menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်း၌ပြောင်းရှားလာသဖြင့် ပြောင်းစျေးများ ပြန်လည်မြင့်တက်လာ
🍃🌽🍃🌽🍃🌽🍃🌽🍃🌽🍃
✅ငွေလဲလှယ်နှုန်းအပြင် ပြည်တွင်း၌ပြောင်းရှားပါးလာသည့်အတွက် ကျဆင်းနေသည့်ပြောင်းစျေးမှာ ပြန်တက်လာကြောင်း ပြောင်းလုပ်ငန်းရှင်များထံမှသိရသည်။
✅နှစ်စဉ်ဒီလိုကာလများတွင် အရောင်းအဝယ်ကောင်းကာ စျေးကောင်းရရှိသည့်ကာလဖြစ်သော်လည်း မြန်မာနိုင်ငံ၏ငွေကြေးမူဝါဒများ၊ ပို့ကုန်၊ ထုတ်ကုန်မူဝါဒအပြောင်းအလဲကြောင့် ပြောင်းစျေးမှာထိုးကျ ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ငွေစျေး ၁,၈၅၀ မှ ၂,၁၀၀ သို့ ပြောင်းလဲလိုက်သည့်အရှိန်ကြောင့် ယခုမှ အနည်းငယ် ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်းလည်းသိရသည်။
✅“ဖြစ်သင့်ဖြစ်ထိုက်တဲ့စျေး ပြန်ဖြစ်လာတာပေါ့၊ အခု ငွေလဲလှယ်နှုန်းကိစ္စရယ်၊ ပြောင်းရှားပါးလာတာရယ် အဲ့အခြေအနေလေးတွေဖြစ်နေလို့ ပြောင်းစျေးတက်လာတယ်။ လာမယ့်နှစ်မှာလဲ ပြောင်းစိုက်ဧက လျော့မယ်။ ဒါပေမဲ့ဝယ်လိုအားက လျော့သွားမှာမဟုတ်ဘူး။ ပြည်ပကို မြန်မာနိုင်ငံတစ်ခုထဲကပဲ ပြောင်းတင်ပို့မဲ့ နိုင်ငံရှိတာဖြစ်တဲ့အတွက် ဝယ်လိုအားကောင်းလာမယ်။ အခုနှစ် အမှန်တကယ် ဒီ စျေးနှုန်းမကဖြစ်သင့်တယ်။ မူဝါဒအမျိုးမျိုးကြောင့် စျေးထိုးကျသွားတယ်။ အခုမှ ဝယ်လိုအားများလာလို့ နည်းနည်းလေး ပြန်တက်လာတယ်” ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ နာယက ဦးမင်းခိုင်က ပြောသည်။
✅ယခင်က ပြောင်းတစ်ပိဿာလျှင် ၈၀၀ ဝန်းကျန်သာရှိခဲ့ပြီး လက်ရှိ ပြောင်းတစ်ပိဿာလျှင် ရန်ကုန်ဘုရင့်နောင်ပေါက်စျေး (၉၄၀ - ၉၆၀) ကျပ်ရှိပြီး စက်ရုံများ၌ တစ်ပိဿာလျှင် ၉၇၀ ကျပ် ဝန်းကျင်ထိပြန်မြင့်လာကြောင်း သိရသည်။ လက်ရှိတွင် ပြောင်းရှားပါးနေပြီး နောက်လဆန်းပိုင်းမှသာ ပြောင်းအသစ် ထွက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ လာမည့်နှစ် ပြောင်းစိုက်ရာသီတွင်လည်း ပြောင်းစိုက်ဧကလျော့နည်းနိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များကသုံးသပ်သည်။ “မြေသြဇာစျေး၊ ဆီစျေးတွေနဲ့လာမဲ့ဆောင်း ပြောင်းတောင်စိုက်လို့အဆင်မပြေလို့ မစိုက်ကြတော့မဲ့ တောင်သူတွေလဲ အများကြီးပါ” ဟု ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။
✅ပြီးခဲ့သည့်နှစ်များက လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရမည့်ကာလ ကုန်ဆုံးတော့မည်ဖြစ်၍ လုပ်ငန်းရှင်များမှာ အပြိုင်အဆိုင်တင်ပို့ကြသည့်ကာလဖြစ်၍ ဝယ်လိုအားများ ပြီးစျေးကောင်းရသည့်ကာလ ဖြစ်ကြောင်းသိရသည်။ ထိုင်းနိုင်ငံသို့တင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်က တရားဝင်အချက်အလက်များအရ စုစုပေါင်း ၂.၃ သန်းကျော် ၄သန်းနီးပါးအထိ ရှိခဲ့ပြီး လက်ရှိအချိန်တွင် အကြောင်းအမျိုးမျိုးကြောင့်တင်ပို့မှုလျော့ကျနေပြီး ပုံမှန်အခြေအနေသို့ ပြန်မရောက်ရှိသေးကြောင်း သိရသည်။
✅ယခုနှစ် နယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့တင်ပို့နေပြီး ပင်လယ်ရေကြောင်းမှတဆင့် Normal Trade အနေဖြင့် အိန္ဒိယ၊ ဖိလစ်ပိုင် နှင့် ဗီယမ်နမ် ဘက်သို့ အနည်းငယ်သာတင်ပို့နေပြီး လက်ရှိတွင် နယ်စပ်ဂိတ်တစ်ခုသာ တင်ပို့မှုရှိကြောင်းသိရသည်။ နှစ်စဉ် ပြည်တွင်း၌တစ်နှစ်လျှင် စိုက်ပျိုး ထုတ်လုပ်သည့် ပြောင်းတန်ချိန် ၂.၃ သန်း နှင့် ၂.၆ သန်း ကြားတွင် ထွက်ရှိလျှက်ရှိပြီး ယခုနှစ်တွင် အထွက်နှုန်းလျော့ကျနေခြင်းဖြစ်ကြောင်းသိရသည်။
✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ (AMIA)