menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"ပြည်တွင်းစားသုံးမူ နှင့် Export ပုံမှန်ရှိနေသည့် သကြားဈေးကွက် အခြေအနေ"
🎋🎋🎋🎋🎋🎋🎋🎋🎋🎋
✅နှစ်စဉ်မိုးတွင်းကာလ သကြားဈေးကွက်အေးသည့်ရာသီဖြစ်သော်လည်း လက်ရှိ သကြားဈေးကွက် ကောင်းနေကြောင်း ကုန်သည်များထံမှသိရသည်။ ဒီဇင်ဘာလလယ်မှသာ သကြားကြိတ်သည့် ရာသီ ဖြစ်၍ လက်ရှိ သကြားလက်ကျန်မှာနည်းနေပြီး ပြည်ပ Export ပုံမှန်သွားနေရခြင်းကြောင့် ပြည်တွင်းသကြားဈေးကွက်တွင်ဈေးမှာ အမြင့်ဈေးတွင်ရှိပြီး ပုံမှန်လည်ပတ်နေကြောင်း သိရသည်။
✅“သကြားဈေးနည်းနည်းတက်တယ် ။ မိုးတွင်းတော့ ပုံမှန် အေးလေ့ရှိတယ် ဒါပေမဲ့ ဒီနှစ်အရောင်းအဝယ် ကတော့ ပုံမှန်ရှိတယ် အကောင်းကြီးလဲမဟုတ်ဘူး အဆိုးကြီးလဲမဟုတ်ဘူး၊ ထုတ်လုပ်မှု နှင့် သုံးစွဲမှုက ပုံမှန်လေးပဲရှိတယ်။ သီတင်းကျွတ်ပြီးနောက်ပိုင်း ပိုသုံးစွဲလာရင်တော့ ဈေးကွက်ပိုကောင်းလာမယ်။ လက်ရှိ Export ထွက်ခွင့်ရပြီး ၆၅ ရာခိုင်နှုန်း၊ ၃၅ရာခိုင်နှုန်း လဲခွင့်ရသွားတာဆိုတော့ Export သမားလဲ ဝယ်ပျော်သွားတယ်” ဟု မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိန်ထွန်း က ပြောသည်။
✅ပြီးခဲ့သည့်နှစ်များက သကြားဈေး တစ်ပိဿာလျှင် အများဆုံး ၉၀၀ ခန့်သာရှိခဲ့ပြီး လက်ရှိ သကြား တစ်ပိဿာလျှင် ၂,၃၅၀ ဝန်းကျင်ခန့်အထိ ရရှိနေကြောင်းသိရသည်။ လက်ရှိသကြားအား ဗီယမ်နမ်နိုင်ငံ တစ်နိုင်ငံတည်းသာ တင်ပို့လျှက်ရှိပြီး လက်ရှိ အချိန်အထိ တန်ချိန် တစ်သိန်းကျော်ထိ တင်ပို့ထားပြီး ဖြစ်ကြောင်းသိရသည်။ ပြည်တွင်း သကြားကို ဗီယမ်နမ်နိုင်ငံသို့ ပြီးခဲ့သည့်နှစ်ကမှ စတင်တင်ပို့ခဲ့ခြင်း ဖြစ်ပြီး အဆိုပါနှစ်က သကြားတန်ချိန် တစ်သိန်းခုနှစ်သောင်းခန့် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။
✅“တရုတ်ဘက်ကို တင်ပို့မှုမရှိပါဘူး၊ ဗီယမ်နမ်ဘက်ကို သွားရတာတော့ အခုလက်ရှိ တော်တော် အဆင်ပြေနေတယ်။ ငွေဈေးနဲ့ အဓိက သူတို့ဘက်က ဝယ်တယ် မဝယ်ဘူး ဆိုပဲမူတည်တယ်၊ ငွေဈေးကောင်းရင် Export ပို့တဲ့သူလဲအဆင်ပြေတယ်” ဟု ဦးစိန်ထွန်းက ဆက်လက်ပြောသည်။
✅တစ်နှစ်လျှင် ပျမ်းမျှသကြားတန်ချိန် လေးသိန်းခန့်ထွက်ရှိပြီး လက်ရှိ သကြားလက်ကျန်အိတ် အရေ အတွက် ခုနှစ်သိန်းခန့် ကျန်မည်ဖြစ်ကြောင်း သိရသည်။ ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ်များက သကြားဈေးကွက်မှာ အရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျှော့ချစိုက်ပျိုးခဲ့ခြင်းများလည်းရှိခဲ့ကာ ယခုနှစ် တွင် ဈေးကောင်းရနေသည့်အတွက် သကြားတိုးချဲ့စိုက်ပျိုးလျှက်ရှိကြောင်း ကြံစိုက်တောင်သူများထံမှ သိရသည်။
✅ထို့ကြောင့် ယခုနှစ်တွင် သကြားဈေးကောင်းပြီး ဈေးကွက်အဆင်ပြေသည့်အတွက် ပြီးခဲ့သည့်နှစ်ထက် ၁၅ ရာခိုင်နှုန်းခန့် ကြံတိုးချဲ့စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။ ယခုနှစ် ကြံကြိတ်ရာသီတွင် ကြံဝယ်ဈေး မှာ ကြံတစ်တန်လျှင် ပျှမ်းမျှ ၈သောင်းအထိ ပေါက်ဈေးရှိခဲ့ပြီး လာမည့်ကြံကြိတ်ရာသီတွင် စက်ရုံရောက် ဈေး တစ်တန်လျှင် ၉သောင်းခန့် ပေးဝယ်မည်ဖြစ်ကြောင်း သိရသည်။ “လာမဲ့ ဒီဇင်ဘာ၊ ဇန်နဝါရီမှာ ကြံကြိတ်တဲ့ အချိန်ကိုပေးမဲ့ဈေးကို ၉သောင်းဆိုတော့ တောင်သူတွေအတွက် တွက်ခြေကိုက်သွားတယ်။ တွက်ခြေကိုက်တယ်ဆိုပေမဲ့ နည်းနည်းလေးခိုင်မာသွားတာတဲ့ သဘောပေါ့။ မြေဩဇာဈေး၊ ဒီဇယ် ဈေးကအစ ဈေးတက်တယ်ဆိုတော့ တွက်ကြည့်ရမယ်ဆိုရင် မဆိုဘူးပဲပြောရမှာပေါ့” ဟု သကြားစိုက်တောင်သူတစ်ဦးက ပြောသည်။
✅ပြည်တွင်းရှိ သကြားစက်ရုံကြီးတချို့မှ သကြားရောင်းချမူကို ထိန်းပြီးရောင်းချလာသည့်အတွက် သကြားဈေးမှာ တဖြည်းဖြည်းမြင့်တက်လာခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ချို့ သုံးသပ်ကြသည်။ လက်ရှိ သကြားဈေးကွက်အနေအထားအရ လာမည့်ရာသီတွင်လည်း စားသုံးသူ နှင့် တောင်သူများ အားလုံးအဆင်ပြေလာနိုင်မည့် ဈေးကွက်တခု ဖြစ်လာနိုင်ကြောင်း သုံးသပ်ကြသည်။
✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)