menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပို့ကုန်ပဲများဈေးပြန်လည်မြင့်တက်ပြီး အဝယ်သွက်လာ
🫘🫛🫘🫛🫘🫛🫘🫛🫘🫛🫘
↗️ တရုတ်နှစ်သစ်ကူးပိတ်ရက်များကြောင့် ဈေးကျဆင်းနေသည့်ပို့ကုန်ပဲများဈေးပြန်လည်မြင့် တက်အဝယ်သွက်လာကြောင်း ပဲ၊ နှမ်းကုန်သည်များထံကသိရသည်။
↗️ တရုတ်နှစ်သစ်ကူးပိတ်ရက်များကြောင့် ပဲ၊ နှမ်းဈေးကွက်တွင် ဈေးအနည်းကျဆင်းနေသည့် ပို့ ကုန်ပဲများ ဈေးကျဆင်းမှုရပ်တန့်သွားပြီး အတက်ဘက်ကိုပြန်လည်ဦးမော့လာကြောင်း မတ်ပဲနှင့် ပဲစင်းငုံမှာ လှောင်လက်သမားများ၏ဝယ်ယူမှုကြောင့် ဆက်လက်မြင့်တက်နိုင်ကြောင်း ပဲကုန်သည် များက သုံးသပ်ထားသည်။
↗️ တရုတ်နှစ်သစ်ကူးပိတ်ရက်နောက်ပိုင်း မန္တလေးပဲဈေးကွက်အဖွင့်နေ့ ဇန်နဝါရီ(၃၀)ရက်တွင် အိန္ဒိယနိုင်ငံ၏ဝယ်လိုအားကောင်းနေသည့် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးကျဆင်းနေရာမှ အနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း၊ ပဲစင်းငုံမှာနယ်စုံမှ အသစ်ဝင်ရောက်လာကြောင်း၊ ပဲ၊ နှမ်း ဈေးကွက်အတွင်း အခြားပဲမာလိုင်းများနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စုမှာဈေးကျဆင်း အဝယ်အေးနေသေးကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)ပိုင်ရှင်က ပြောသည်။
↗️ တရုတ်နှစ်သစ်ကူးနောက်ပိုင်း မန္တလေးပဲဈေးကွက်အဖွင့်နေ့တွင် ပို့ကုန် မတ်ပဲ နှင့် ပဲစင်းငုံ ဈေးများအကျရပ်သွားပါတယ်။ ဒီနေ့အတက်ဈေးဖြစ်လာတော့ မတ်ပဲရော ပဲစင်းငုံရော သုံးတင်း တစ်အိတ် ငွေကျပ် ၂၈၁,၀၀၀ ပြန်ဖြစ်လာပါတယ်။ အိန္ဒိယနိုင်ငံ၏ မတ်ပဲဝယ်လိုအားနဲ့အတူ ပဲစင်းငုံပါ အဝယ်ကောင်းလာတာပါ။ အခြားအသစ်ဝင် ပြည်တွင်းသုံးပဲတွေကတော့ ပုံမှန်ဈေးသာ ရှိပါတယ်။ အသစ်ဝင် စားတော်ပဲတွေလည်း ဈေးကျဆင်းနေကာ တစ်အိတ်ကို ငွေကျပ် ၃၆၀,၀၀၀ - ၃၇၀,၀၀၀ သာ ပေါက်ဈေးရှိပါတယ်။ ပဲစင်းငုံကတော့ နယ်စုံကနေ မန္တလေးဈေးကွက်ကို ဝင် ရောက်နေပါတယ်" ဟု ၎င်းကပြောသည်။
↗️ မန္တလေးပဲဈေးကွက်တွင် ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံတို့သာ အရောင်းအဝယ်သွက် ဈေးကောင်း နေပြီး အခြားပဲမာလိုင်းများနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ အရောင်းအဝယ် ပုံမှန်သာရှိနေ သည်။ ဇန်နဝါရီ(၃၀)ရက်တွင် ပို့ကုန်မတ်ပဲ(အသစ်)တစ်အိတ်လျှင်ငွေကျပ် ၂၈၁,၀၀၀၊ ပဲစင်းငုံမှာ ပဲနှမ်းဈေးကွက်အတွင်း စတင်ဝင်ရောက်လာရာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀ ခန့် ပေါက်ဈေးရှိနေသည်။ ပဲတီစိမ်း(အညာ)တစ်အိတ်လျှင် ငွေကျပ် ၂၈၅,၀၀၀ ပေါက်ဈေးရှိနေသည်။
↗️ အသစ်ဝင်ပဲမာလိုင်းများမှာ ပဲလွန်းဖြူပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀၊ ပဲလွန်း ပြာ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၃၀,၀၀၀၊ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၅,၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေ ကျပ် ၃၁၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၀၀,၀၀၀၊ မြေပဲလုံးဆံတစ်ပိဿာလျှင် ငွေကျပ် ၉,၇၀၀ - ၉,၈၀၀ ပေါက်ဈေးရှိနေသည်။
↗️ နှမ်းမျိုးစုံမှာ တရုတ်နှစ်သစ်ကူးပိတ်ရက်များသောကြောင့် ဈေးကွက်အတွင်း ဈေးဖွင့်လှစ်မှု မရှိ အဝယ်အေးနေကြောင်း သိရသည်။
↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)