menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပို့ကုန်ပဲများဈေးမြင့်တက်ပြီး ပဲမာလိုင်းများလည်း အဝယ်သွက်နေ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
➡️ ပို့ကုန်ပဲများဈေးမြင့်တက်လာသော်လည်း ပြည်တွင်းသုံးပဲမာလိုင်းများ ဈေးတည်ငြိမ်နေသောကြောင့် အရောင်းအဝယ်သွက်နေသည်။ ပြည်တွင်းရွှေဈေး၊ ဒေါ်လာဈေးမြင့်တက်လာတာနှင့်အတူ ပို့ကုန်ပဲများဈေးကောင်းလာကြောင်း ပဲကုန်သည်များထံက သိရသည်။ ပြည်တွင်းသုံးကုလားပဲများ လည်း ယခုသီတင်းပတ်မှာ ပို့ကုန်ပဲဈေးတက်လာတာကြောင့် တစ်အိတ်လျှင်ငွေကျပ် ၂,၀၀၀ခန့် ဈေးမြင့်တက်လာခြင်းဖြစ်သည်။
➡️ မေလဒုတိယသီတင်းပတ်ကတည်းက တဖြည်းဖြည်းမြင့်တက်လာသည့် ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာ ဈေးနှုန်းမြင့်လာတာနှင့်အတူ ပို့ကုန် မတ်ပဲ နှင့် ပဲစင်းငုံက ဦးဆောင်ဈေးမြင့်တက်လာသလို ပြည်တွင်းသုံး ကုလားပဲအုပ်စု ဈေးလိုက်တက်ကြောင်း၊ ပြည်တွင်းသုံး ပဲမာလိုင်းများ ဈေးမြင့်တက် ခြင်းမရှိတာကြောင့် အရောင်းအဝယ်သွက်လာကြောင်း၊ တရုတ်ဝယ်လက်များ အဝယ်သွက်နေ တာကြောင့်လည်း အညာမြေပဲဆံအသစ်များမှာ အရောင်းအဝယ်ကောင်းခြင်းဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင် သိန်းပွဲရုံ)က ပြောသည်။
➡️ “ပို့ကုန်ပဲတွေက ဦးဆောင်ပြီး ဈေးပြန်မြင့်တက်လာပေမယ့် ကုန်စည်ဒိုင်အတွင်းမှာတော့ အရောင်းအဝယ်သိပ်မရှိတော့ပါဘူး။ လှောင်လက်သမားတွေဆီမှာပဲ လက်ကျန်ရှိတော့တာပါ။ ဒီတော့ ပြည်တွင်းကုလားပဲတွေကတော့ ဈေးလိုက်တက်လာပါတယ်။ ပို့ကုန်ထွက်တဲ့ ပဲဈေးတက်ပေမယ့် ပဲမာလိုင်းတွေက ဈေးမတက်ဘဲ အောက်ဈေးဖြစ်နေတော့ အရောင်းအဝယ်ကတော့သွက်နေပါတယ်။ အညာမြေပဲဆံတွေကတော့ တရုတ်လိုင်းသမားနဲ့ ဆီစက်ပိုင်တွေ အဝယ်ဆုံနေပါတယ်။ တရုတ်လိုင်းက အဝယ်မကြိုက်တာကို ပြည်တွင်းစက်ပိုင်တွေက အဝယ်ကောင်းနေပါတယ်။ မေလ (၁၄-၁၅) ရက် တည်းက ရွှေဈေး၊ ဒေါ်လာဈေးမြင့်တက်လာတော့ ပို့ကုန်ပဲတွေလည်း ဈေးကောင်းလာတာပါ” ဟု ၎င်းက ပြောသည်။
➡️ မေ(၁၆)ရက်တွင် ပို့ကုန်ပဲများ ဈေးမြင့်တက်လာရာ ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၉၅,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၀၀,၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းရွှေဝါ တစ်အိတ်လျှင် ငွေကျပ် ၂၁၄,၀၀၀၊ အညာတစ်အိတ်လျှင် ငွေကျပ် ၁၈၀,၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ပို့ကုန်ပဲများနှင့်အတူ ဈေးပြန်မြင့်တက်လာရာ မေ(၁၆)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၂,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၄၇,၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၂၇,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၃၄,၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။
➡️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ ဈေးတက်နိုင်ခြင်းမရှိဘဲ ဈေးတန့်ငြိမ်နေတာကြောင့် အရောင်းအဝယ်သွက်နေရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၆၀,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၀၀,၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၁၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၅၅,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၇,၃၀၀ ပေါက်ဈေးရှိနေသည်။
➡️ မေ(၁၆)ရက်တွင် နှမ်းမျိုးစုံ အနည်းငယ်ဆက်လက်မြင့်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၅,၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၄၁၅,၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။
➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)