menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်းသကြားစျေး မြင့်တက်လာပြီး ကြံတစ်တန် ၆၅,၀၀၀ အထိ တိုးမြင့်ရရှိလာ
🎋🎋🌱🎋🎋🌱🎋🎋🌱🎋🎋
▶ ပြည်တွင်းကြံရာသီရောက်ရှိလာသော်လည်း ပြည်တွင်းသကြားစျေးကျဆင်းမှု မရှိပဲ စျေးမြင့်တက်လာ တာကြောင့် ကြံတစ်တန် ကျပ် ၆၅,၀၀၀ ထိ စံချိန်တင်ဆက်လက်တိုးမြှင့်ပေးလာကြောင်း သိရသည်။
▶ ပြည်တွင်းသကြားရုံများမှ ကြံစျေးနှုန်း သက်မှတ်ဝယ်ယူရာတွင် သကြားစျေးကို အခြေခံဝယ်ယူခြင်း ဖြစ်ရာ ပြည်တွင်းလက်ကျန်သကြားနည်းသွားခြင်း၊ ကြံရာသီအသစ်တွင် သကြားအသစ်များ ထွက်ရှိလာသော်လည်း သကြားစျေးမှာ တစ်ပိဿာ ကျပ် ၁,၈၅၀-၁,၉၀၀ ပေါက်စျေးရှိလာသဖြင့် ယခုကဲ့သို့ တောင်သူများ ကြံစျေး ထပ်မံတိုးမြှင့်ရရှိလာဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းဌေးက ပြောသည်။
▶ “ငွေရည်ပုလဲစက်ရုံက ဒီရက်ပိုင်းအတွင်းမှာ ယခင်က ကြံတစ်တန် ကျပ် ၆၀,၀၀၀ ကနေ အခု ကျပ် ၆၅,၀၀၀ ထိ တိုးပေးလိုက်ပါတယ်။ သကြားစျေး ၁,၆၀၀-၁,၇၀၀ လောက်မှန်းတာကနေ အမှန်တကယ်စျေးကွက်မှာ ကျပ် ၁,၈၀၀-၁,၉၀၀ ရောင်းရတော့ ကြံစျေးပါတိုးပေးတဲ့သဘောပါ။ အခြားကြံစိုက်ဒေသတွေကတော့ ထူးထူးခြားခြား ပြောင်းလဲတာ မတွေ့ရဘူး။ သကြားစျေးတော့ တက်ရောင်းတယ်။ တောင်သူကို တိုးပေးရမယ့်ကြံစျေးကိုတော့ မှေးထားသေးတယ်။ ကြံစျေးတက်၊ မတက် မပြောသေးဘဲ နောက်ပိုင်းမှ ကြံစျေး အပိုဆောင်းပေးမလားမပြောတတ်သေးဘူး” ဟု ၎င်းက ပြောသည်။
▶ ရှမ်းပြည်နယ်နယ်မြောက်ပိုင်း ငွေရည်ပုလဲသကြားစက်ရုံက ၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက နောက်ဆုံး ကြံတစ်တန် ၆၀,၀၀၀ ထိတိုးမြှင့်ပေးထားရာမှ ဇန်နဝါရီလဆန်းပိုင်းတွင် စံချိန်တင်စျေးအဖြစ် တစ်တန်ကျပ် ၆၅,၀၀၀ ထိ ထပ်မံတိုးမြှင့်ပေးလာခြင်းဖြစ်သည်။ မောင်းကုန်းဒေသမှ ဂရိတ်ဝေါလ်သကြားစက်ရုံမှာ သကြားစျေး တစ်ပိဿာကျပ် ၁,၈၀၀ ထိ ကြံတစ်တန် ၆၄,၀၀၀ အမြင့်ဆုံးသတ်မှတ်ထားခဲ့သဖြင့် သကြားစျေး တစ်ပိဿာကျပ် ၁,၉၀၀ စျေးထိ မြင့်တက်လာချိန်တွင် ကြံစျေးနှုန်း ထပ်မံတိုးမြင့်ပေးခြင်းမရှိသေးကြောင်း တောင်သူများထံက သိရသည်။
▶ ၂၀၂၀-၂၀၂၁ခုနှစ် ကြံရာသီအကုန်တွင် မြန်မာတစ်နိုင်ငံလုံးသကြားတန်ချိန် လေးသိန်းကျော်သာ ထုတ်လုပ်နိုင်သဖြင့် သကြားထုတ်လုပ်နိုင်မှု တန်ချိန် တစ်သိန်းကျော်လျော့ကျခဲ့ပြီး ပြည်တွင်းသကြား စျေးမှာလည်း တစ်ပိဿာကျပ် ၁,၇၀၀ ခန့်ဖြင့်တည်ငြိမ်နေရာမှ လက်ကျန်သကြားအကုန်နှင့် သကြားအသစ်ထွက်ရှိလာချိန်တွင် ပြည်တွင်းသကြားတစ်ပိဿာ ကျပ် ၁,၈၅၀ - ၁,၉၀၀ သို့ စျေးမြင့်တက်လာခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်တွင်းမုန့်လုပ်ငန်းများ ပုံမှန်လည်ပတ်လာသလို နိုင်ငံခြားသို့သကြားပြန်လည်တင်ပို့နိုင်မှုမျာလည်းရှိသဖြင့် ပြည်တွင်းသကြားစျေးမှာ အမြင့်စျေးတွင် တည်ငြိမ်နေခြင်းဖြစ်ကြောင်း သိရသည်။
▶ ကြံတောင်သူများအနေဖြင့်လည်း ကြံစိုက်ပျိုးမှုစရိတ်တိုးမြင့်ကုန်ကျထားခြင်းက တိုးမြင့်ရရှိလာသည့် ကြံစျေးနှုန်းမှာ စရိတ်ကာမိရုံလောက်သာရှိကြောင်း ယခုနှစ်တွင်ကြံစိုက်ခင်းအသစ်စိုက်ပျိုးနိုင်ခြင်း မရှိကြောင်း ကြံတောင်သူတစ်ဦးက ဖြည့်စွက်ပြောကြားထားသည်။
▶ သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)