menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်းမှပြောင်းတန်ချိန်၁သန်းကျော်ကို သုံးလအတွင်းပြည်ပသို့တင်ပို့
🌽🌽🌽🌽🌽🌽🌽🌽🌽🌽
⏩ ပြည်တွင်းမှထွက်ရှိသောပြောင်းများကို ပြည်ပသို့တင်ပို့လျက်ရှိရာ ဈေးကောင်းရနေပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလ မှ ဇွန်လထိ ပထမသုံးလအတွင်းပြောင်းတန်ချိန်(၁)သန်းကျော်ကို ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းများအရ သိရသည်။
⏩ ပြောင်းကို တရုတ်နှင့်ထိုင်းမှ အများဆုံးဝယ်ယူလျက်ရှိပြီး ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတင်ပို့နေခြင်းဖြစ်သည် ဟု ပြောင်းကုန်သည်တစ်ဦးကပြောသည်။ “ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေကတဆင့် တင်ပို့နေသလို ထိုင်းနိုင်ငံကို တင်ပို့ရာမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကလည်းတင်ပို့တယ်။ လက်ရှိမှာ အိန္ဒိယဘက်က မြန်မာ့ပြောင်းကို ဝယ်နေတော့ ဈေးကောင်းရတဲ့အနေအထားမှာရှိတယ်” ဟု ၎င်းကပြောသည်။
⏩ ပြည်တွင်းပြောင်းဈေးများမှာ ပြည်ပဝယ်လိုအားကောင်းသောကြောင့် ဈေးမြင့်တက်လာရာ လက်ရှိတွင်ပြောင်းတစ်ပိဿာလျင် ငွေကျပ် ၁,၄၄၀ - ၁,၄၆၀ ကြားရှိနေပြီး လာမည့်ပြောင်းစိုက်ရာသီတွင် စိုက်ပျိုးသူများပြားလာဖွယ်ရှိကြောင်း ပြောင်းကုန်သည်တချို့က သုံးသပ်ကြသည်။
⏩ “အိန္ဒိယကလည်း သူတို့နိုင်ငံရဲ့ပြောင်းလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မြန်မာပြောင်းကို အကောက် ခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုထားသလို ထိုင်းနိုင်ငံကလည်းဖေဖေါ်ဝါရီလ မှ သြဂုတ်လကုန်ပိုင်းထိ အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားတယ်။ ဒီကာလအတွင်းမှာ Exporter တွေအနေနဲ့ အချိန်မှီပြည်ပတင်ပို့ဖို့ လုံးပမ်းနေကြတယ်” ဟု ဆက်လက်ပြောကြားသည်။
⏩ ပြည်ပသို့ ပြောင်းတင်ပို့မှုစာရင်းများအရ ဧပြီလက ပြောင်းတန်ချိန် ၃၉၀၀၀၀ ကျော်၊ မေလက တန်ချိန် ၃၇၀၀၀၀ ကျော်နှင့် ဇွန်လက တန်ချိန် ၃၉၀၀၀၀ ကျော်တင်ပို့ခဲ့ရာ (၃)လတာကာလအတွင်းစုစုပေါင်း ပြောင်းတန်ချိန် တစ်သန်းကျော်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၆၅ သန်းကျော်ရရှိခဲ့သည်။
⏩ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီမှ ဇွန်လအတွင်း ပြည်ပတင်ပို့သည့် ပို့ကုန်များမှရရှိသော ပို့ကုန်တန်ဖိုးများမှာ ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ၂၄၇၂ . ၁၉၉ သန်းနှင့်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန် ဒေါ်လာ ၁၁၀၂ . ၃၂၁ သန်းရရှိခဲ့ကြောင်းသိရသည်။
⏩ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)