menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"ပြည်တွင်းသုံး ကုလားပဲအုပ်စု၊ နှမ်းနှင့် မြေပဲများ ဈေးကောင်းရရှိ ဝယ်လိုအားကောင်းနေ"
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✔️ ပို့ကုန်ပဲများ ဈေးတည်ငြိမ်နေသော်လည်း ပြည်တွင်းသုံး ကုလားပဲအုပ်စု၊ နှမ်းနှင့် မြေပဲများ ဈေး ကောင်းရရှိဝယ်လိုအားကောင်းနေကြောင်း ပဲကုန်သည်များထံကသိရသည်။
✔️ မန္တလေးမြို့ ပဲ၊နှမ်းဈေးကွက်တွင် မြေပဲဆံ နှင့် နှမ်းမျိုးစုံ ဈေးကွက်မှာ ဈေးကောင်းရရှိနေကြောင်း၊ ပြည်တွင်းမြေပဲဆီသုံးစွဲမှုမြင့်တက်လာတာကြောင့် ဆီထွက်သီးနှံများ ဝယ်လိုအားကောင်းနေကြောင်း၊ ပြည်တွင်းသုံးကုလားပဲနှင့် ကျွန်းစားတော်ပဲများဈေးအမြင့်ရရှိနေကြောင်း၊ ပို့ကုန်ပဲများမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ်သုံးသိန်းအောက်တွင်သာ အရောင်းအဝယ်ဖြစ်နေကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
✔️ "ပြည်တွင်းသုံး ကုလားပဲ နဲ့ နှမ်းတွေကတော့ ဈေးကောင်းရလာပါတယ်။ ပို့ကုန်ပဲတွေကတော့ဈေးငြိမ်နေတယ်။ ပြည်တွင်းသုံး ကုလားပဲတွေကတော့ ပို့ကုန်သွားတာမဟုတ်သော်လည်း လှောင်လက်သမားများ ဝယ်လိုအားကြောင့် ဈေးမြင့်တက်နေတာပါ။ ဧပြီတစ်လလုံး အရောင်းအဝယ်မကောင်းသော်လည်း မေလဆန်းပိုင်းကစပြီး ကုန်စည်ဒိုင်မှာ အရောင်းအဝယ်အားလုံး ပြန်ကောင်းနေပါပြီ။ လက်ရှိတွင် ပြည်တွင်းမှာ လက်ရှိပေါက်ဈေးများထက် ကျဆင်းစရာရှိသလို ပို့ကုန်ပဲ၊ ပြည်တွင်းသုံးပဲတွေ ဈေးငြိမ်နေနိုင်ပါတယ်" ဟု ၎င်းကပြောသည်။
✔️ မေ ၂၅ ရက်တွင် ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၇၁,၀၀၀ - ၂၇၂,၀၀၀၊ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၈၁,၀၀၀ -၂၈၂,၀၀၀၊ ပဲတီစိမ်း(အညာ) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၈၃,၀၀၀ ပေါက်ဈေးရှိနေပြီး ပုံမှန်သာအရောင်းအဝယ် ဖြစ်နေသည်။ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ပြည်ပတင်ပို့မှုမရှိသော်လည်း လက်ရှိအချိန်တွင် ဝယ်လိုအားကောင်းနေသောကြောင့် V2 သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၆၀,၀၀၀၊ V7 သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၆၃,၀၀၀၊ ထိုင်ဝမ်ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၄၅,၀၀၀၊ ၉၂၉ ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၃၅,၀၀၀ ပေါက်ဈေးရှိနေသည်။
✔️ ပြည်တွင်းသုံးပဲမာလိုင်းများတွင် ကျွန်းစားတော်ပဲနှင့် ပဲနီပြာတို့မှာ အမြင့်ဈေးတွင်ရှိနေရာ မေ ၂၅ ရက်တွင် ပဲလွန်းပြာတစ်အိတ်လျှင် ငွေကျပ် ၁၉၅,၀၀၀၊ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀ - ၂၈၅၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၁၅,၀၀၀ - ၃၂၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၁၅,၀၀၀၊ ပဲနီပြာ(ကျွန်း)တစ်အိတ်လျှင် ငွေကျပ် ၄၁၀,၀၀၀ - ၄၁၅,၀၀၀၊ စားတော်ပဲ(ကနေဒါ)တစ်အိတ်လျှင် ငွေကျပ် ၃၆၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၄၈၀,၀၀၀ - ၅၀၀,၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။
✔️ ဆီထွက်သီးနှံများကို ပြည်တွင်း၊ ပြည်ပဝယ်လိုအားကောင်းနေရာ လက်ရှိအချိန်တွင် ဈေး အနည်းငယ် ပြန်လည်ကျဆင်းမှုရှိသော်လည်း နှမ်းနက် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၇၈၀,၀၀၀၊ နှမ်းဖြူ(ဂျပန်)သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၄၁၅,၀၀၀၊ နှမ်းဖြူ(ဗမာ)သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၆၅,၀၀၀၊ နှမ်းညို သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၄၅,၀၀၀၊ မြေပဲအနီလုံးဆံ တစ်ပိဿာ လျှင် ငွေကျပ် ၉,၉၀၀ - ၁၀,၁၀၀၊ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၇,၅၀၀၊ ပဲဖတ်တစ်ပိဿာလျှင် ငွေကျပ် ၄,၉၀၀ - ၄,၉၅၀ အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။
✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)