menu

ပို့ကုန်မတ်ပဲ စံချိန်တင်ဈေးမြင့်တက်လာသည့် ပဲ၊ နှမ်းဈေးကွက် .....


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

↗️ ပို့ကုန်မတ်ပဲစံချိန်တင်ပေါက်ဈေးဖြစ်လာသော်လည်း ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ဈေးခပ်အေး အေးသာရှိနေကြောင်း ပဲ၊နှမ်းကုန်သည်များထံကသိရသည်။ အထက်အညာနှမ်းများ၀င်ရောက်မှုများနေနှင့်တရုတ်ဝယ်လက် အဝယ်နည်းနေတာကြောင့် နှမ်းဈေးကွက်ကျဆင်းနေခြင်းဖြစ်သည်။

↗️ အောက်တိုဘာ(၂၄) ရက်နေ့က မတ်ပဲတစ်အိတ် ငွေကျပ် ၂၇၀,၀၀၀ ကျော်ထိ စံချိန်တင် ပေါက်ဈေးဖြစ်ခဲ့ကြောင်း အထက်အညာဒေသက နှမ်းအသစ်များဝင်ရောက်မှုရှိလာသော်လည်း တရုတ်လိုင်းအဝယ်နည်းနေတာကြောင့် ဈေးကျဆင်းနေကြောင်း၊ ဈေးကွက်ကိုစောင့်ကြည့်ဝယ်ယူနေတာမျိုးဖြစ်ကြောင်း၊ မြေပဲဆန်ဈေးကွက်မှာလည်း ဈေးကျဆင်းမှုရပ်တန့်သွားကြောင်းရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

↗️ "ပို့ကုန်မတ်ပဲဈေးကတော့ စံချိန်တင်ပေါက်ဈေး တစ်အိတ်လျှင် ငွေကျပ် ၂၇၃,၀၀၀ ဖြစ်လာပါ တယ်။ နှမ်းဈေးတွေကတော့ အညာနှမ်းနယ်စုံဝင်လာလို့ ဈေးကျဆင်းနေပါတယ်။ မြေပဲဆန်လည်း ဈေးကျနေတာကနေ ရပ်သွားပါတယ်။ တရုတ်လိုင်းအဝယ်မရှိတာရယ်၊ အသစ်ဝင်ရောက်မှုများလာတာရယ်တွေရှိလို့ လက်ရှိမှာဈေးကျဆင်းနေပါတယ်။ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး သုံးသပ်ရရင်ဈေး ခပ် အေးအေးသာရှိနေပါတယ်" ဟု ၎င်းက ပြောသည်။

↗️ အောက်တိုဘာ(၂၆)ရက်တွင် သုံးတင်းဝင်မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ်၂၇၃,၀၀၀ ပေါက်ဈေးဖြင့် စံချိန်တင်ပေါက်ဈေးဖြစ်လာသော်လည်း ပဲစင်းငုံ ပိဿာ၆၀တစ်အိတ်လျှင် ငွေကျပ် ၃၄၀,၀၀၀ ထိ ဈေးကျဆင်းသွားသည်။ ပဲတီစိမ်းအညာ ၅၆.၂၅ ပိဿာ တစ်အိတ်လျှင်ငွေကျပ် ၁၆၅,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ဈေးမြင့်တက်လာပြီး အောက်တိုဘာ(၁၉)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ်၂၈၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀,၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၄,၀၀၀ ပေါက်ဈေးဖြစ်လာသည်။

↗️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၆၀,၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၂၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၅,၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၁၅,၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာလျှင် ငွေကျပ် ၆,၁၀၀ ပေါက်ဈေးရှိသည်။

↗️ နှမ်းမျိုးစုံဈေးကွက်မှာ ယခင်သီတင်းပတ်ထက် သိသိသာသာဈေးမြင့်တက်လာရာ နှမ်းဖြူ (ဂျပန်)၄၅ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၇၀,၀၀၀၊ နှမ်းညို(သစ်) တစ်အိတ်လျှင် ငွေကျပ်၂၈၅,၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း