menu

ပြည်တွင်းပြောင်းဈေး မြင့်တက်နေ .....


🌽🌽🌽🌽🌽🌽🌽🌽🌽🌽

➡️ ပြောင်းတင်ပို့မှုလျော့ကျနေသော်လည်း ပြည်တွင်းပြောင်းဈေးကွက်မှာ ပြောင်းဈေးမြင့်တက်နေကြောင်း ပြောင်းကုန်သည်များထံကသိရသည်။

➡️ ပြည်တွင်းပြောင်းတင်ပို့မှုမှာ ဖေဖော်ဝါရီလကတည်းက ထိုင်းနိုင်ငံသို့ ပြန်လည်တင်ပို့နေသော်လည်း လက်ရှိကာလတွင် ထိုင်းနိုင်ငံတွင်ပြောင်းတစ်ကီလို ငွေကျပ် ၂,၀၀၀ ခန့် ပေါက်ဈေးရှိနေသော်လည်း သယ်ပို့စရိတ်မြင့်တက်နေရာ တင်ပို့မှုတွက်ခြေမကိုက်တာကြောင့် လျော့ကျနေခြင်းဖြစ်ကြောင်း ပြောင်းတင်ပို့သူများထံမှသိရသည်။

➡️ "ထိုင်းနိုင်ငံမှာ ပြောင်းပေါက်ဈေးက တစ်ကီလို ငွေကျပ် ၂,၀၀၀ ခန့် ပေါက်ဈေးရှိပါတယ်။ ပြည်တွင်းပေါက်ဈေးက တစ်ပိဿာလျှင် ငွေကျပ် ၁,၇၅၀ ခန့် ပေါက်ဈေးရှိပါတယ်။ လက်ရှိမှာတော့ ပြောင်းဈေးကွက် အရောင်းအဝယ်အေးနေပါတယ်။ ပြောင်းတင်သင်္ဘောတွေ အသွားအလာနည်းနေပါတယ်။ လက်ရှိပြောင်းတင်ပို့မှုက ဈေးကျဆင်းမှုရှိနေတော့ တင်ပို့မှုလျော့ကျနေတာပါ" ဟု ပြောင်းကုန်သည် ကိုတိုးက ပြောသည်။

➡️ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့်ပြောင်းတင်ပို့မှုကို ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက ပြောင်းတင်ပို့လျက်ရှိရာလက်ရှိအချိန်တွင် ပြောင်းတင်ပို့မှုလျော့လျက်ရှိသလို ပြောင်းစိုက်တောင်သူများအနေဖြင့်လည်း ပြောင်းအသစ်ပြန်လည်စိုက်ပျိုးချိန်နီးလာပြီဖြစ်သည်။ အဓိကကတော့ ပြောင်းတင်ပို့မှုမှာ ပြည်တွင်းမှာလည်း တောင်သူများလက်ထဲတွင်ပြောင်းလက်ကျန်မရှိတော့သလို သယ်ယူစရိတ်မြင့်တက်နေတာကြောင့် ပြောင်းဈေးကွက်မှာ ပြည်တွင်းမှပြည်ပသို့တင်ပို့မှု လျော့ကျနေခြင်းဖြစ်သည်။

➡️ မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧကနှစ်သန်းကျော်ရှိပြီး ပြောင်းတန်ချိန် သုံးသန်းခန့်ထွက်ရှိရာ ပြည်တွင်းသုံးစွဲမှုအဖြစ် ပြောင်းတန်ချိန်တစ်သန်းခန့်သုံးပြီး ပိုလျှံပြောင်းများကို ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိရာ ထိုင်းနိုင်ငံသို့အဓိကတင်ပို့ရောင်းချလျက်ရှိသည်။ လက်ရှိအချိန်တွင် ပြည်တွင်းမှပြောင်းများကို ရန်ကုန်သီလဝါဆိပ်ကမ်းမှ ထိုင်းနိုင်ငံရနောင်းဆိပ်ကမ်းသို့ တင်ပို့လျက်ရှိကြောင်းသိရသည်။

➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)