menu

ပြည်တွင်းသုံး ပဲမျိုးစုံ နှင့် နှမ်းဈေးကွက် အခြေအနေ


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

↗️ ပြည်တွင်းရှိပဲများ လက်ကျန်နည်းလာတာကြောင့် အိန္ဒိယကုန်သည်များ ဝယ်လိုအားမြင့်တက် လာကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။

↗️ ပြည်တွင်းပဲမျိုးစုံအထွက်နှုန်း ၃၀ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ရာ ပို့ကုန်ပဲများအပါအဝင် ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံး အမြင့်ဈေးဖြင့်ရောင်းချခဲ့ရာ လက်ရှိအချိန်တွင် ပြည်တွင်းလက်ကျန်ပဲသစ်များ ပစ္စည်းပြတ်လပ်ချိန်စောနိုင်သဖြင့် ပို့ကုန်ပဲသမားများ ဝယ်လိုအားကောင်းနေတာကြောင့် မတ်ပဲနှင့် ပဲစင်းငုံမှာ ဆက်လက်ဈေးမြင့်တက်နေကြောင်း တရုတ်လိုင်းတင်ပို့သည့် နှမ်း၊ မြေပဲများမှာ တရုတ်နယ်စပ် အခွန်ဆိုင်ရာကိစ္စရပ်များ မရှင်းလင်းသေးတာကြောင့် အရောင်းအဝယ်အေးနေကြောင်း၊ ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်းသုံး ကုလားပဲများနှင့် ပဲမာလိုင်းများလည်း လိုက်ပါဈေးမြင့်တက်လာကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

↗️ “ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံ ဆက်လက်ဈေးမြင့်တက်နေပါတယ်။ အိန္ဒိယပဲကုန်သည်များ၏ အဝယ်သွက်လာတာကြောင့် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၀,၀၀၀ ခန့် ဈေးမြင့်တက်လာ ပါတယ်။ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၂၃၈,၀၀၀ - ၂၄၀,၀၀၀၊ မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၁၂,၀၀၀ - ၂၁၃,၀၀၀ ပေါက်ဈေး ဖြစ်လာပါတယ်။ ပြည်တွင်း ပဲအထွက်နှုန်းနည်းပါးခြင်း၊ အိန္ဒိယကုန်သည်များ၏ ပဲလိုအပ်ချက်များပြားခြင်း၊ လက်ရှိအချိန်တွင် ပို့ကုန်ပဲများ သင်္ဘောတင်ကာလဖြစ်တာကြောင့် ယခုလို ဈေးဆက်တိုက် မြင့်နေခြင်းဖြစ်ပါတယ်။ တရုတ်လိုင်းတင်ပို့နေသည့် ပဲများမှာ သီတင်းပတ် သုံးပတ်ခန့်အထိ ဆက်တိုက်ဈေးအေးနေပါတယ်။ ပို့ကုန်ပဲများ ဈေးမြင့်တက်တာနဲ့ ပြည်တွင်းသုံး ကုလားပဲများလည်း လိုက်ပါဈေးမြင့်တက်လာရာ ကုလားပဲ V2 သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၂၀,၀၀၀ ပေါက်ဈေးထိ မြင့်တက်လာပါတယ်။ ပြည်တွင်းသုံးကုလားပဲများမှာလည်း လက်ကျန် နည်းပါးလာတာကြောင့် ရောင်းသူဈေးကွက်ဖြစ်နေပြီး ဈေးကွက်အတွင်း ပစ္စည်းစောစော ပြတ်လပ်မယ့်သဘောရှိပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းများ ဈေးမြင့်တက်မှုမရှိသော်လည်း အရောင်း အဝယ်ခပ်သွက်သွက်ရှိနေပါတယ်။ နှမ်းမျိုးစုံဈေးကွက်မှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် သုံးသိန်း အောက်ကျဆင်းနေပေမယ့် မြေပဲနီလုံးဆံမှာ တစ်ပိဿာ ငွေကျပ် ၇,၅၀၀ - ၇,၈၀၀ ပေါက်ဈေးရှိနေ ပါတယ်။ ပဲသစ်ရာသီ စပေါ်ချိန်ကတည်းက အခုချိန်အထိ အမြင့်ဈေးတန်းဖြင့် တောင်သူများရောင်း ချခဲ့ရသော်လည်း အခြားသွင်းအားစု မျိုး၊ မြေဩဇာ၊ လုပ်သားဈေးနှင့် စက်သုံးဆီဈေးများ ကြီးမြင့်တာ ကြောင့် တောင်သူများ အကျိုးအမြတ်နည်းပါးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။ 

↗️ မေ(၁၁)ရက်တွင် ဆက်တိုက်ဈေးမြင့်တက်နေသည့် ပို့ကုန်မတ်ပဲ ၆၀ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၂၁၁,၀၀၀ - ၂၁၂,၀၀၀၊ ပဲစင်းငုံ ၆၀ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၃၈,၀၀၀ - ၂၄၀,၀၀၀၊ ပဲတီစိမ်း ရွှေဝါ ၅၆.၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၂၂,၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်လျှင် ငွေကျပ် ၁၀,၀၀၀ ကျော် ဆက်လက်ဈေးမြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ပေါက်ဈေးများအရသိရသည်။

↗️ ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်းသုံးကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများ ဈေးမြင့်တက်လာရာ မေ(၁၁) ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင်ငွေကျပ် ၂၂၁,၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀၊ ပဲထောပတ်တစ်အိတ် ငွေကျပ် ၂၅၀,၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ်၂၈၀,၀၀၀၊ မြေပဲအနီ လုံးဆံတစ်ပိဿာ ငွေကျပ် ၇,၈၀၀ - ၇,၉၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)