menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ပြည်တွင်းသုံး ပဲမျိုးစုံဈေးကွက် အခြေအနေ”
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
➡️ပဲမျိုးစုံဈေးကွက်တွင် ပြည်တွင်းသုံး ကုလားပဲများ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ပို့ကုန်ပဲများမှာ ဈေးငြိမ်နေကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။
➡️ပြည်တွင်းသုံးကုလားပဲအုပ်စု နှင့် ပဲတီစိမ်းဈေးကွက်မှာ ပုံမှန် အရောင်းအဝယ်ကောင်းနေပြီး ပြည်တွင်းမြေပဲဆံဈေးကွက်မှာ နိုင်ငံခြားတင်ပို့မှု ကန့်သတ်ချက်ကြောင့် ရက်ပိုင်းအတွင်း ဈေးကျဆင်းသွားရာမှာ ပုံမှန်ဈေးသို့ပြန်လည်မြင့်တက်လာကြောင်း နှင့် အခြားပဲမာလိုင်းများမှာ ဈေးအနည်းငယ်ကျဆင်းနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
➡️"ပြည်တွင်းစားအုန်းဆီလက်ကျန်နည်းပါးလာတော့ ဈေးကွက်အတွင်းမှာ စားဆီဈေးမြင့်တက်လာပါတယ်။ စားဆီဈေးနဲ့အတူ တင်ပို့မှုကန့်သတ်လိုက်လို့ တစ်ပိဿာကို (ကျပ်) ၄၀၀ လောက် ဈေးကျဆင်းသွားရာနေ ဒီရက်ပိုင်း အရင်အမြင့်ဈေး တစ်ပိဿာ ၄,၀၀၀ ဝန်းကျင်ကို ပြန်ဖြစ်လာ ပါတယ်။ ပို့ကုန်ပဲတွေမှာ ပဲတီစိမ်းကတော့ အရောင်းအဝယ်သွက်နေပါတယ်။ ပြည်တွင်းသုံး ကုလားပဲတွေမှာ ဗွီးဆဲဗင်းကတော့ တစ်အိတ် ၁၄၅,၀၀၀ ထိ ဈေးမြင့်တက်လာပါတယ်။ ပဲမာလိုင်းအားလုံး ဈေးငြိမ်နေပါတယ်" ဟု ၎င်းက ပြောသည်။
ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း
--------------------
ပို့ကုန်ပဲများတွင် ပဲတီစိမ်းဈေးကွက်မှာ အရောင်းအဝယ်သွက်နေပြီ မတ်ပဲ၊ ပဲစင်းငုံဈေးမှာ အနည်းငယ် ကျဆင်းနေသည်။ ပဲတီစိမ်းမှာ တရုတ်ဘက်မှအဝယ်လိုက်လာသဖြင့် အညာပဲတီစိမ်းများပါ လိုက်ပါ ဈေးကောင်းလာခြင်းဖြစ်သည်။ မေ (၁၂) ရက်တွင် မတ်ပဲ (၆၀ ပိဿာ) သုံးတင်းဝင် တစ်အိတ် ကျပ် ၁၃၇,၀၀၀၊ ပဲစင်းငုံတစ်အိတ်ကျပ် ၁၂၇,၀၀၀၊ ပဲတီစိမ်းရွှေဝါ ၅၄ - တစ်အိတ်ကျပ် ၁၅၄,၀၀၀၊ လမ်းပဲတီစိမ်း တစ်အိတ်ကျပ် ၁၄၆,၀၀၀ ပေါက်ဈေးရှိနေသည်။
မြေပဲ
----
မြေပဲဆံကို ပြည်ပတင်ပို့မှု ကန့်သတ်ချက်များရှိလာသဖြင့် ဈေးကွက်အတွင်း ရက်အနည်းငယ် ဈေးကျဆင်းသွားသော်လည်း ပြည်တွင်းရှိ စားအုန်းဆီ လက်ကျန်နည်းပါးလာသဖြင့် မြေပဲဆီ ဈေးမြင့်တက်လာကာ မြေပဲဆံဈေးမှာလည်း ယခင် အမြင့်ဈေးကို ပြန်လည်ရောက်ရှိလာသည်။ မေ(၁၂)ရက်တွင် လုံးဆံတစ်ပိဿာ ကျပ် ၃,၈၀၀ ပေါက်ဈေးဖြစ်လာသည်။ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ကုလားပဲဗွီးတူး သုံးတင်းဝင်တစ်အိတ် ကျပ် ၁၄၀,၀၀၀၊ ပဲယင်းတစ်အိတ် ကျပ် ၂၀၀,၀၀၀၊ ပဲကြီးတစ်အိတ်ကျပ် ၁၉၀,၀၀၀၊ ပဲထောပတ်တစ်အိတ် ကျပ် ၁၃၀,၀၀၀၊ စွန်တာပြာ တစ်အိတ်ကျပ် ၁၃၀,၀၀၀၊ မြေထောက်ပဲ တစ်အိတ် ကျပ် ၁၆၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၂၆၀,၀၀၀ ပေါက်ဈေး အသီးသီးရှိကြောင်း သိရသည်။
Sources : ရွှေမန်း (The Farmer Media)