menu

“ပို့ကုန်ပဲ နှင့် ပြည်တွင်းသုံးပဲမာလိုင်းများ အမြင့်ဈေးဖြင့် အရောင်းအဝယ်သွက်နေ”


🫘🫘🫘🫘🫘🫘🫘🫘🫘🫘

✅ ယခုရက်များတွင် ပဲစင်းငုံအပါအဝင် ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးပဲမာလိုင်းများ စံချိန်တင်အမြင့်ဈေး တန်းဖြင့် အရောင်းအဝယ်သွက်နေကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။

✅ ပြည်တွင်းလက်ကျန် နည်းပါးလာခြင်းနှင့်အတူ အိန္ဒိယဝယ်လိုအားကောင်းလာခြင်း၊ ပို့ကုန်ပဲများ FOB ပေါက်ဈေး မြင့်တက်လာခြင်း၊ အရောင်းသမားများက ထိန်းရောင်းနေခြင်းတို့ကြောင့် ပဲစင်းငုံမှာ စံချိန်တင်အမြင့်ဈေးဖြစ်လာပြီး သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀ ကျော်အထိ ပေါက်ဈေးဖြစ်လာကာ အခြားပဲမာလိုင်းများလည်း လိုက်ပါဈေးမြင့်တက်နေကြောင်း ဦးကျော်သွင် (ရွှေစင်သိန်း)ပွဲရုံက ပြောသည်။

✅ “ပဲ၊ နှမ်း ဈေးကွက်မှာ အမြင့်ဈေးတန်းတွေနဲ့ အရောင်းအဝယ် ခပ်သွက်သွက်ဖြစ်နေပါတယ်။ ပို့ကုန်ပဲ အပါအဝင် ကုလားပဲမျိုးစုံကိုတော့ အရောင်းသမားတွေက ထိန်းရောင်းနေပါတယ်။ အဝယ် သမားများအနေဖြင့် စောင့်ဆိုင်းဝယ်ယူနေရတဲ့ သဘောဖြစ်ပါတယ်။ ပဲစင်းငုံတစ်အိတ် ၂၈၀,၀၀၀ ကျော်၊ မတ်ပဲတစ်အိတ်လျှင် ၂၃၀,၀၀၀ကျော်၊ V2 ကုလားပဲ တစ်အိတ်လျှင် ၂၅၀,၀၀၀ စံချိန်တင်ဈေးများ ဖြစ်လာပါတယ်။ ပဲစိုက်ဧကလျော့ကျခြင်းနှင့်အတူ အထွက်နှုန်းလျော့ကျခြင်း၊ အိန္ဒိယ ဝယ်လိုအား ကောင်းခြင်း၊ FOB ပေါက်ဈေးမြင့်တက်လာခြင်း၊ ပဲသစ်ရာသီ စောစီးစွာကုန်ဆုံးခြင်းတို့ကြောင့် ပဲမျိုးစုံဈေးကွက် အမြင့်ဈေးတန်းဖြစ်နေရခြင်းဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ 

✅ ဇွန်(၁)ရက်တွင် ပို့ကုန်မတ်ပဲ ၆၀ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၂၃၅,၀၀၀၊ ပဲစင်းငုံ ၆၀ပိဿာ တစ်အိတ်လျှင် ငွေကျပ်၂၈၅,၀၀၀၊ ပဲတီစိမ်းအညာ ၅၆.၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၈၅,၀၀၀ ပေါက်ဈေးသာရှိပြီး ပဲစင်းငုံမှာ တစ်အိတ်လျှင် ငွေကျပ် ၃၀,၀၀၀ ထိ စံချိန်တင် ဆက်လက်ဈေးမြင့်တက် လာကြောင်း မန္တလေးကုန်စည်ဒိုင်ပေါက်ဈေးများအရ သိရသည်။

✅ ပြည်တွင်းသုံး ပဲမာလိုင်းများလည်းလိုက်ပါဈေးမြင့်တက်လာရာ ဇွန်(၁)ရက်တွင် ကုလားပဲ V2တစ်အိတ်လျှင်ငွေကျပ် ၂၅၀,၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၂,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ် လျှင် ငွေကျပ် ၂၃၇,၀၀၀၊ 929 ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၄၆,၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀၊ ပဲထောပတ်တစ်အိတ် ငွေကျပ် ၂၇၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၀၀,၀၀၀၊ မြေပဲအနီလုံးဆံ တစ်ပိဿာ ငွေကျပ် ၈,၄၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

✅ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း