menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ပြည်တွင်းသုံးကုလားပဲများနှင့် ပဲမာလိုင်းများ ယခင်နှစ်ကာလတူပေါက်ဈေးထက် နှစ်ဆကျော်ဖြစ်လာ”
🍀☘️🌱☘️🍀🌱🍀☘️🌱☘️🍀
🔸ပြည်တွင်းသုံးကုလားပဲများ နှင့် ပဲမာလိုင်းများဈေးမြင့်တက်လာရာ ယခင်နှစ်ကာလတူ ပေါက်ဈေးထက် နှစ်ဆကျော် ဈေးဖြစ်လာတာကြောင်းနှင့် ကုန်သည်များအတွက် အရင်းအနှီးပမာဏလိုအပ်ချက် ကြီးမြင့်လာကြောင်း ပဲကုန်သည်များထံက သိရသည်။
🔸ယခုသီတင်းပတ်တွင် ပို့ကုန်ပဲများ ဈေးငြိမ်နေသော်လည်း ပြည်တွင်းသုံး ကုလားပဲများနှင့် ပဲမာလိုင်းများမှာ ရန်ကုန် အဝယ်နှင့် လှောင်သမား အဝယ်များ သဖြင့် မတ်လ (၁၀) ရက်နေ့တွင် ပဲအမျိုးအစားလိုက် သုံးတင်းဝင်တစ်အိတ် ကျပ် ၅,၀၀၀ မှ ကျပ် ၂၀,၀၀၀ အသီးသီး ဈေးမြင့်တက်လာသည်။ ယခုနှစ်တွင် ပဲမျိုးစုံ ပေါက်ဈေးမှာ ယခင်နှစ်ထက် နှစ်ဆ ကျော် မြင့်တက်နေခြင်း ။ ကျွန်းစားတော်ပဲများတွင် သုံးဆခန့်အထိ ဈေးမြင့်တက်လာခြင်းကြောင့် ပွဲစားကုန်သည်များအတွက် ငွေအရင်းအနှီးကြီးလာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
🔸“ပို့ကုန်ပဲတွေအပြင် ပြည်တွင်းသုံးကုလားပဲအုပ်စုပဲတွေ ထူးထူးခြားခြား ဈေးမြင့်တက်လာတယ်။ ဗွီးတူးကုလားပဲတစ်အိတ် ကျပ် ၁၃၂,၀၀၀-၁၃၃,၀၀၀ ၊ထိုင်ဝမ်ကုလားပဲတွေလည်း တစ်အိတ် ကျပ် ၁၂၆,၀၀၀- ၁၂၇,၀၀၀ ပေါက်ဈေးဖြစ်လာတယ်။ လက်ရှိမှာ ရန်ကုန်ဝယ်လက် ၊လှောင်လက်တွေ အဝယ်များနေတယ်။ ပဲမာလိုင်းမှာ ပဲနီကြား တစ်အိတ် ၁၆၀,၀၀၀-၁၇၀,၀၀၀ ပေါက်ဈေးဖြစ်လာတယ်။ ပဲကြီး တစ်အိတ် ၁၉၀,၀၀၀- ၂၀၀,၀၀၀ ထိ ဈေးမြင့်တက်လာတယ်" ဟု ဦးကျော်သွင်က ပြောသည်။
🔸ပဲစင်းငုံ၊ မတ်ပဲ နှင့် ပဲတီစိမ်း🔸
ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲဈေးက ယခင်သီတင်းပတ်ထက် ဈေးမြင့်တက်လာသော်လည်း ပဲစင်းငုံမှာ ဈေးအနည်းသာဈေးမြင့်တက်လာသည်။ မတ်လဆန်းပိုင်းတွင် သိသိသာဈေးမြင့်တက်လာခြင်းဖြစ်ပြီး နိုင်ငံခြားငွေဈေးနှုန်း အပြောင်းအလဲကို ကုန်သည်များ စောင့်ကြည့်နေခြင်းကြောင့် အရောင်းအဝယ် ပုံမှန်သာရှိသဖြင့် မတ်လ (၁၀)ရက်နေ့တွင် မတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် အရည်အသွေးအလိုက် ကျပ် ၁၃၅,၀၀၀၊ ပဲစင်းငုံမှာ ပိဿာ ၆၀ ဝင် တစ်အိတ်လျှင် ကျပ် ၁၃၃,၀၀၀ ပေါက်ဈေးထိ မြင့်တက်လာသည်။ ပဲတီစိမ်းရွှေဝါ ရန်ကုန်ဈေးကွက်မှာကျဆင်းနေရာမှ ဈေးမြင့်တက်လာရာ တစ်အိတ် ၁၄၁,၀၀၀ ပေါက်ဈေးရှိလာသည်။
🔸မြေပဲ🔸
ပြည်တွင်း စားအုန်းဆီဈေး စံချိန်တင်မြင့်တက်လာခြင်းနှင့်အတူ မြေပဲဆံ ဈေးကွက်မှာ တရုတ်ဝယ်လက် နှင့် ပြည်တွင်း ဆီစက်ပိုင်များ အဝယ်ဆုံနေသဖြင့် မတ်လ (၁၀) ရက်နေ့တွင် မြေပဲဆံ အမျိုးအစားအလိုက် တစ်ပိဿာ အနိမ့်ဆုံး ကျပ် ၃,၆၅၀ မှ အမြင့်ဆုံး ကျပ် ၄,၀၀၀ ပေါက်ဈေးရှိနေသည်။
🔸ပြည်တွင်းသုံး ပဲမာလိုင်းများမှာ စွန်တာပြာ တစ်အိတ် ကျပ် ၁၃၀,၀၀၀ ၊ ပဲဇီးကွက် တစ်အိတ်ကျပ် ၁၃၀,၀၀၀၊ နိုင်လွန်ပဲ-ပုဂံပဲ တစ်အိတ် ကျပ် ၁၆၂,၀၀၀၊ ဘိုကိတ်ပဲ တစ်အိတ် ကျပ် ၁၆၅,၀၀၀၊ ပဲထောပတ် ရှယ်သစ် တစ်အိတ် ကျပ် ၁၆၀,၀၀၀၊ မြေထောက်ပဲ တစ်အိတ်ကျပ် ၁၆၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၂၇၀,၀၀၀-၂၉၀,၀၀၀၊ ပြည်တွင်းသုံး ကုလားပဲဗွီးတူး ၅၇.၂၅ ပိဿာ တစ်အိတ် ကျပ် ၁၃၃,၀၀၀ ပေါက်ဈေးရှိလာသည်။
🔸သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)