menu

ပြည်တွင်းစားအုန်းဆီဈေး ဆက်လက်ကျဆင်း


🌴🌴🌴🌴🌴🌴🌴🌴🌴🌴

🔳စားအုန်ဆီသီးနှံထွက်သည့်အချိန်ဖြစ်သည့်အတွက် ပြည်တွင်းစားအုန်းဆီဈေးနှုန်းများ ပြန်လည်ကျဆင်းသွားကြောင်း ဆီဈေးကွက် နှင့် ဆီလုပ်ငန်းရှင်များထံမှ သိရှိရသည်။

🔳မြန်မာပြည်မှ အဓိကဝယ်ယူမှုလုပ်နေသော မလေးရှားနိုင်ငံတွင် ကြိုပွိုင့်ဝယ်ယူမှုတွေကြောင့် စားအုန်းဆီဈေးတွေတက်နေပေမယ့် ပြည်တွင်းမှာတော့ သီးနှံထွက်ချိန်ဖြစ်တဲ့အတွက် ဈေးနှုန်းတွေ ကျဆင်းနေတယ်လို့ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးဆန်းလင်းက ပြောသည်။“စားအုန်းဆီဈေးတွေ ပြန်ကျသွားတယ်။ တစ်ပိဿကို ၃,၀၀၀ ပတ်ဝန်းကျင်ပဲ ရှိတော့တယ်။ အခုကာလ ကစားအုံးဆီသီးနှံထွက်တဲ့အချိန်ဖြစ်တဲ့အတွက် ဈေးတွေပြန်ကျသွားတဲ့ သဘောပါ” ဟု ဦးဆန်းလင်း ကထပ်မံပြောသည်။

🔳ကိုဗစ်ကာလအတွင်း မလေးရှားနိုင်ငံတွင် စားအုန်းဆီ ထုတ်လုပ်ဖြန့်ဖြူမှုတွေ ရပ်ဆိုင်းထားခဲ့ရတဲ့ အတွက်ကြောင့် ဈေးတွေမြင့်တက်လာသလို ပြည်တွင်းငွေလဲလှယ်နှုန်းဈေးတွေ မြင့်တက်နေခြင်း ကြောင့်လည်း စားအုန်းဆီဈေးက ဧပြီလအထိ ဆက်တိုက်ဈေးမြင့်တက်နေခဲ့ပါတယ်။ ယခင်က တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၁၂၀ မှ ၁,၁၄၀ ပေါက်ဈေးထိမြင့်တက်ခဲ့သည့် ပြည်ပစားအုံဆီ ဈေးနှုန်းမှာလည်း လက်ရှိတွင် အမေရိကန်ဒေါ်လာ ၁,၀၄၀ အထိ ကျဆင်းသွားကြောင်းလည်း သိရသည်။

🔳“ပြည်တွင်းစားအုန်းဆီဈေးကွက်အခြေအနေက ပြည်ပစားအုန်းဆီဈေးနှုန်း နှုန်းထား ပြောင်းလဲမူ အပေါ် လိုက်ပြီးပြောင်းလဲတာဆိုတော့အဓိက ပြည်ပဈေးကျသွားလို့ ပြည်တွင်းဈေးက ကျသွားတဲ့သဘောပါ။ လက်ရှိအရောင်းဝယ်ကတော့ ပုံမှန်လောက်ပါပဲ” ဟု ဆီဆိုင်ပိုင်ရှင် ကိုမျိုးလင်း ကပြောသည်။ လက်ရှိမှာ တော့ ပြည်တွင်းပေါက်ဈေးက ၃,၀၀၀ သာရှိပြီး တစ်ပိဿာကို ၈၀၀ နီးပါး ဈေးကျဆင်းသွားပါတယ်။ ယင်းကဲ့သို့ ဈေးနှုန်းများကျဆင်းလာခြင်းကြောင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းပြန်လည်အရောင်း အဝယ်ဖြစ်လာကြောင်း စားသုံးဆီဆိုင်များမှသိရသည်။

🔳ပြီးခဲ့သည့်နှစ်ကာလတူနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခုနှစ်စားအုန်းဆီဈေးမှာ အောက်သို့ကျဆင်း နေကြောင်းလည်း ဆီကုန်သည်များမှ သုံးသပ်ကြသည်။ လက်ရှိ ကမ္ဘာနှင့် အဝှမ်း Covid -19 သက်ရောက်နေသည့်ကာလအတွင်း ပြည်တွင်း၌စားသုံးဆီဖူလုံစေရေး ၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများထံဖြန့်ဖြူးပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် နေကြောင်းလည်း သိရသည်။

🔳ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမူ တစ်နှစ်လျှင်တန်ချိန် ၁၀သိန်းကျော်အထိရှိပြီး ပြည်တွင်း၌ ထုတ်လုပ်နိုင်မှုမှာ တန်ချိန် ၄သိန်းခန့်သာရှိကြောင်းသိရသည်။ ထို့ကြောင့် နှစ်စဉ် တန်ချိန် ၆သိန်း မှ ၇သိန်းကြားအား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိကထား၍ တင်သွင်းနေရကြောင်း သိရသည်။ ပြီးခဲ့တဲ့ မေလအတွင်းမှာ စားအုန်းဆီအရံဆီတွေကို လေလံတင် ထုတ်ရောင်းခဲ့ပေမယ့် ဝယ်ယူမည့်သူမရှိတဲ့အတွက် ဒုတိယအကြိမ် ထုတ်ရောင်းသွားရန်ရှိကြောင်းလည်း သိရသည်။

Source : AMIA