menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပိုကုန်ပဲများ စံချိန်တင်ဈေးကောင်းရရှိလာ .....
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
✔️ ပြည်ပမှ ဝယ်လိုအားကောင်းသောကြောင့် ပို့ကုန်ပဲများ စံချိန်တင်ဈေးကောင်းရရှိလာကြောင်း ပဲကုန်သည်များထံက သိရသည်။
✔️ ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံတို့မှာ အိန္ဒိယနိုင်ငံ၏ဝယ်လိုအားကောင်းလာခြင်းနှင့် ပြည်တွင်း လက်ကျန်ပဲနည်းလာသောကြောင့် စက်တင်ဘာ(၁) ရက်တွင် ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၅၀၀,၀၀၀ အထိ စံချိန်တင်ဈေးမြင့်တက်လာပြီး တစ်ပတ်အတွင်း တစ်အိတ်လျှင် ငွေကျပ် ၅၀,၀၀၀ နီးပါးဈေးမြင့်လာခြင်းဖြစ်ကြောင်း၊ FOB ဈေးနှုန်းများလည်း မြင့်တက်လာတာကြောင့်လည်း ယခုလို ပို့ကုန်ပဲများ စံချိန်တင်ဈေးကောင်းရရှိလာခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်က ပြောသည်။
✔️ "ပို့ကုန်ပဲတွေက အိန္ဒိယဝယ်လိုအားကောင်းလာသလို FOB ဈေးမြင့်တက်လာတော့ ပြည်တွင်းပဲဈေးကွက်မှာလည်း ဈေးမြင့်တက်လာတာပါ။ နောက် ပဲစင်းငုံက နယ်မှာရော ကုန်သည်တွေဆီမှာပါ လက်ကျန်နည်းနေပါပြီ။ နိုင်ငံခြားငွေဈေးကလည်း ပြန်တက်လာတော့ စံချိန်တင်ဈေးမြင့်တက်လာတာပါ။ အရောင်းအဝယ်ပမာဏ များများစားစား မရှိတော့ပါဘူး" ဟု ၎င်းကပြောသည်။
✔️ ပြည်တွင်းပဲဈေးကွက်မှာ စက်တင်ဘာ(၁)ရက်တွင် ပို့ကုန်မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၃၇၅,၀၀၀၊ ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၄၉၅,၀၀၀ - ၅၀၀,၀၀၀ ပေါက်ဈေးဖြင့် စံချိန်တင်ဈေးကောင်းရရှိလာသည်။
✔️ လက်ရှိပြည်တွင်းပို့ကုန်ပဲများမှာ လက်ကျန်နည်းနေပြီး မကြာမီ မတ်ပဲ၊ ရေသွင်းပဲသစ်များ ဈေးကွက်အတွင်းဝင်ရောက်လာရန်ရှိသော်လည်း ပဲစင်းငုံမှာ လက်ကျန်မရှိသလောက် နည်းနေသည်။ ပဲစင်းငုံမှာ လက်ရှိကာလတွင် စိုက်ပျိုးဆဲကာလဖြစ်ပြီး လာမည့် ဖေဖော်ဝါရီ၊ မတ်လမှသာ ပဲသစ်ပေါ်မည်ဖြစ်သည်။
✔️ ပို့ကုန်ပဲဈေးကွက်တွင် မနှစ်ကပဲရာသီကတည်းက ဈေးကောင်းရရှိနေသည့် ပဲစင်းငုံကို ယခုနှစ်စိုက်ပျိုးရာသီတွင် တောင်သူများတိုးချဲ့စိုက်ပျိုးထားကြောင်း သိရသည်။
Sources: ရွှေမန်း (မကွေးဂျာနယ်)