menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်းပဲခွဲစက်များဝယ်ယူလာခြင်းကြောင့် ကုလားပဲ ဈေးနှုန်းမြင့်တက်၊ အခြားပဲမျိုးစုံအရောင်းအဝယ်အေး
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿🍃
🌿
မန္တလေးပဲမျိုးစုံဈေးကွက်တွင် ကုလားပဲမှာ ပြည်တွင်းရှိ ပဲခွဲစက်များက အရေအတွက်များများ ဝယ်ယူနေသဖြင့် ဈေးအနည်းငယ် မြင့်တက်လာသော်လည်း အခြားပဲမျိုးစုံမှာ ပြည်ပဝယ်ယူမှုမရှိသဖြင့် အရောင်းအဝယ်အေးနေကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းက သိရသည်။
🌿 ကုလားပဲ
ကုလားပဲ(ထိုင်ဝမ်)များမှာ ပြည်ပတင်ပို့မှုရှိနေသဖြင့် ကုန်သည်များက ပမာဏအနည်းငယ်ထုတ်မရောင်းသဖြင့် ပဲခွဲစက်များက ဝယ်ယူရန်အဆင်မပြေသဖြင့် ပြည်ပတင်ပို့မှုမရှိသော ကုလားပဲ(ဗွီတူး)ကို အဓိကဝယ်ယူလာသည်။ ထို့ကြောင့် ပဲခွဲစက်များက ဝယ်ယူနေသော ကုလားပဲ (ဗွီတူး) သုံးတင်းဝင်တစ်အိတ်လျှင် ယခင်ပေါက်ဈေး ကျပ် ၇၈၀၀၀ မှ ယခုအခါ ကျပ် ၈၀၀၀၀ သို့ မြင့်တက်လာသည်။ “ပြည်တွင်းစားသောက်ကုန် လုပ်ငန်းတွေအတွက် အခုရက်ပိုင်း ပဲခွဲစက်တွေက ပိုဝယ်လာကြတယ်။ အဲဒါကြောင့် ဈေးကတက်လာတာ၊ နည်းနည်းတော့ ဆက်တက်မယ့်အခြေအနေရှိတယ်” ဟု ကုလားပဲကုန်သည်ဦးတင်အောင်က ပြောသည်။ စက်တင်ဘာ ၁၁ ရက်တွင် ကုလားပဲ (ထိုင်ဝမ်) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ မှ ကျပ် ၇၅၅၀၀ ကြား၊ ကုလားပဲ (ဗွီတူး) တစ်အိတ်လျှင် ကျပ် ၈၀၀၀၀၊ ကုလားပဲ (နိုင်းတူးနိုင်း) တစ်အိတ်လျှင် ကျပ် ၇၆၅၀၀ မှ ကျပ် ၇၇၀၀၀ ကြား၊ ကုလားပဲ(ဗွီဆဲဗင်း) တစ်အိတ်လျှင် ကျပ် ၇၈၅၀၀ မှ ကျပ် ၇၉၀၀၀ ကြား ပေါက်ဈေးရှိသည်။
🌿 ပဲစင်းငုံ
ရန်ကုန်ဝယ်လက်များက ပဲစင်းငုံကို ဝယ်ယူနေကြ၍ အရောင်းအဝယ်ဖြစ်နေသော်လည်း ဈေးနှုန်းအတက်၊ အကျ မရှိဘဲငြိမ်နေသည်။ စက်တင်ဘာ ၁၁ ရက်က ပဲစင်းငုံ(နီ)သစ် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ရှိသည်။
🌿 မတ်ပဲ
ပြည်ပတင်ပို့မှုမရှိသည့်အပြင် ပြည်တွင်းဝယ်ယူမှုမှာလည်း နည်းပါးနေခြင်းကြောင့် အရောင်းအဝယ်အေးကာ ဈေးနှုန်းအနည်းငယ်ကျဆင်းလာသည်။ စက်တင်ဘာ ၄ ရက်တွင် မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၅၀၀၀ ရှိခဲ့ရာမှ စက်တင်ဘာ ၁၁ ရက်တွင် ကျပ် ၉၃၀၀၀ သို့ ကျဆင်းလာသည်။ ယခုအနေအထားအရ အနည်းငယ် ဆက်လက်ကျဆင်းနိုင်ခြေရှိကြောင်း ကုန်သည်များက သုံးသပ်သည်။
🌿 ပဲတီစိမ်း
တရုတ်နိုင်ငံက ပုံမှန်ဝယ်ယူနေပြီး ဈေးကွက်အတွင်း ပစ္စည်းအလုံ အလောက်ရှိနေသဖြင့် ဝယ်လိုအားနှင့် ရောင်းလိုအားမျှနေကာ ဈေးနှုန်းအတက်၊ အကျမရှိဘဲ ငြိမ်နေသည်။ စက်တင်ဘာ ၁၁ရက်တွင် ပဲတီစိမ်း (ရွှေဝါ) သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၁၈၀၀၀ မှ ကျပ် ၁၁၉၀၀၀ ကြား၊ ပဲတီစိမ်း(လုံးကြီး)တစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀ မှ ကျပ် ၁၁၅၀၀၀ ကြား ပေါက်ဈေး ရှိသည်။
🌿 နှမ်း
မကွေးတိုင်းဒေသကြီးနှင့် အခြား တိုင်းနှင့်ပြည်နယ်တို့ကအသစ်ထွက်ရှိလာခြင်းနှင့် အဓိကဝယ်ယူနေသော တရုတ်နိုင်ငံကလည်း အဝယ်နည်းနေသဖြင့် စမုန်နှမ်းနက်ဈေးနှုန်းမှာ အကျဘက်သို့ ဦးတည်လျက်ရှိသည်။ စက်တင်ဘာ ၄ ရက်တွင် စမုန်နှမ်းနက် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၈၀၀၀၀ မှ ကျပ် ၁၈၅၀၀၀ ကြားရှိရာမှ စက်တင်ဘာ ၁၁ ရက်တွင် ကျပ် ၁၈၀၀၀၀ ထက် ဈေးပိုပေးဝယ်မည့်သူ မရှိဖြစ်နေကြောင်း သိရသည်။ ယခုအနေအထားအရ တရုတ်ဝယ်လိုအားပေါ်တွင် ဈေးနှုန်းအတက်၊ အကျမှာ မူတည်လျက်ရှိသည်။ စက်တင်ဘာ ၁၁ ရက်တွင် အခြားနှမ်းပေါက်ဈေးများမှာ နှမ်းဖြူ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀ မှ ကျပ် ၁၁၆၀၀၀ ကြား၊ နှမ်းညို တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ မှ ၉၂၀၀၀ ကြား၊ ပန်းနှမ်းတစ်အိတ်လျှင် ကျပ် ၈၀၀၀၀ ရှိသည်။
မျိုးသန့်
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ (၁၄)ရက်။