menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်းပြောင်းဈေး ပြန်လည်ကျဆင်း
🌿🌽🌿🌽🌿🌽🌿🌽🌿🌽🌿
⏭ထိုင်းနှင့်တရုတ်တင်ပို့မူ လုံးဝရပ်နားထားရသည့်အတွက် ပြည်တွင်းပြောင်းဈေးပြန်ကျဆင်းသွားကြောင်းသိရသည်။ လက်ရှိ တရုတ်နိုင်ငံမှ ကိုဗစ်ရောဂါ အခြေအနေများကြောင့် နယ်စပ်ဂိတ်များအား ပိတ်ထားခြင်းဖြစ်ပြီး ယခုကာလထိုင်းသို့ပြောင်းတင်ပို့မည်ဆိုပါက အခွန်ပေးသွင်းရမည်ဖြစ်၍ ပြောင်းတင်ပို့မူကို ရပ်နားထားကြခြင်းဖြစ်ကြောင်းသိရသည်။
⏭ယခင်လများက ထိုင်းနိုင်ငံနှင့် ပင်လယ်ရေကြောင်းမှတဆင့်တချို့နိုင်ငံများသို့ အနည်းငယ်တင်သွင်းမူ များရှိနေချိန် ဒေါ်လာဈေးမြင့်တက်ခဲ့ခြင်းကြောင့်ပြောင်းဈေးမှာမြင့်တက်ခဲ့ပြီး ယခုတင်ပို့မှုများ လျော့နည်းနေခြင်းကြောင့် ဈေးအနည်းငယ်ပြန်ကျဆင်းသွားကြောင်းသိရသည်။ ပြီးခဲ့သည့် (၁၅) ရက် ခန့်က ပြောင်းတစ်ပိဿာလျှင် ၈၀၀ ကျော်ခန့်အထိမြင့်တက်ခဲ့ပြီး လက်ရှိတွင် တစ်ပိဿာလျှင် ၆၈၀ မှ ၇၀၀ ကျော်ဝန်းကျင်အထိ ပြန်ဆင်းသွားကြောင်းသိရသည်။
⏭သို့သော် ပြီးခဲ့သည့်နှစ်ကာလတူဖြင့်ယှဉ်ပါက အတက်ဈေးတွင်ရှိကြောင်း၊ ပြည်တွင်းပြောင်း လက်ကျန်နည်းနေသောကြောင့်အတက်ဈေးတွင် ရှိနေရခြင်းဖြစ်ကြောင်း ပြောင်းလုပ်ငန်းရှင်များက သုံးသပ်သည်။ “ ဒေါ်လာ ဈေး တက်သွားတော့ တစ်ပိဿာကို ၈၀၀ အထိ တက်သွားတယ် အခု ၇၀၀ ကျော်က ပြန်ကျသွားတာ။ Border Trade တွေကမရှိဘူး ပိတ်ထားတယ်။ ထိုင်းကတော့ သူရဲ့ကာလ သတ်မှတ်ချက်ကြောင့်ခွင့်ပြုပေးလိုက်ရတယ်။ တရုတ်ကအစကတည်းက တရားဝင်ကုန်စည်မဟုတ်ဘူး သူတို့ပိတ်ချင်တဲ့အချိန်ပိတ်တာ။ အခု ပုံမှန်အမှာရှိတဲ့နိုင်ငံတွေကို ပင်လယ်ရေကြောင်းကနေ သွားတာပေါ့။ ပြောင်းက ရှားသွားပြီဆိုတော့အတက်ဈေးနဲ့ ပြန်ငြိမ်နေတယ်” ဟု မြန်မာနိုင်ငံပြောင်း လုပ်ငန်းအသင်း ဥက္ကဌ ဦးမင်းခိုင်ကပြောသည်။
⏭ပြည်တွင်းပြောင်းလက်ကျန်နည်းနေသော်လည်း အတင်းလိုက်လံဝယ်ယူနေမှုများရှိနေကြောင်း ဈေးကွက်၌သိရသည်။ “အခုလက်ရှိဈေးကွက်မှာရောင်းနေတာ ကြားပြောင်းလို့ခေါ်တယ်။ မိုးပြောင်းလဲ မဟုတ်ဘူး၊ ဆောင်းပြောင်းလဲမဟုတ်ဘူး၊ ရှမ်းတောင်၊မြောက်မှာ နည်းနည်း၊ မကွေး၊နေပြည်တော် ၊ တပ်ကုန်း၊ပျဉ်းမနား ဘက်မှာနည်းနည်းထွက်တဲ့ပြောင်းပါ။ ဈေးကအရင်နှစ်ကစာရင်တော့ အတက်ဈေးမှာပါ။ မိုးပြောင်းကမပေါ်သေးတော့ပြောင်းကရှားနေပြီ ၊ ဒါကြောင့် အတင်းကိုလိုက်လံ ဝယ်ယူနေကြတယ် အထွက်နှုန်းကလဲနည်းနိုင်တယ်။ မြေသြဇာဈေးဆီဈေးတွေနဲ့လာမဲ့ဆောင်းပြောင်း တောင်စိုက်လို့အဆင်မပြေလို့ မစိုက်ကြတဲ့တောင်သူတွေလဲအများကြီးပါ” ဟု ပြောင်းစိုက်တောင်သူ တစ်ဦးပြောသည်။
⏭နောက်လနိုဝင်ဘာလမှစ၍ မိုးပြောင်းပေါ်မည်ဖြစ်ပြီး ဆောင်းပြောင်းအား နိုဝင်ဘာလမှ စတင်စိုက်ပျိုး ကြမည် ဖြစ်ကြောင်းသိရသည်။ သို့သော် မိုးပြောင်းမှာနိုင်ငံရေအခြေအနေများကြောင့် တချို့ဒေသများ တွင် စိုက်ပျိုး၍မရခြင်း၊ စိုက်ပျိုးထားသော်လည်း မပြုစုမပျိုးထောင်နိုင်ခြင်းတို့ကြောင့် စုစုပေါင်း ထုတ်လုပ်မူပမာဏလျော့ထားနိုင်မည်ဖြစ်ပြီး ဆောင်းပြောင်းစိုက်ပျိုးရန် အတွက်လည်း ဒေါ်လာဈေး မြင့်တက်နေခြင်းကြောင့် မြေဩဇာအပါအဝင် သွင်းအားစုဈေးများ မြင့်တက်နေ၍ အစားထိုးသီးနှံများ ပြောင်းလဲစိုက်ပျိုးမှုရှိကာ ပြောင်းအထွက်နှုန်းကျဆင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
⏭ထို့ကြောင့် ပြည်တွင်း၌ပြောင်းမှာ အထွက်နှုန်းနည်းပြီး ပြည်ပနိုင်ငံများမှ ပြောင်းအထွက်နည်းနေပြီး လိုအပ်ချက်များရှိနေဦးမည်ဖြစ်၍ ပြောင်းဈေးကွက်အနေဖြင့် ပိုမိုကောင်းသည့်အလားလာရှိကြောင်း သိရသည်။ ထို့အပြင် ပြည်တွင်း၌ ပြောင်းစေ့တင်မက စွန့်ပစ်ပစ္စည်းပြောင်းဖူးရိုးများကိုပါ အိမ်တိုင်ရာရောက်လာဝယ်ယူခြင်းများလည်း ရှိကြောင်းသိရသည်။ နှစ်စဉ်ပြည်တွင်း၌တစ်နှစ်လျှင် စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန် (၂.၃)သန်း နှင့် (၂.၆)သန်းကြားတွင် ထွက်ရှိလျှက်ရှိပြီး ယခုနှစ်တွင် အထွက်နှုန်းလျော့ကျနေခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ပင်လယ်ရေကြောင်းမှ တဆင့် Normal Trade အနေဖြင့် အိန္ဒိယနှင့်ဗီယက်နမ် ဘက်သို့အနည်းငယ်သာတင်ပို့နေကြောင်းလည်း သိရသည်။
⏭ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : အက္ခရာ ( AMIA)