menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
စားအုန်းဆီစျေးများ ဆက်တိုက်မြင့်တက်နေ
🎋🎋🎋🎋🎋🎋🎋🎋🎋🎋
⏭မလေးရှားတွင် ဆီအုန်းထုတ်လုပ်မှုလျော့ကျနေခြင်းကြောင့် လိုအပ်ချက်များ၍ ပြည်တွင်း၌ပါ စားအုန်းဆီစျေးမှာဆက်တိုက်ဆိုသလိုမြင့်တက်နေကြောင်း စျေးကွက်မှစုံစမ်းသိရှိရသည်။ ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမူ တစ်နှစ်လျှင် တန်ချိန် ၁၀သိန်းကျော်အထိ ရှိသောကြောင့် နှစ်စဥ် တန်ချိန် ၆သိန်း မှ ၇သိန်ကြားအား မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားအုန်းဆီများကို အဓိကထား၍ တင်သွင်းနေရကြောင်းသိရသည်။
⏭အဆိုပါနိုင်ငံများ၌ Covid-19 ကပ်ရောဂါကြောင့် ပြည်ဝင်ခွင့်ပိတ်ပင်ထားကာ ဆီအုန်းစိုက်ခင်းများ၌ ပြည်ပလုပ်သားများ မလုံလောက်သည့်ပြဿနာဖြစ်နေ၍ စားအုန်းဆီအထွက်နှုန်းများ လျော့ကျလာခဲ့ ကာ စျေးကွက်လိုအပ်ချက်များလာပြီး ကမ္ဘာစားအုန်းဆီစျေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း လည်းသိရသည်။ ထို့ပြင် ရုရှားအရေးကလည်း မလေးရှားစားအုန်းဆီဈေးကွက်ကို တိုက်ရိုက်ရိုက်ခတ်မှု များရှိပြီး တစ်တန်ကို ရင်းဂစ် ၇,၀၀၀ အထိ မြင့်တက်လာကြောင်း နိုင်ငံခြားသတင်းများမှတဆင့် သိရသည်။
⏭ထို့ကြောင့် ပြည်တွင်း၌ပါ လိုက်ပါမြင့်တက်နေပြီး ယခင်စားအုန်းဆီ လက်လီတစ်ပိဿာလျှင် ၅,၀၀၀ အထက်တွင်းသာရှိခဲ့ရာမှ ဆက်တိုက်ဆိုသလို မြင့်တက်လာပြီးလက်ရှိ တွင် ၆,၀၀၀ မှ ၇,၀၀၀ အထိ မြင့်တက်လာကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် စားအုန်းဆီဈေးနှုန်းများမှာ ၃,၀၀၀ ကျပ်ခန့်သာရှိခဲ့၍ ဒီနှစ်မှာယခုကဲ့သို့မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
⏭“တစ်ပိဿာကို ၆,၅၀၀ ရောင်းကြတယ်။ တစ်ချို့ဆိုအရောင်းရပ်ထားကြတယ်။ ဘာလို့လဲဆိုတော့ ခွဲတမ်းမရကြလို့ ပြည်ပကအဝင်နည်းတော့ လိုသလောက်မရဘူး။ ဒါကလဲ မြန်မာနိုင်ငံ တစ်ခုပဲ ဖြစ်နေတာမဟုတ်ဘူး အာဆီယံနိုင်ငံတွေ တော်တော်များများဖြစ်နေကြတာ။ ၆,၅၀၀တောင် အနိမ့်ဆုံး စျေးပါ။ ရှယ်ဆို ၇,၀၀၀ ကျော်အထိ ရောင်းကြတယ်။ ခေတ်ပြောင်းသွားတဲ့ သဘောပေါ့ ဒီဇယ်စျေး တက်သလိုပေါ့ ။ စားအုန်းဆီမှာလာတက်သွားတယ်။ စာအုံးဆီက အသုံးများကြတော့ စျေးက တက်သွားတာ။ အခု အဝယ်များလားဆိုတော့ မများဘူး ။ စားအုန်းဆီက မနက်ပိုင်း ဆိုအလုပ်မဖြစ်ဘူး ခဲတယ်။ ဒါကြောင့် မခဲတဲ့ grade ကောင်းရင်တော့ ပိုပြီးစျေးတက်သွားတယ်ပေါ့။ အခု စားအုန်ဆီအစား မြေပဲဆီကို အဝယ်များလာတယ်” ဟု ပခုက္ကူ ပဲခွဲစက်မှ လုပ်ငန်းရှင် ဦးဝင်းမြင့်ဦး ကပြောသည်။
⏭စားအုန်းဆီအစားမြေပဲဆီတွေကို ပဲခွဲစက်တွေလည်း ဝယ်ယူနေမှုကြောင့် မြေပဲဆန်ဈေးတွေလည်း မြင့်တက်လာခဲ့ကြောင်း ဈေးကွက်များမှ တဆင့်သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းမှ စားသုံးသူပြည်သူများ စျေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက် ဆီတစ်ပိသာလျင် ၅,၀၅၀ကျပ် နှုန်းဖြင့် လိုက်လံရောင်းချပေးနေကြောင်း သိရသည်။ ယင်းကဲ့သို့ အသင်းမှ စျေးသက်သာစွာဖြင့် ရောင်းချပေးနေသော်လည်း တချို့နေရာများတွင် တစ်ပိဿာလျှင် ၆,၆၀၀ကျပ်အထိ ပေးဝယ်နေရမူများလည်းရှိနေကြောင်း စားသုံသူများထံမှ သိရသည်။
⏭“ဖေဖော်ဝါရီ (၂၇)ရက်နေ့ကရောင်းတာ တစ်ပိဿာကို ၆,၆၀၀ စျေးနဲ့ရောင်းပါတယ်။ ဖောက်သည် အဝယ်ကတော့ ပုံမှန်ပါပဲ။ မုန့်လုပ်ရောင်းနေတဲ့သူတွေ အများဆုံးဝယ်ကြတယ်။ ပုံမှန်စားသုံးသူကတော့ အဝယ်နည်းတယ် ။ ၅,၀၀၀လောက်ကနေ စတက်သွားတာပါ ”ဟု သဃ်န်းကျွန်းစျေးမှ ဆီလက်လီ လက်ကားရောင်းချသည့် ဆိုင်တစ်ဆိုင်မှ ပိုင်ရှင်က ပြောသည်။ စျေးနှုန်းများ မြင့်တက်နေသောကြောင့် ဝယ်ယူစားသုံးသူများ လျော့နည်းလာကာ အရောင်းအဝယ်အေးနေကြောင်းလည်းသိရသည်။
⏭ဒေါ်လာစျေး အပြင် ပြည်ပနိုင်ငံများမှ အဝယ်စျေးပါ မြင့်တက်နေခြင်းဖြစ်၍ ဆီလုပ်ငန်းရှင်များ ပါ ထိခိုက်မူများရှိခဲ့ပြီး တချို့သောလုပ်ငန်းရှင်များ လုပ်ငန်းရပ်နားထားရကြောင်း သိရသည်။ ယင်းကဲ့သို့စျေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပြည်ပမှတင်သွင်းနေရသည့် စားအုန်းဆီများအား စားသုံးမှုလျှော့ချကာ မဖြစ်မနေစားသုံးမှုအတွက် ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီများကိုပိုမိုပြောင်းလဲ စားသုံးသင့်ကြောင်းသုံးသပ်ကြသည်။
⏭သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : AMIA Market News