menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ပို့ကုန်ပဲနှင့် ကုလားပဲအုပ်စုများ ဈေးအနည်းငယ် ပြန်လည်မြင့်တက်လာ”
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
⏩ယခင်သီတင်းပတ်က ဈေးအေးနေသည့် ပို့ကုန်ပဲအချို့နှင့် ကုလားပဲအုပ်စုမှာ ဈေးအနည်းငယ် ပြန်လည်မြင့်တက်လာပြီး အသစ်ဝင်ရောက်သည့် မြေပဲဆံများမှာလည်း အရောင်းအဝယ်ကောင်းနေကြောင်း ပဲကုန်သည်များထံက သိရသည်။ သို့သော် လက်ရှိ သတ်မှတ်ထားသည့် ဒေါ်လာငွေဖြင့် တင်ပို့ရန် သတ်မှတ်မှုကြောင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့နေသော နှမ်းမျိုးစုံဈေးကွက်မှာမူ ကျဆင်းနေကြောင်း နှင့် လက်ရှိ ဒေါ်လာငွေမှာ အပြောင်းအလဲမရှိသဖြင့် ပဲအများစုမှာဈေးငြိမ်ကာ အရောင်းအဝယ်အေးနေကြောင်း သိရသည်။
⏩"ပဲဈေးကွက်မှာတော့ ကုလားပဲအုပ်စုတစ်ခုပဲ ဈေးမာမာနဲ့အရောင်းအဝယ်ဖြစ်နေပါတယ်။ ဗွီတူးကုလားပဲတစ်အိတ် ကျပ် ၁၉၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲက တစ်အိတ်ကျပ် ၁၇၅,၀၀၀ လောက်နဲ့ လှောင်လက်သမား အရောင်းလေးတွေရှိနေတာပါ။ မြေပဲဆံဈေးက မတက်ဘဲ အသစ်ဝင်တွေရှိသလောက် အဝယ်သွက်နေပေမယ့် နှမ်းဈေးကတော့ တစ်အိတ်ကျပ်သုံးသိန်းအောက် ကျဆင်းသွားပါတယ်။ ပို့ကုန်ပဲတွေကလည်း ခပ်အေးအေးနဲ့ ဈေးတက်မလာသေးဘူး။ ငွေဈေးတည်ငြိမ်နေတော့ အရောင်းအဝယ်အေးနေတဲ့သဘောပါ။ ကထိန်ရာသီရောက်လာတော့ ကုန်စည်ဒိုင်မှာလည်း လူပါးနေတယ်။ ပို့ကုန်ပဲတွေအပေါ်ထားရှိတဲ့ ကုန်သွယ်မှုမူဝါဒမပြောင်းလဲရင် ဈေးကွက်ကထူးခြားစရာမရှိပါဘူး" ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
🫘မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ🫘
ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံပေါက်ဈေးတို့မှာ ဒေါ်လာဈေးတည်ငြိမ်နေသဖြင့် အရောင်းအဝယ် ခပ်အေးအေးရှိနေသော်လည်း ယခင်သီတင်းပတ်ထက် တစ်အိတ်လျှင် ကျပ် ၂,၀၀၀ မှ ကျပ် ၅,၀၀၀ ကြား ဈေးမြင့်တက်လာရာ အောက်တိုဘာ (၂၀) ရက်တွင် မတ်ပဲတစ်အိတ်ကျပ် ၁၈၅,၀၀၀၊ ပဲစင်းငုံတစ်အိတ် ကျပ် ၁၈၇,၀၀၀ သာ ပေါက်ဈေးရှိနေသည်။ ပဲတီစိမ်း အညာမှာ ထိပ်စသုံးတင်းဝင်တစ်အိတ်ကျပ် ၁၄၅,၀၀၀ ပေါက်ဈေးရှိပြီး အရောင်းအဝယ် ပြန်အေးဆဲဖြစ်သည်။
🥜မြေပဲ🥜
ယခုသီတင်းပတ်တွင် မြေပဲဆံဈေးအနည်းငယ်မြင့်တက်လာပြီး အသစ်ဝင်ရောက်မှုများသလောက် အရောင်းအဝယ်သွက်နေကာ S1 လုံးဆံမှာ တစ်ပိဿာကျပ် ၅,၈၀၀ ၊ အနီလုံးဆံ တစ်ပိဿာကျပ် ၆,၂၀၀ ဖြင့် တစ်ပိဿာလျှင် ကျပ် ၅၀၀ ခန့် ပြန်လည်မြင့်တက်လာသည်။
⏩ပြည်တွင်းဒေါ်လာဈေးငြိမ်နေမှုကြောင့် ပို့ကုန်ပဲများအဝယ်အေးနေပြီး ကုလားပဲအုပ်စုသာ အရောင်းအဝယ်ကောင်းနေသည်။ အောက်တိုဘာ (၂၀) ရက်တွင် ကုလားပဲ V2တစ်အိတ် ကျပ် ၁၉၀,၀၀၀၊ ပဲယင်း တစ်အိတ်ကျပ် ၁၃၈,၀၀၀၊ ပဲကြီး တစ်အိတ်ကျပ် ၂၃၅,၀၀၀၊ ပဲထောပတ်တစ်အိတ်ကျပ် ၁၆၅,၀၀၀၊ စွန်တာပြာ တစ်အိတ် ကျပ် ၁၅၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်ကျပ် ၂၄၀,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၃၈၀,၀၀၀ ပေါက်ဈေး ဖြစ်နေသည်။
Sources : ရွှေမန်း