menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်းဝယ်လိုအားကြောင့် ကုလားပဲဈေးနှုန်း မြင့်တက်လာပြီး အခြားပဲမျိုးစုံ အရောင်းအဝယ်အေးနေ
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿
☑️မန္တလေး ပဲမျိုးစုံဈေးကွက်အတွင်း၌ ကုလားပဲဈေးနှုန်းကလွဲ၍ အခြားပဲမျိုးစုံ အရောင်းအဝယ်အေး နေကြောင်း မန္တလေး ပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းက သိရသည်။
☑️ကုလားပဲ☑️
စိုက်ပျိုးရာဒေသများက မန္တလေးဈေးကွက်အတွင်းသို့ အဝင်နည်းပါးနေသော်လည်း ပြည်တွင်းပဲခွဲစက် များက စားသုံးကုန်လုပ်ငန်း အသုံးပြုရန် ကုလားပဲအခြမ်းများကို ရောင်းချပေးရမည်ဖြစ်သဖြင့် ဝယ်ယူလိုနေကြသည်။ သို့သော်လည်း ဈေးကွက်အတွင်း ပစ္စည်းနည်းပါးနေသဖြင့်ဈေးနှုန်းအနည်းငယ် မြင့်တက်လာသည်။ သုံးတင်းဝင်တစ်အိတ်လျှင် ကုလားပဲ (ထိုင်ဝမ်) ကျပ် ၆၉,၀၀၀ - ၇၀,၀၀၀ မှ ကျပ်၇၁,၀၀၀ - ၇၂,၀၀၀ ကြားသို့ မြင့်တက်လာသည်။ လက်ရှိဈေးကွက်အတွင်း ဝယ်လိုအားရှိနေဆဲဖြစ် သဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်နိုင်ခြေရှိသည်။
☑️ပဲတီစိမ်း☑️
တရုတ်နိုင်ငံက ဝယ်ယူနေဆဲဖြစ်သော်လည်း ပြည်တွင်းပုဂ္ဂလိကဘဏ်တော်တော်များများ ပိတ်ထား သဖြင့် အစိုးရ ဘဏ်များကို အားကိုးနေရကာ ငွေကြေး ထုတ်ယူရာတွင် အကန့်အသတ်များရှိနေ ခြင်းတို့ကြောင့် ရောင်းဝယ်ပြုလုပ်မှုကို စောင့်ကြည့်နေကြသည်။ သို့သော် ဈေးကွက်အတွင်း ဈေးနှုန်း ကျဆင်းခြင်းမရှိဘဲ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၄,၀၀၀ မှ ၁၂၅,၀၀၀ ကြားရှိသည်။
☑️ပဲစင်းငုံ☑️
ရန်ကုန်ဝယ်လက်များနှင့် လှောင်လက်သမားများ ဝယ်ယူမှုဆုံသဖြင့် တစ်အိတ်လျှင်ကျပ်ထောင်ဂဏန်း ဝန်းကျင်ခန့်ဈေးနှုန်းမြင့်တက်လာသည်။ ယခင်က ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၁,၀၀၀ ရှိရာမှ ယခုရက်ပိုင်းတွင် ကျပ် ၇၄,၀၀၀ သို့ မြင့်တက်လာသည်။ ဝယ်လက်ဆုံသဖြင့် ဈေးနှုန်းမြင့်တက် ခြင်းဖြစ်ပြီး ယခုအနေအထားအရ ဈေးနှုန်းဆက်တက် နိုင်ခြေနည်းပါးကြောင်း ကုန်သည်များကသုံးသပ်သည်။
☑️မတ်ပဲ☑️
ဈေးကွက်အတွင်း ဝယ်လိုအား သိသိသာသာ မရှိသော်လည်း ကုန်သည်များနှင့်စိုက်ပျိုးတောင်သူများက ဈေးနှုန်းလျှော့ချရောင်းချလိုခြင်းမရှိဘဲ ကိုင်ထားကြသဖြင့်ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ မှ ၈၁,၀၀၀ ဝန်းကျင်ဖြင့် ငြိမ်နေသည်။
☑️နှမ်း☑️
ပြည်တွင်းငွေကြေးစီးဆင်းမှု နည်းပါး နေသော်လည်း တရုတ်ဝယ်လက်များကဝယ်ယူမှုရပ်တန့်ခြင်း မရှိသဖြင့် အရောင်းအဝယ်ကျနေသော်လည်း ဈေးနှုန်းကျဆင်းခြင်း မရှိပေ။ သုံးတင်းဝင်တစ်အိတ်လျှင် နှမ်းဖြူ ကျပ် ၁၂၆,၀၀၀၊ စမုန်နှမ်းနက် ကျပ် ၁၆၃,၀၀၀ ရှိသည်။
မျိုးသန့်
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်