menu

ပို့ကုန်ပဲများ နှင့် အခြား ပဲ၊နှမ်း ဈေးကွက်အခြေအနေ


🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘

✔️အိန္ဒိယဝယ်လိုအားကောင်းနေခြင်း နှင့် ဒေါ်လာငွေလဲလှယ်နှုန်းမြင့်မားနေခြင်းတို့ကြောင့် ပို့ကုန်များ ဖြစ်သော မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးကောင်းကာ အဝယ်လိုက်နေကြောင်း ပဲ၊နှမ်း ကုန်သည်များထံက သိရသည်။ အိန္ဒိယပို့ကုန်ပဲများဖြစ်သည့် မတ်ပဲမှာ သုံးတင်းဝင်တစ်အိတ်ကျပ် နှစ်သိန်းဝန်းကျင် ပေါက်ဈေးရှိနေပြီး၊ ပဲစင်းငုံမှာ တစ်အိတ်ကျပ် ၂၀၅,၀၀၀ ပေါက်ဈေးရှိနေကာ လက်ကျန်ပစ္စည်း နည်းလာခြင်းကြောင့် ဆက်လက်မြင့်တက်နိုင်ကြောင်း သိရသည်။

✔️သို့သော် တရုတ်ပို့ကုန် ပဲတီစိမ်းနှင့် မြေပဲဆံများမှာမူ ဈေးကျ၊ အဝယ်ရပ်နေပြီး၊ ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများမှာ ဈေးကျဆင်းမှုမရှိသော်လည်း အဝယ်အေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။

✔️"ပို့ကုန်ပဲနှစ်မျိုးပဲ ဈေးကောင်းနေပါတယ်။ ပဲစင်းငုံ သုံးတင်းဝင် တစ်အိတ် ငွေကျပ် ၂၀၅,၀၀၀ ပေါက်ဈေးရှိပြီး မတ်ပဲဈေးကတော့ (၁၉၅,၀၀၀ -၂၀၀,၀၀၀) ပေါက်ဈေးရှိပါတယ်။ တရုတ်လိုင်းက ပဲတီစိမ်း၊ မြေပဲဆံတို့ကတော့ ဈေးအေးနေတယ်။ အသစ်ဝင် မြေပဲဆံရှယ်စမှာ တစ်ပိဿာ ကျပ် ၆,၀၀၀ ခန့်သာ ပေါက်ဈေးရှိနေတယ်။ အသစ်ဝင်ရောက်မှု အနည်းအများနှင့်မဆိုင်ဘဲ တရုတ်ဝယ်လက် မရှိ ဖြစ်နေလို့ပါ။ ကုလားပဲအုပ်စုနဲ့ ပဲမာလိုင်းတွေလည်း ဈေးအေးနေပါတယ်။ ဈေးကျဆင်းမှုတော့ မရှိပါဘူး။ ပဲဈေးကွက်တစ်ခုလုံးမှာ မတ်ပဲနဲ့ပဲစင်းငုံကလွဲ၍ ကျန်ပဲတွေ ဈေးအေးပါတယ်"ဟု ၎င်းက ပြောသည်။

🫘မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ🫘

ပြည်တွင်းဒေါ်လာဈေးမတည်ငြိမ်မှုကြောင့် ဈေးအတက်အကျများခဲ့သော်လည်း အိန္ဒိယဝယ်လိုအား ကောင်းနေခြင်းကြောင့် စက်တင်ဘာ (၂၂) ရက်တွင် မတ်ပဲတစ်အိတ် ကျပ် (၁၉၅,၀၀၀ - ၂၀၀,၀၀၀) ပဲစင်းငုံတစ်အိတ် ကျပ် ၂၀၅,၀၀၀ ပေါက်ဈေးရှိနေသည်။ တရုတ်ပို့ကုန် ပဲတီစိမ်းမှာ လမ်းပန်း ဆက်သွယ်မှု အခက်အခဲများကြောင့် ဈေးကွက်တွင်း အဝယ်အေးနေပြီး ဈေးကျဆင်းနေရာ သုံးတင်းဝင် တစ်အိတ် ကျပ် (၁၃၅,၀၀၀ - ၁၅၅,၀၀၀) သာ ပေါက်ဈေးရှိနေသည်။

🥜မြေပဲ🥜

အသစ်ဝင်မြေပဲဆံများ ဈေးကွက်အတွင်း အများအပြား ဝင်ရောက်လာနေသည့်အပြင် တရုတ်လမ်းကြောင်းတွင်လည်း အခက်အခဲအချို့ရှိနေသဖြင့် ဈေးအနည်းငယ်ကျဆင်းသွားကာ ဝယ်ယူမှုအေးနေသည်။ ပို့ကုန် မြေပဲ S1 လုံးဆံများမှာ တစ်ပိဿာလျှင် ကျပ် ၆,၁၀၀ ၊ အနီလုံးဆံ တစ်ပိဿာကျပ် ၆,၁၀၀ ဖြင့် တစ်ပိဿာ ကျပ် ၄၀၀ ခန့် ကျဆင်းသွားသည်။

✔️ပြည်တွင်းသုံး ပဲများမှာ ဈေးကျဆင်းမှု မရှိသော်လည်း အရောင်းအဝယ် အေးနေကာ စက်တင်ဘာ(၂၁) ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ကျပ် ၁၉၅,၀၀၀၊ ပဲယင်း တစ်အိတ် ကျပ် ၁၆၀,၀၀၀၊ ပဲကြီး တစ်အိတ်ကျပ် ၂၆၀,၀၀၀၊ ပဲထောပတ်တစ်အိတ်ကျပ် ၁၇၃,၀၀၀၊ စွန်တာပြာတစ်အိတ်ကျပ် ၁၅၅,၀၀၀၊မြေထောက်ပဲတစ်အိတ် ကျပ် ၂၇၀,၀၀၀၊ ကျွန်း စားတော်ပဲတစ်အိတ် ကျပ် ၄၁၀,၀၀၀ ပေါက်ဈေးဖြစ်နေသည်။ 

Sources : ရွှေမန်း