menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်းစားအုန်းဆီစျေးများ ပြန်လည်ကျဆင်းလာ …..
🎋🎋🎋🎋🎋🎋🎋🎋🎋🎋
🔸စားအုန်းဆီစျေးများ မြင့်တက်မူမရှိစေရန်အသင်းမှ တိုင်းဒေသကြီးများလိုက်လံရောင်းချ ပေးနေသောကြောင့် စားအုန်းဆီစျေးများ ပြန်လည်ကျဆင်းလာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့်လများက ဒေါ်လာစျေးမြင့်တက်နေခြင်းကြောင့် စားအုန်းဆီစျေးများ ဆက်တိုက်ဆိုသလိုမြင့်လာခဲ့ ကြောင်း သိရသည်။
🔸ထို့ကြောင့် စားသုံးသူများ အဆင်ပြေစေရန် ဗဟိုဘဏ်ရည်ညွှန်းစျေးဖြင့်အမေရိကန်ဒေါ်လာ၁၀သန်းကို ဆီကုမ္ပဏီများကိုရောင်းချပေးထားပြီး ထိုသို့တင်သွင်းလာသော ဆီစျေးနှုန်းနှင့် ရောင်းချရမည့် တန်ချိန်ကို စားသုံးဆီများအသင်းမှ သတ်မှတ်ပေးကာရောင်းချပေးနေကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းမှ သိရသည်။
🔸ကုမ္ပဏီများမှ အမြင့်ဆုံးရောင်းစျေးတစ်ပိဿာလျှင် ၄,၂၇၅.၈၄ကျပ် ထက် ပိုသောစျေးနှုန်းများဖြင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ ကုမ္ပဏီများမှတဆင့် စားသုံးသူများထံ ဦးရာလူစနစ်ဖြင့် တိုက်ရိုက်ရောင်းချပေးနေခြင်းကြောင့် စျေးများပြန်ကျဆင်းခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
🔸ထို့အပြင် လက်ရှိအသင်းအနေဖြင့်စားသုံးသူပြည်သူများစျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းတွင် ဆီတစ်ပိသာလျင်(၄,၃၅၀ကျပ်)နှုန်းဖြင့် လိုက်လံရောင်းချပေးနေကြောင်းသိရသည်။ လက်ရှိရာသီဥတုကြောင့် ခဲသည့်ဆီနှင့် မခဲသည့်ဆီ ဟူ၍ နှစ်မျိုး ခွဲရောင်းချမှုများရှိနေကြောင်း ဆီစျေးကွက်မှသိရသည်။ ပြီးခဲ့သည့်လများက စားအုန်းဆီ တစ်ပိသာလျှင် ၅,၀၀၀ ဝန်းကျင် မှ ၅,၅၀၀ ကျပ်အထိဖြစ်ခဲ့ပြီး လက်ရှိစျေးကွက်တွင် စားအုန်းဆီတစ်ပိသာလျှင် ၄,၄၄၀ မှ (၄,၅၀၀ - ၅၀၀၀) အထိ ပေါက်စျေးရှိကြောင်း နေရာဒေသအလိုက် စျေးအနည်းငယ်ကွာနိုင်ကြောင်းသိရသည်။
🔸“အခုလက်ရှိ တစ်ပိဿာကို ၄,၅၀၀ နဲ့ ရောင်းပါတယ် ။ စျေးတွေကအချိန်နဲ့အမျှပြောင်းနေတယ်။ စျေးကွက်ကတော့ ပုံမှန်ပဲရောင်းနေရပါတယ်။ အဝယ်ကတော့ပုံမှန်စျေးသည်တွေကတော့ အမြဲရှိပါတယ် အရင်လတွေနဲ့ယှဉ်ရင် စျေးကျသွားတယ်ပြောလို့ရတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ဆီလက်လီလက်ကား အရောင်းဆိုင်မှ ပိုင်ရှင်ကပြောသည်။
🔸သို့သော် စားအုန်းဆီကို အဓိကတင်သွင်းနေသည့် ပြည်ပနိုင်ငံများတွင်လည်း ရာသီဥတုဖောက်ပြန်သည့် အခြေအနေများနှင့် Covid ၏ အကျိုးသက်ရောက်မူကြောင့် ထုတ်လုပ်မှုလျော့နည်းလာခြင်း၊ ဒေါ်လာစျေး မြင့်တက်နေခြင်းကြောင့် အများကြီးကျဆင်းနိုင်မည်မဟုတ်ကြောင်း၊ ပြီးခဲ့သည့်နှစ်များနှင့် ယှဉ်ပါက အတက်စျေးတွင်ရှိကြောင်းကုန်သည်များထံမှသိရသည်။ “ စားအုန်းဆီစျေးတွေ လျှော့ရောင်း တယ်ပြောတာ ကျွန်မတို့ဘက်လာရောင်းတာ မတွေ့သေးပါဘူး။ သူတို့နီးစပ်ရာကိုရောင်းကြမှာပေါ့။ အရင်ထက်တော့ စျေးကကျသွားတယ် ၄,၈၀၀ နဲ့ အခုဝယ်နေရပါတယ်” ဟု ရွေပြည်သာမြို့နယ်မှ စားသုံးသူ မပိုးအိကပြောသည်။
🔸လက်ရှိတွင် ပြည်တွင်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန် နှင့် စျေးနှုန်းထိန်းချုပ်နိုင်ရန် တနင်္သာရီတိုင်း ဒေသကြီး၏ ဆီအုန်းစိုက်ဧက လေးသိန်းကို အပြည့်အဝ ဆီသီးခိုင်ထွက်ရှိနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ ယင်းအပြင် အခြေအနေပေးသည့် နေရာဒေသများတွင်လည်း တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းများကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးကပြောထားသည်။
🔸ဆီအုန်းကို မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် အများဆုံးစိုက်ပျိုး ကြကြောင်းသိရသည်။ ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန်၁၀သိန်းကျော်အထိ ရှိ သောကြောင့် နှစ်စဥ်တန်ချိန် ၆သိန်းမှ ၇သိန်းကြားအား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိကထား၍ တင်သွင်းနေရကြောင်းသိရသည်။
🔸သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန်တင်ပြအပ်ပါသည်။
Credit to : AMIA Market News