menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပို့ကုန်ပဲများအနည်းငယ်ဈေးမြင့်တက်လာသည့် ပဲမျိုးစုံဈေးကွက်
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✔️ ဗဟိုဘဏ်၏ ပို့ကုန်ရငွေမူဝါဒအပြောင်းအလဲကြောင့် ပို့ကုန်ပဲများ အနည်းငယ်ဈေးမြင့်တက်လာကြောင်း ပဲ၊နှမ်းကုန်သည်များထံမှ သိရသည်။
✔️ ဗဟိုဘဏ်၏ ပို့ကုန်မူဝါဒ ၂၅ရာခိုင်နှုန်း၊ ၇၅ရာခိုင်နှုန်း သက်မှတ်ချက်ကြောင့် မတ်ပဲ နှင့် ပဲစင်းငုံ အရောင်းအဝယ်မှာ သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၀,၀၀၀ခန့် ဈေးမြင့်တက်လာကြောင်း၊ ပြည်တွင်းသုံးကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများမှာ ဈေးငြိမ်လျက်ရှိနေကြောင်း ပြည်တွင်းဆီစက်ပိုင်များ၏ဝယ် လိုအားကောင်းနေတာကြောင့် နှမ်းမျိုးစုံနှင့်မြေပဲဆံမှာ ဝယ်လိုအားကောင်းဈေးမြင့်တက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)က ပြောသည်။
✔️ "ပို့ကုန်ရငွေအပေါ် မူဝါဒအပြောင်းအလဲ သတ်မှတ်ချက်ကြောင့် ပို့ကုန်ပဲတွေဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံတို့ တစ်အိတ်ကို ငွေကျပ် ၁၀,၀၀၀ခန့် ဈေးမြင့်တက်လာပါတယ်။ အခြားပြည်တွင်းသုံး ကုလားပဲနဲ့ ပဲမာလိုင်းများကတော့ ဈေးငြိမ်နေပါတယ်။ နှမ်းမျိုးစုံ နဲ့ မြေပဲဆံကတော့ ပြည်တွင်း ဆီစက်ပိုင်တွေ ဝယ်လိုအားကောင်းလို့ဈေးကကောင်းနေပါတယ်။ ပဲဈေးကွက်တစ်ခုလုံးမှာ ပို့ကုန်ပဲတွေက တက်ရိပ်ပြလာပေမယ့် ပြည်တွင်းပဲတွေကတော့ စောင့်ကြည့်နေတဲ့သဘောပါ" ဟု ၎င်းက ပြောသည်။
✔️ ဩဂုတ်(၈)ရက်တွင် ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၃၂,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၂၃၈,၀၀၀ ပေါက်ဈေးဖြစ်လာသည်။
✔️ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ဈေးနှုန်းအတက်အကျအနည်းငယ်သာရှိပြီး လက်ရှိဈေးတန်းက အောက်ခံဈေးတန်းဖြစ်လာရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၀,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင်ငွေကျပ် ၂၉၀,၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၃,၀၀၀၊ 929 ကုလားပဲတစ် အိတ်လျှင် ငွေကျပ်၂၅၀,၀၀၀ ပေါက်ဈေးဖြစ်လာသည်။
✔️ မြေပဲဆံနှင့် နှမ်းမျိုးစုံ ဆက်လက်ဈေးမြင့်တက်နေရာ ဩဂုတ်(၈)ရက်တွင် ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀၊ ပဲပုပ်(ရှမ်း)တစ်အိတ်လျှင် ငွေကျပ် ၃၆၀,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၄၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၉,၈၀၀ ပေါက်ဈေးရှိနေပြီး မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၁၈,၅၀၀ ပေါက်ဈေးရှိနေသည်။
✔️ ဩဂုတ်(၈)ရက်တွင် နှမ်းမျိုးစုံပေါက်ဈေး ဆက်လက်မြင့်တက်နေရာ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၆၀၀,၀၀၀၊ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၄၀,၀၀၀၊ နှမ်းဖြူ(ရိုးရိုး)တစ်အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၆၅,၀၀၀၊ ပန်းနှမ်းတစ်အိတ်လျှင် ငွေကျပ် ၂၄၅,၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။
✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)