menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်းစားသုံးမှုများသည့် ဆန်အမျိုးအစားများ ဈေးနှုန်းမြင့်တက်လာ
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
▶️ပြည်တွင်းစားသုံးမှု များပြားသည့် ဆန်အမျိုးအစားများ နှင့် စပါးဈေးများ မြင့်တက်လာကြောင်း လက်လီလက်ကား ရောင်းချသူများထံက သိရသည်။
▶️တောင်သူများလက်ဝယ်တွင် စပါးလက်ကျန်နည်းပါးပြီး စပါးလှောင်လက်များထံ၌ စပါးလက်ကျန် ရှိနေခြင်းဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည်ဟု ရွှေဘိုနယ်မှ ဆန်ကုန်သည်တစ်ဦးက သုံးသပ်သည်။
▶️“စပါးက တောင်သူတွေဆီမှာ မရှိသလောက်ပဲ။ လှောင်လက်တွေဆီကစပါးကို ဆန်စက်တွေက ဝယ်ရတော့ ဈေးတက်လာပါတယ်။ စပါးဈေးလည်း ခုရက်ပိုင်းမှာကို တော်တော်တက်သွားတယ်။ တောင်သူအချို့ စပါးမစိုက်ဘဲ ပဲစိုက်ကြသူတွေ များလာလို့ နောက်နှစ်နွေစပါးအထွက်နှုန်းကလည်း နည်းသွားနိုင်တယ်”ဟု ၎င်းက ပြောသည်။
▶️ပြည်တွင်းဆန်ဈေးကွက်တွင် ရက်ပိုင်းအတွင်း ဈေးနှုန်းများမြင့်တက်လာပြီး ပြီးခဲ့သည့် ရက်သတ္တတစ် ပတ်ကထက် ဆန်အမျိုးအစားအလိုက်တစ်အိတ်လျှင် ကျပ် ၃,၀၀၀ - ၄,၀၀၀ ဝန်းကျင်မြင့်တက်လာ ကြောင်း နှင့် တောင်သူအချို့ အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးမှု ပိုမိုများလာပါက စပါးအထွက်နှုန်း ကျဆင်းနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆန်ကုန်စည်ဒိုင်အဖွဲ့ဝင်တစ်ဦးက သုံးသပ်ထားသည်။
▶️“ပြည်တွင်းစားတဲ့ဆန်ဈေးတက်လာတာက Export အဝယ် (နိုင်ငံခြားတင်ပို့မှု)နဲ့ မဆိုင်ဘူး။ Export (နိုင်ငံခြားတင်ပိုတဲ့) ဆန်အမျိုးအစားက ပြည်တွင်းစားသုံးမှုမရှိသလောက်ပဲ။ ဈေးတက်လာတယ်ဆိုတာ ဝယ်လိုအားနဲ့ထုတ်လုပ်မှု မမျှတတဲ့ အနေအထားဖြစ်လာလို့ပါ။ နွေစပါးပေါ်လာရင်တော့ ဆန်ဈေး ငြိမ်လာနိုင်မှာပါ” ဟု ၎င်းက ပြောသည်။
▶️ဖေဖေါ်ဝါရီ(၂၂)ရက်က ဆန်ဈေးနှုန်းများမှာ (၂၄) ပြည် တစ်တင်းခွဲ တစ်အိတ်လျှင် ဧရာမင်းဆန် အဟောင်း ၅၅,၀၀၀ ကျပ် ၊ အသစ် ၄၅,၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး အဟောင်း ၇၀,၀၀၀ ကျပ်၊ အသစ် ၅၈,၀၀၀ ကျပ်၊ လုံးသွယ်မွှေး အသစ် ၄၅,၀၀၀ ကျပ် အသီးသီးဖြင့် ဈေးရှိကြောင်း သိရသည်။
▶️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Myanmar)