menu

“ပြည်တွင်းသကြားစျေးပြန်ကျဆင်း”


🔹➖🔹➖🔹➖🔹➖🔹➖🔹

🔹သကြားအသစ်ပြန်ပေါ်တော့မည်ဖြစ်၍ သကြားစျေးအနည်းငယ်ပြန်ကျသွားကြောင်း မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ဒီဇင်ဘာလလယ်တွင် သကြားကြိတ် သည့်ရာသီဖြစ်၍ သကြားအသစ်များပေါ်တော့မည်ဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှတရားဝင်သကြားများ ဝင်ရောက်မူများရှိနေသောကြောင့် သကြားစျေးမှာ ကျဆင်းသွားကြောင်းသိရသည်။ ပြီးခဲ့သည့်အပတ်က သကြားတစ်ပိဿလျှင် ၁,၉၀၀ကျော်အထိ ရောက်ရှိခဲ့ပြီး လက်ရှိတစ်ပိဿာလျှင် ၁,၈၅၀ ပတ်ချာလည် တွင်သာရှိကြောင်းသိရသည်။ ထို့ပြင်ငွေလဲလှယ်နှုန်းဈေးကလည်း ကျဆင်းသွားတဲ့အတွက် ဈေးကပိုကျဆင်းတာလည်း ဖြစ်သည်။

🔹“သကြားအသစ်ကပေါ်တော့မယ်။ ဒီဇင်ဘာလလယ်မှာလည်း ကြိတ်မဲ့ စက်တွေအများကြီး၊ ဇန်နဝါရီ လဆန်းပိုင်းမှာလည်း ကြိတ်မဲ့စက်တွေအများကြီးရှိတယ်။ သကြားအဟောင်းကလည်းလက်ကျန် နည်းနေပြီးဆိုတော့စျေးကကျသွားတယ်။ ထိုင်းနိုင်ငံဘက်ကလည်း သကြားတွေ ဝင်နေတယ်လို့ သိရတယ်။ ထိုင်းသကြားတွေဆို မော်လမြိုင်ဘက်မှာ ၁,၆၀၀ လောက်ပဲရှိတယ်။ ယိုဒယားသကြားတွေ ခိုးဝင်နေလို့ စျေးကျတာ” ဟုမြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိန်ထွန်း ကပြောသည်။ 

🔹ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်ဖြင့်ယှဉ်ပါက အတက်စျေးတွင်ရှိနေခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က သကြားတစ်ပိသာလျှင် ၈၅၀ ကျပ် သာရှိခဲ့ကြောင်း သကြားလုပ်ငန်းရှင်များထံမှသိရသည်။ ကိုဗစ်ရောဂါ များကြောင့် သကြားဖြင့်ပြုလုပ်ရောင်းချနေသည့်ဆိုင်များ ပိတ်ထားရသည့်အတွက် သကြားစျေးကွက် များကျဆင်းနေကြောင်းသိရသည်။ လက်ရှိကြံဝယ်စျေးမှာ ကြံတစ်တန်လျှင်ပျှမ်းမျှ၅သောင်းမှ ၆သောင်း အထိရှိနေပြီး ထိုစျေးမှာတောင်သူများအတွက် တွက်ခြေကိုက်ကြောင်းလည်းသိရသည်။

🔹“ပြီးခဲ့တဲ့နှစ်က စိုက်ထားကြတာဆိုတော့ ဒီစျေးကတောင်သူတွေအတွက် တွက်ခြေကိုက်မှာပါ။ ပြီးခဲ့တဲ့ နှစ်ဓာတ်မြေဩဇာ၊ ဒီဇယ် စတာတွေ စျေးမတက်ခင်ကစိုက်ထားတာဆိုတော့လေ။ လာမဲ့ရာသီဆိုရင် တော့ တမျိုးဖြစ်မှာပေါ့” ဟု အတွင်းရေးမှူး ဦးစိန်ထွန်း ကပြောသည်။ ပြည်တွင်း၌ ကိုဗစ်ရောဂါများ ဖြစ်ပွါးနေသည့်အတွက် စားသုံးမှု ၊သုံးစွဲမှု လျော့နည်းနေခြင်းကြောင့် လက်ရှိအရောင်းအဝယ်ပါး နေကြောင်းသိရသည်။ အဓိက က ကိုဗစ်ကြောင့် တချို့ လက်ဖက်ရည်ဆိုင်များ ၊ ကော်ဖီဆိုင်များ ပြန်လည်မဖွင့်သေးခြင်း၊ ချိုချဥ်လုပ်ငန်း၊ မုန့်ချိုလုပ်ငန်းများလည်း သကြားသုံးစွဲမှု လျော့လာသည့် အတွက် အရောင်းအဝယ်ပါးကြောင်း သကြားလုပ်ငန်းရှင်တစ်ဦးကပြောသည်။

🔹ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ်များက သကြားစျေးကွက်မှာ အရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျော့ချ စိုက်ပျိုးခဲ့ခြင်း များလည်းရှိခဲ့ကြောင်း ကြံစိုက်တောင်သူများထံမှ သိရသည်။ ပြည်တွင်း၌ သကြား တန်ချိန် ၅သိန်း၀န်းကျင်အထိထွက်ရှိကြောင်း တောင်သူများထံမှသိရသည်။

🔹ဈေးကွက်သတင်းများကို တောင်သူများသိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။

Credit to : အက္ခရာ (AMIA)