menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"ပြည်တွင်းပဲစင်းငုံဈေး စံချိန်တင်ဈေးဖြစ်လာပြီး ဆက်လက်မြင့်တက်နိုင်"
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
✅ အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်မြင့်မားတာကြောင့် ပြည်တွင်းပဲစင်းငုံဈေးမှာ စံချိန်တင်ပေါက်ဈေးဖြစ်လာပြီး ဆက်လက်မြင့်တက်နိုင်ကြောင်း ပဲကုန်သည်များကသုံးသပ်သည်။ ဒီဇင်ဘာလဆန်းပိုင်းကတည်းက တဖြည်းဖြည်းမြင့်တက်လာသည့် ပဲစင်းငုံဈေးမှာ လက်ရှိ ဇန်နဝါရီ (၂၂) ရက်တွင် မန္တလေးကုန်စည်ဒိုင်၌ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀ အထိ စံချိန်တင်ပေါက်ဈေးဖြစ် လာသည်။
✅ အိန္ဒိယပဲကုန်သည်များ၏ ပဲစင်းငုံဝယ်လိုအားကောင်းတာကြောင့် ပဲစင်းငုံထွက်ရှိရာဒေသများအထိ လိုက်လံဝယ်ယူမှုများနှင့်အတူ ရှမ်းပြည်နယ်ထွက် ပဲစင်းငုံများအထိ ဝယ်လိုအားကောင်းနေခြင်းဖြစ်သည်။
✅ အိန္ဒိယနိုင်ငံမှ ပါကစ္စတန်နိုင်ငံအပါအဝင် အာဖရိကနိုင်ငံများတွင် သွားရောက်စိုက်ပျိုးသည့် ပဲ စင်းငုံအထွက်နှုန်းကျဆင်းမှုနှင့်အတူ သယ်ယူစရိတ်မြင့်မားလာတာကြောင့် အိမ်ချင်းမြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲစင်းငုံကို ရသလောက်ဝယ်ယူမည့် အခြေအနေရှိကြောင်း ကုန်သည်များကသုံးသပ်ထားသည်။
✅ ပဲစင်းငုံလှိုင်လှိုင်မပေါ်မီကတည်းက ကြိုရောင်းကြိုဝယ်စနစ်ဖြင့် တစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀ ဝန်းကျင်ဖြင့် ရောင်းချထားသည့် ပဲအိတ်အရေအတွက်များပြားခဲ့ကြောင်း လက်ရှိစံချိန် တင်ပေါက်ဈေးအရ တစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀ အထိ ပေါက်ဈေးရှိလာရာ ကြိုရောင်းသမားအနေဖြင့် ပစ္စည်းအပ်ရန်အခက်ခဲရှိလာနိုင်ပြီး ဆုံးရှုံးမှုများနိုင်ကြောင်း ပဲကုန်သည်များထံက သိရသည်။
✅ "ဇန်နဝါရီ ၂၂ ရက်တွင် မန္တလေးကုန်စည်ဒိုင်၌ ပဲစင်းငုံ ငွေကျပ် ၃၅၀,၀၀၀ ဈေးဖြင့် စံချိန်တင်ပေါက်ဈေးဖြစ်လာပါတယ်။ အိန္ဒိယ၏ ဝယ်လက်များနယ်စုံအထိ ဆင်းဝယ်ယူမှုတွေရှိနေပါတယ်။ ယခင်က ကြိုရောင်းကြိုဝယ်ဖြင့် တစ်အိတ်လျှင် ၃၀၀,၀၀၀ ဝန်းကျင်ပေါက်ဈေးနဲ့ အိတ်ရေထောင်ချီပြီး ရောင်းချထားတာအခုလို စံချိန်တင်ဈေးမြင့်လာတော့ကြိုရောင်းသမားတွေ ဒုက္ခရောက်နိုင်ပါတယ်။ လက်ရှိမှာတော့ဒေသစုံမှ ပဲစင်းငုံအသစ်တွေဝင်ရောက်နေပါတယ်။ နယ်ဈေးကွက်အထိ ဆင်းပြီး ဝယ်ယူနေတာကြောင့် ဒီဈေးကကျဆင်းမှုမရှိနိုင်တော့သလို ဆက်လက်မြင့်တက်ဖို့ပဲရှိပါတယ်"ဟု ရွှေစင်သိန်းပွဲရုံပိုင်ရှင်ဦးကျော်သွင်က ပြောသည်။
✅ မန္တလေးကုန်စည်ဒိုင်က ဇန်နဝါရီ(၁)ရက်တွင် ပဲစင်းငုံ ပိဿာ(၆၀)တစ်အိတ်လျှင် ငွေကျပ် ၃၀၅,၀၀၀ သာ ပေါက်ဈေးရှိခဲ့ရာ ဇန်နဝါရီ (၂၂) ရက်တွင် စံချိန်တင်ပေါက်ဈေး ငွေကျပ် ၃၅၀,၀၀၀ အထိပေါက်ဈေးဖြစ်လာပြီး ယင်းပေါက်ဈေးထက် ဆက်လက်မြင့်တက်နိုင်ကြောင်း ပဲကုန်သည်များ က သုံးသပ်ထားသည်။
✅ ၂၀၂၂-၂၀၂၃ ပဲသစ်ရာသီတွင် ပဲစင်းငုံဝယ်လိုအားမှာ အကောင်းကြီးမဟုတ်ခဲ့သော်လည်း ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပဲဈေးကောင်းရရှိခဲ့သလို လက်ရှိ ၂၀၂၄ ခုနှစ် ပဲသစ်ရာသီတွင် တောင်သူများအနေဖြင့် စံချိန်တင်ပေါက်ဈေးရရှိလာခြင်းဖြစ်သည်။
✅ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)