menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပို့ကုန်ပဲ နှင့် ပြည်တွင်းသုံးပဲများ ကျဈေးဖြင့်အဝယ်ကောင်းနေ .....
🫘🫛🫘🫛🫘🫛🫘🫛🫘🫛🫘
➡️ မန္တလေးပဲ၊ နှမ်းဈေးကွက်တွင် ပို့ကုန်ပဲများအပါအဝင်ပြည်တွင်းသုံးပဲများ ဈေးကျဆင်းသော်လည်း ကျဈေးဖြင့် အဝယ်ကောင်းနေကြောင်း ပဲကုန်သည်များထံမှ သိရသည်။ မန္တလေးဈေးကွက်အတွင်း ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးပဲ ဈေးအတက်အကျမရှိ ဈေးတည်ငြိမ်နေပြီး နိုင်ငံခြားငွေမြင့်တက်လာမှသာ ပဲဈေးမြင့်တက်လေ့ရှိခြင်းဖြစ်သည်။
➡️ လက်ရှိမှာ အဝင်များလာသည့် ရှမ်းပဲပုပ်စေ့များ ဈေးကျဆင်းသော်လည်း ပေါက်ဈေးအတိုင်း ပြည်တွင်းပဲကုန်သည်များ အဝယ်ကောင်းနေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းသုံး ကုလားပဲမှာ ငွေကျပ် နှစ်သိန်းကျော်သာ ပေါက်ဈေးရှိပြီး ပို့ကုန်ပဲများမှာလည်း ငွေကျပ် သုံးသိန်းအောက်တွင်သာ ပေါက်ဈေးရှိကြောင်း၊ မြေပဲဆီဆံများလည်း ဈေးကျဆင်းနေကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
➡️ "ပြည်တွင်းပဲဈေးကွက်တစ်ခုလုံး ဈေးတည်ငြိမ်နေပါတယ်။ ပို့ကုန်ပဲတွေက နိုင်ငံခြားငွေဈေးလှုပ်မှပဲဈေးလိုက်လှုပ်တာပါ။ လက်ရှိမှာတော့ ဘယ်ပဲမှ ဈေးတက်တာမရှိပါဘူး။ သူ့ဈေးတန်းနဲ့သူ ငြိမ်နေပါတယ်။ ရှမ်းပဲပုပ်တွေ အဝင်ကောင်းနေတော့ဈေးကျလာပါတယ်။ ဈေးကျတယ်ဆိုပေမယ့် ကျဈေးအတိုင်း အဝယ်ကတော့ သွက်နေပါတယ်။ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းနေသလို ဈေးအကျအတိုင်းအဝယ်ရှိနေပါတယ်" ဟု ၎င်းကပြောသည်။
➡️ ဇွန် ၇ ရက်တွင် ပို့ကုန်ပဲများအားလုံး ဈေးတည်ငြိမ်နေလျက်ရှိရာ ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀၊ မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၇၇,၀၀၀၊ ပဲတီစိမ်း (အညာ)သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၈၅,၀၀၀ အထိ ဈေးကျဆင်းလျက်ရှိနေသည်။
➡️ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အနည်းငယ်အတက်၊ အကျ ရှိသော်လည်း အရောင်းအဝယ်ပုံမှန်ရှိနေရာ V2 ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၂၀,၀၀၀၊ V7 သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၂၃,၀၀၀၊ ထိုင်ဝမ်ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၁၅,၀၀၀၊ 929 ကုလားပဲသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၂၅,၀၀၀ ပေါက်ဈေးရှိနေသည်။
➡️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ ဇွန် ၇ ရက်တွင် ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၅၉၅,၀၀၀၊ ပဲရာဇာ သုံးတင်းတစ်အိတ်လျှင် ငွေကျပ် ၄၉၀,၀၀၀၊ ပဲထောပတ် (သစ်)တစ်အိတ်လျှင် ငွေကျပ် ၂၀၀,၀၀၀၊ ပဲကြား တစ်အိတ်လျှင် ငွေကျပ် ၄၁၀,၀၀၀၊ ပဲနီပြား(ကျွန်း)တစ်အိတ်လျှင် ငွေကျပ် ၅၁၀,၀၀၀၊ ပဲဇီးကွက် တစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ စွန်တာပြာတစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ကျွန်းစားတော်ပဲ(အသေး) တစ်အိတ်လျှင် ငွေကျပ် ၆၁၀,၀၀၀ အသီးသီး ပေါက်ဈေးရှိနေသည်။
➡️ နှမ်းမျိုးစုံဈေးကွက်မှာ ဇွန် ၇ ရက်တွင် နှမ်းနက်သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၆၄၀,၀၀၀၊ နှမ်းဖြူ(ဂျပန်)သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၆၃,၀၀၀၊ နှမ်းဖြူ(ဗမာ)သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၅၅,၀၀၀၊ နှမ်းညိုသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၄၀,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၁၁,၂၀၀၊ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၈,၅၀၀ အသီးသီးပေါက်ဈေးရှိနေသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)