်း ကြံစိုက်တောင်သူများထံမှသိရသည်။
✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)