menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပို့ကုန်ပဲများ နှင့် ပြည်တွင်းသုံးကုလားပဲများ ဈေးအနည်းငယ်ပြန်တက်လာ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
➡️အောက်တိုဘာလဆန်းပိုင်းတွင် ဒေါ်လာငွေလဲလှယ်နှုန်းများ ပြန်လည်မြင့်တက်လာခြင်းကြောင့် ပို့ကုန်ပဲများအပါအဝင် ပြည်တွင်းသုံးကုလားပဲများ ဈေးအနည်းငယ်ပြန်လည်မြင့်တက်လာသည်။
➡️စက်တင်ဘာလကုန်ပိုင်းက ရွှေ နှင့် ငွေဈေးများကျဆင်းနေခဲ့ရာက ယခုပြန်လည်မြင့်တက်လာချိန်တွင် ဈေးကျဆင်းနေသည့် ပဲနှမ်းဈေးကွက်မှာ ပြန်လည်ကောင်းမွန်လာခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။
➡️"ပို့ကုန်ပဲတွေ ဈေးကျဆင်းနေရာကနေ အနည်းငယ်ပြန်တက်မယ့် အခြေအနေတွေရှိနေပါတယ်။ ပြည်တွင်းသုံး ဗွီတူး ကုလားပဲဆိုရင် တစ်အိတ် ကျပ် ၁၈၀,၀၀၀ ထိကျဆင်းနေရာကနေ အောက်တိုဘာ (၆) ရက်မှာတော့ တစ်အိတ်ငွေကျပ် ၁၉၀,၀၀၀ ကို ပြန်ရောက်လာပါတယ်။ ငွေချေမှုပုံစံ တစ်လဆိုင်း ဆိုရင် တစ်အိတ်ကျပ် ၁၉၅,၀၀၀ ပေါက်ဈေးရှိနေပါတယ်။ ဒေါ်လာဈေးပြန်တက်လာချိန်မှာ ပဲဈေးကွက်ပြန်ကောင်းလာပါတယ်။ ပို့ကုန်ပဲတွေက ရွှေဈေးတွေ ကျဆင်းလာမှုထက် ဒေါ်လာဈေး တက်လာရင် အရောင်းအဝယ်သွက်လာတာပါ။ အဓိကတော့ ပေါက်တဲ့ဈေးနဲ့ ခပ်သွက်သွက် အရောင်းအဝယ်ဖြစ်နေရင် အဆင်ပြေကြတာပါ။ ပဲဈေးကွက်တစ်ခုလုံးက ကုန်သွယ်မူဝါဒပြောင်းလဲမှု လုပ်မှသာ အဆင်ပြေမယ်။ ယခုထက်ပိုလုပ်သာကိုင်သာရှိအောင် ပြောင်းလဲဖို့လိုပါတယ်။ ပို့ကုန် သဘာ၀အရ ပို့ကုန်ပဲတွေဆိုတာကတော့ ဒေါ်လာဈေးကောင်းရင် အရောင်းအဝယ်ကောင်းလာတဲ့ သဘောပါ။ ဒေါ်လာဈေးကျရင် ဈေးဆင်းသွားတာပါ" ဟု ၎င်းက ပြောသည်။
➡️ပို့ကုန်ပဲများ ဈေးအနည်းငယ် မြင့်တက်လာသော်လည်း မြေပဲဆံများမှာမူ အသစ်ဝင်ရောက်မှု များပြား သကဲ့သို့ တဖက်တွင် စားဆီဈေးနှုန်းများလည်း ကျဆင်းနေခြင်းကြောင့် ဈေးနှုန်းကျဆင်းလျက်ရှိသည်။
🫘မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ🫘
ပြည်တွင်းဒေါ်လာဈေး ပြန်ကောင်းလာခြင်းကြောင့် အောက်တိုဘာ (၆) ရက်တွင် မတ်ပဲတစ်အိတ် ကျပ် ၁၈၂,၀၀၀၊ ပဲစင်းငုံတစ်အိတ် ကျပ် ၁၈၇,၀၀၀ ဈေးရှိနေသည်။ ပဲတီစိမ်းအညာမှာ သုံးတင်းဝင် တစ်အိတ် ကျပ် ၁၄၃,၀၀၀ ပေါက်ဈေးဖြင့် အရောင်းအဝယ်ပြန်သွက်နေသည်။
🥜မြေပဲ🥜
ပြည်တွင်း စားဆီဈေးကျဆင်းလာမှုနှင့်အတူ ဈေးကွက်အတွင်း အသစ်ဝင်ရောက်မှု များပြားနေသဖြင့် ပို့ကုန်မြေပဲ S1 လုံးဆံ တစ်ပိဿာ ကျပ် ၅,၄၀၀ ၊ အနီလုံးဆံ တစ်ပိဿာကျပ် ၅,၄၀၀ ဖြင့် တစ်ပိဿာလျှင် ကျပ် ၂၀၀ ခန့် အသီးသီး ကျဆင်းသွားသည်။
➡️ပဲမာလိုင်းများအနေဖြင့်မူ အောက်တိုဘာ (၆) ရက်တွင် ပဲကြီးတစ်အိတ် ကျပ် ၂၅၀,၀၀၀၊ ပဲထောပတ် တစ်အိပ် ကျပ် ၁၆၈,၀၀၀ ၊ စွန်တာပြာ တစ်အိပ် ကျပ် ၁၆၅,၀၀၀၊ မြေထောက်ပဲကျပ် ၂၄၀,၀၀၀ နှင့် ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၃၆၀,၀၀၀ ပေါက်ဈေးရှိနေသည်။
➡️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း