menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်းပဲမျိုးစုံ ဈေးကွက်အခြေအနေ .....
🌿☘️🍀🌿🍀🍀🌿🍀☘️🌿
✔မြန်မာပြည်တွင်း၌ ဒေါ်လာစျေးကျဆင်းသွားခြင်းကြောင့် ပြည်တွင်းပဲစျေးနှုန်းများကျဆင်းသွားကြောင်း ပဲကုန်သည်များထံမှ သိရသည်။ ထိုအပြင် ပြည်တွင်းပဲများအား အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်း ဖြစ်ပြီး လက်ရှိအဆိုပါနိုင်ငံ၌ ပွဲတော် များပြီးသွားခြင်းအပြင် အိန္ဒိယသို့အာဖရိကမှ ပဲများဝင်ရောက်မှု များနေခြင်းတို့ကြောင့် တင်ပို့မှုလျော့ကျနေသည့်အတွက် ပဲစျေးနှုန်းများ ကျဆင်းရခြင်းဖြစ်ကြောင်း သိရသည်။
✔“အိန္ဒိယဘက်က ပဲလိုအပ်ချက်များခဲ့လို့ စျေးတက်လာတာ။ အခုကအိန္ဒိယမှာ ပွဲတော် တော်တော်များ များ ပြီးသွားပြီ။ အာဖရိကဘက်ကလဲ ပဲတွေဝင်တာများပြီး ပြည်တွင်းတင်ပို့မှုမှာ နည်းသွားတော့ ဈေးကျသွားတယ်။ အဓိက ဒေါ်လာစျေးလဲကျတော့ ပဲစျေးတွေကျသွားတယ် ငွေစျေးအကျပေါ်မှာပဲ ၂၀ ကနေ ၃၀ရာခိုင်နှုန်း ကျသွားတယ်” ဟု ပဲကုန်သည်ဦးအောင်မိုးက ပြောသည်။
✔အဓိကအားဖြင့် မတ်ပဲ ၊ ပဲစင်းငုံ နှင့် ပဲတီစိမ်း တို့ဈေးကျဆင်းသွားခြင်းဖြစ်ကြောင်း ကုန်သည်များ ထံမှသိရသည်။ ယခင် မတ်ပဲတစ်တန်လျှင် သိန်း ၂၀ခန့်ရှိရာမှ လက်ရှိတွင် ၁,၃၅၀,၀၀၀ ခန့်အထိ ကျဆင်းခဲ့ခြင်းဖြစ်ပြီးပဲစင်းငုံတစ်တန်လျှင် ယခင် ၁၃သိန်းခန့် ရှိရာမှ ယခု (၁၀-၁၁)သိန်း ခန့်သာ ပေါက်စျေးရှိတော့ကြောင်းသိရသည်။ ၎င်းအပြင်ယခင်က ပဲတီစိမ်း ပိဿာ ၂၀လျှင် ၄၈,၀၀၀ ဝန်းကျင် ရှိ ခဲ့ပြီး လက်ရှိတွင် ၄၀,၀၀၀ ဝန်းကျင်သာ ရှိကြောင်းသိရသည်။ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ ကို ပြီးခဲ့သည့် နှစ်များက အရောင်းအဝယ်မရှိခဲ့ခြင်းကြောင့် လျော့ချစိုက်ပျိုးခဲ့၍ လက်ရှိစျေးကွက်တွင် ပစ္စည်း လက်ကျန်နည်းနေပြီဖြစ်ကြောင်း တောင်သူများထံမှသိရသည်။
✔“အရောင်းအဝယ်က ပြည်တွင်းမှာအရောင်းအဝယ်ပါးသွားပြီး ပစ္စည်းလဲမရှိသလောက်ရှားသွားပြီး ပဲစင်းငုံ ဆို မရှိသလောက်ပဲ တစ်လပိုင်းမှပြန်ပေါ်မယ်။ မတ်ပဲကတော့ ရှိတော့ရှိတယ်။ အရမ်းကြီးမရှိတော့ဘူး။ ပြီးခဲ့တဲ့နှစ်ကထွက်အားနည်းတယ်။ အခုနှစ်တော့စိုက်အားများတယ် ထွက်နှုန်းများမယ်” ဟု ပဲစိုက်တောင်သူတစ်ဦးကပြောသည်။ လက်ရှိ အရောင်းအဝယ်အနေဖြင့် ပုံမှန်အချိန်၏ သုံးပုံတစ်ပုံ ခန့်သာ ဝယ်ရောင်းရှိနေသေးကြောင်းသိရပြီး ကုန်သည်များအနေဖြင့် လက်ရှိအခြေအနေများကြောင့် အွန်လိုင်းပေါ်မှတဆင့် ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြင့်လည်း အရောင်းအဝယ် ပြုလုပ်နေကြကြောင်း သိရသည်။
✔Export အနေဖြင့် စျေးဖွင့်ထားသော်လည်း ပြည်ပနိုင်ငံများမှ ပွဲတော်ချိန်ရှိမှ လိုအပ်၍လာရောက်ဝယ်ယူ ခြင်းသာရှိ၍ ဝယ်လိုအားနည်းနေကြောင်းသိရသည်။ သို့သော်ပြည်တွင်းသုံးစွဲနေသည့်ပဲကြီး၊ စားတော်ပဲ၊ ကုလားပဲ စသည့်ပဲများ စျေးနှုန်းကျဆင်းခြင်း မရှိကြောင်းသိရသည်။ နောက်ပိုင်း၌ ပြည်တွင်း မတ်ပဲ နှင့် ပဲစင်းငုံမှာ အိန္ဒိယနိုင်ငံမှ လိုအပ်ချက်တွေရှိနေသ၍ အရောင်းအဝယ်ဖြစ်နေမည်ဖြစ်ပြီး ငွေစျေးမှာမာနေ ခြင်းကြောင့် ပဲစျေးမှာအရမ်းကြီးကျဆင်းသွားတာမျိုးဖြစ်နိုင်မည်မဟုတ်ကြောင်း သုံးသပ်ကြသည်။
✔မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယအပါအဝင် တရုတ်၊ သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနဲ့ UAE နိုင်ငံတွေကို ပဲမျိုးစုံတင်ပို့နေပြီး ၇၅ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသို့ တင်ပို့နေကြောင်းသိရသည်။ ပဲစင်းငုံကို မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြပြီးဆောင်းသီးနှံများအနေဖြင့် တစ်နှစ်တစ်ကြိမ်သာ စိုက်ပျိုးရခြင်းဖြစ်ကြောင်းသိရသည်။
✔ပဲမျိုးစုံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : Market News (AMIA)