menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်းပြောင်းဈေးကွက် အခြေအနေ
🌽🌽🌽🌽🌽🌽🌽🌽🌽🌽
✔️ငွေလဲလှယ်နှုန်းအပြင် ပြည်ပတင်ပို့မှုများနေသည့်အတွက် ပြောင်းစျေးကောင်းနေကြောင်း ပြောင်းလုပ်ငန်းရှင်အသိုင်းအဝိုင်းမှသိရသည်။ လက်ရှိကာလ ထိုင်းသို့ပြောင်းတင်ပို့မည်ဆိုပါက အခွန် ပေးသွင်းရမည်ဖြစ်၍ ပြောင်းတင်ပို့မှုကို ရပ်နားထားကြခြင်းဖြစ်ပြီး လက်ရှိ Normal Trade အနေဖြင့် အိန္ဒိယ၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ်ဘက်သို့ တင်ပို့နေကြောင်းသိရသည်။
✔️စျေးအနည်းငယ်မြင့်နေသော်လည်း စျေးကွက်မှာအရမ်းကြီးကောင်းနေခြင်းမဟုတ်ကြောင်း ပုံမှန်ခန့်သာ ရှိကြောင်း ပြောင်းလုပ်ငန်းအသင်းမှဆိုသည်။ “စျေးကောင်းတယ်ဆိုတာ ပြည်ပတင်ပို့မှုရှိလို့ စျေးကောင်းတာပဲရှိတာ။ ပြောင်းက လောလောဆယ် ပြည်ပတင်ပို့မူများနေတယ်။ တင်ပို့မူများနေတာကြောင့် ပြောင်းတွေက စျေးကွက်ကောင်းနေတယ်လို့လဲ ပြောမရဘူး၊ စျေးကွက် မကောင်းဘူးလို့လဲပြောမရဘူး ပုံမှန်အနေအထားမှာရှိတာပေါ့” ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဉက္ကဌ ဦးအေးချမ်းအောင် ကပြောသည်။
✔️လက်ရှိ FOBစျေးနှုန်း ပြောင်းတစ်တန်လျှင်၂၉၀ မှ ၃၀၀ဒေါ်လာကြား ပေါက်စျေးအထိရှိကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဂုဏ်ထူးဆောင်နာယက ဉီးမင်းခိုင် ထံမှ သိရသည်။ Earnings (ဒေါ်လာ၀င်ငွေ) လဲလှယ်နှုန်း နှင့် အပြင်ပေါက်ဈေး ကွာဟချက်များနေသည့်အတွက် ပြောင်း တစ်တန် သတ်မှတ်တန်ဖိုး ၃၀၀ ဒေါ်လာဖြင့်တွက်ပါက အပြင်ရောင်းရ ပြောင်းတစ်တန် တန်ဖိုး ၂၈၅ ဒေါ်လာပဲ ရရှိမည်ဖြစ်၍ ၁၅ ဒေါ်လာခန့် ကွာဟချက်ရှိမည်ဖြစ်ကာ ဒေါ်လာ အပြင်လဲလှယ်ပေါက်ဈေး များလေလေ ပြောင်းဈေးကျလေလေဖြစ်မည်ဖြစ်ကြောင်း ပြောင်းကုန်သည် အသိုင်းအဝိုင်းမှသိရသည်။
✔️လက်ရှိ ဒေသအလိုက်စျေးနှုန်းအပြောင်းအလဲ အတက်အကျများရှိနေကြောင်း ပြောင်းလုပ်ငန်းရှင်များက ဆိုသည်။ “ပြောင်းစျေး ထပ်တက်မယ်အထင်နဲ့ နယ်ဘက်မှာပေါက်ဈေးထက်ပိုပေးပြီး ပြိုင်ဝယ်နေကြတယ်။ ရန်ကုန် နှင့် မန္တလေး မှာ ဈေးအနည်းငယ်ပြန်ကျနေပြီး နယ်ဘက်က မကျပဲ ဈေးပိုပေးပြီးဝယ်နေတယ်” ဟု ပြောင်းကုန်သည်တစ်ဦးကပြောသည်။ ပြည်တွင်း၌ ပြောင်း တစ်ပိဿာလျှင် ယခင်က ၉၂၀ ကျပ် ရှိခဲ့ပြီး လက်ရှိတွင် တစ်ပိဿာလျှင် ၁,၀၆၀ မှ ၁,၁၀၀ ဝန်းကျင်ထိ ပေါက်စျေးရှိနေကြောင်းသိရသည်။
✔️လက်ရှိတွင် မိုးပြောင်းပေါ်ချိန်ဖြစ်ပြီးထပ်မံ၍ ဆောင်းပြောင်းအား နိုဝင်ဘာလမှ စတင်စိုက်ပျိုးကြမည် ဖြစ်ကြောင်းသိရသည်။ သို့သော် မိုးပြောင်းမှာ နိုင်ငံရေးအခြေအနေများကြောင့် တချို့ဒေသများတွင် စိုက်ပျိုး၍မရခြင်း၊ စိုက်ပျိုးထားသော်လည် မပြုစုမပျိုးထောင်နိုင်ခြင်းတို့ကြောင့် စုစုပေါင်းထုတ်လုပ်မူ ပမာဏလျော့ကျခဲ့ပြီး ဆောင်းပြောင်းစိုက်ပျိုးရန်အတွက်လည်း ဒေါ်လာစျေးမြင့်တက်နေခြင်းကြောင့် မြေဩဇာအပါအဝင် သွင်းအားစုစျေးများမြင့်တက်နေ၍ အစားထိုးသီးနှံများ ပြောင်းလဲစိုက်မှုများရှိကာ ပြောင်းအထွက်နှုန်းကျဆင်းနိုင်မည် ဖြစ်ကြောင်းလည်းသိရသည်။
✔️အချို့မှာ ပြည်ပနိုင်ငံများမှ ပြောင်းအထွက်နည်းနေပြီး လိုအပ်ချက်များရှိနေဦးမည်ဖြစ်၍ ပြောင်းစျေးကွက်အနေဖြင့် ပိုမိုကောင်းသည့်အလားအလာရှိကြောင်းသုံးသပ်ကြပြီး တချို့မှာ စျေးကျဆင်းသွားနိုင်ကြောင်းလည်းသုံးသပ်ကြသည်။ နှစ်စဉ် ပြည်တွင်း၌ တစ်နှစ်လျှင်ပြောင်းတန်ချိန် ၂.၃ သန်း နှင့် ၂.၆ သန်း ကြားတွင် ထွက်ရှိလျက်ရှိပြီး ယခုနှစ်တွင် အထွက်နှုန်းလျော့ကျနေခြင်း ဖြစ်ကြောင်းသိရသည်။
✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ (AMIA)