menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်းပဲများ အိန္ဒိယနိုင်ငံမှဝယ်လိုအား အခြေအနေ
🍃🫘🍃🫘🍃🫘🍃🫘🍃🫘🍃
⏯ပြည်တွင်း ပဲစျေးအတက်စျေးတွင် ငြိမ်ကာအရောင်းဝယ် အေးစက်နေကြောင်း ကုန်သည်များထံမှ သိရသည်။ ပြည်တွင်းပဲများအား အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီးပဲစျေးမှာ အတက်စျေးတွင် ရှိနေသော်လည်းအိန္ဒိယဘက်မှာ လိုအပ်ချက်နည်းနေ၍ အဝယ်နည်းကာ စျေးကွက်အေးစက်နေခြင်း ဖြစ်ကြောင်း သိရသည်။
⏯ထို့အပြင် ပြည်ပမှဝင်ရောက်သည့်နိုင်ငံခြားငွေများကို ၁ ဒေါ်လာ ၁,၈၅၀ ကျပ် နှုန်းဖြင့် တစ်ရက်အတွက်မြန်မာငွေလဲလှယ်ရမည် ဟု ဗဟိုဘဏ်၏ညွှန်ကြား ချက်ကြောင့် Export လုပ်နေသည့် ကုန်သည်များ တင်ပို့သည့်လုပ်ငန်းများ အဟန့်အတားများ ဖြစ်ပေါ်နေသည့်အတွက် စျေးကွက်မှာ ငြိမ်နေခြင်း ဖြစ်ကြောင်းလည်းကုန်သည်များက ဆိုသည်။
⏯“အိန္ဒိယနိုင်ငံဘက်ကဝယ်လိုအား နည်းနေတယ်။ နည်းနေတဲ့အတွက် ပဲက သိပ်မတက်သေးဘူး။ ဟိုဘက်မှာ ရာသီဉတုကောင်းနေတဲ့အတွက် Demand မရှိဘူးဖြစ်နေတယ်။ အရင်က ၁၅သိန်း နဲ့ ၁၄သိန်းခွဲကြားမှာ လည်နေတယ်၊ ဒါပေမဲ့ အရင်က အရောင်းအဝယ်သွက်တယ်။ အခုက အရောင်း အဝယ် အေးတယ်။ အဓိက အိန္ဒိယက မဝယ်တာရယ်၊ ဒေါ်လာစျေးသတ်မှတ်ပေးထားတာရယ်၊ ဟိုဘက်ကလဲမဝယ်သလို ဒီဘက်ကလဲ မရောင်းနိုင်ဘူး” ဟု အောင်လံမှ ပဲကုန်သည် ဦးအောင်မိုး ကပြောသည်။
⏯ယခင် ပြည်တွင်း၌ မတ်ပဲတစ်တန်လျင် ၁၄သိန်းခွဲခန့်ထိရှိကြောင်း၊ ပဲစင်းငုံတစ်တန်လျင် ၁၃သိန်းခွဲ မှ ၁၄သိန်း ပတ်ဝန်းကျင် ပေါက်စျေးရှိကြောင်း တစ်နေရာနှင့်တစ်နေရာ စျေးနှုန်းအပြောင်းအလဲ ရှိနိုင်ကြောင်းသိရသည်။ ယခုစျေးမှာ အတက်စျေးများဖြင့်စျေးငြိမ်နေ၍ အရောင်းအဝယ်အေးနေခြင်း ဖြစ်ကြောင်း သိရသည်။ ပြည်ပသို့ တင်ပို့နေသည့် ပဲမျိုးစုံအား ပို့ကုန်လိုင်စင်လျောက်ထားရန်လိုသည့် ကုန်စည်များအဖြစ် သတ်မှတ်လိုက်ကြောင်း စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးအသင်းမှ ထုတ်ပြန်ထားကြောင်းလည်း သိရသည်။ သို့သော် လက်ရှိ ပြည်တွင်းစားသုံးသည့် ပဲကြီး၊ ပဲတီစိမ်း၊ ကုလားပဲ စသည့် ပဲစျေးများမှာတော့ အရောင်းဝယ်ကောင်းကြောင်း သိရသည်။
⏯“ပြည်တွင်း စားသုံးတဲ့ပဲကတော့ ပုံမှန်လေးအရောင်းအဝယ်ဖြစ်ပါတယ်။ ပြည်တွင်းစားသုံးမှုက အမြဲတမ်းရှိတယ်။ ကုလားပဲ၊ စားတော်ပဲ ၊ ပဲကြီးတွေ က အဓိကရောင်းအားရှိတယ်။ အဓိက အေးနေတာက ပြည်ပတင်ပို့တဲ့ ပဲတွေပေါ့” ဟု သင်္ဃန်းကျွန်းမှ ပဲမျိုးစုံနှင့်ကုန်စိမ်း ရောင်းချနေသည့် ကိုမျိုးသူ ကပြောသည်။ ဇွန်လနောက်ပိုင်း၌ ပြည်တွင်းမတ်ပဲ နှင့် ပဲစင်းငုံ မှာ ပုံမှန်လေးတော့ အရောင်းအဝယ်ဖြစ်လာနိုင်ကြောင်း ကုန်သည်များကသုံးသပ်ကြသည်။
⏯မြန်မာနိုင်ငံမှ ပဲများကို အိန္ဒိယနိုင်ငံသို့ ၇၅ ရာခိုင်နှုန်းထိ တင်ပို့နေပြီး သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနှင့် UAE နိုင်ငံများကိုလည်း ပဲမျိုးစုံတင်ပို့နေကြောင်းသိရသည်။ မတ်ပဲလက်ကျန်မှာ ရှိနေသေး သော်လည်း ပဲစင်းငုံ မှာလက်ကျန်နည်းနေပြီး ဖြစ်ကြောင်းသိရသည်။
⏯သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ (AMIA)