menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
စျေးအကျဘက်တွင်ငြိမ်နေသော “မတ်ပဲ”
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
◾️ဧရာဝတီတိုင်းဒေသကြီးအတွင်းမတ်ပဲစျေးနှုန်းများသည် ယခင်သီတင်းပတ် နှစ်ပတ်တာကာလအတွင်း စျေးနှုန်းများပြန်လည်ကျဆင်းလာခဲ့သည်။ လက်ရှိ မတ်ပဲ FAQ ၏FOB ပေါက်စျေး $790-800 ဖြစ်သည်။
◾️ပြီးခဲ့သည့် သီတင်းပတ်ကာလအတွင်းဧရာဝတီတိုင်းဒေသကြီးအတွင်းမတ်ပဲပေါက်စျေးများမှာ အောက်တိုဘာလ (၂၄) ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၄၆,၅၀၀၊ (၂၅) ရက်နေ့တွင် ကျပ် ၄၅,၅၀၀၊ (၂၆) ရက်နေ့တွင် ကျပ် ၄၅,၀၀၀ ၊ (၂၇) ရက်နေ့တွင် ကျပ် ၄၃,၀၀၀၊ (၂၈) ရက်နေ့တွင် ကျပ် ၄၅,၇၀၀၊ (၂၉) ရက်နေ့တွင်ကျပ် ၄၅,၀၀၀၊ နှင့် (၃၀) ရက်နေ့တွင် ကျပ် ၄၅,၅၀၀ အသီးသီးဖြစ်ပါသည်။ အချိန်နှင့်အမျှစျေးနှုန်းအပြောင်းအလဲရှိနိုင်ပြီး (၃၀) ရက်နေ့ ဟင်္သာတကုန်စည်ဒိုင်တွင် ကျပ် ၄၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
◾️နိုင်ငံတကာပဲစျေးကွက်တွင်ပဲမျိုးစုံ၏ အရောင်းအဝယ်ဖြစ်မှု အားနည်းလျှက်ရှိသည်။ အိန္ဒိယပဲလုပ်ငန်းအသင်း၏ အဆိုအရ အိန္ဒိယနိုင်ငံ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ပဲအထွက်နှုန်း ၂၀ ရာခိုင်နှုန်း ခန့်လျော့ကျသွားသဖြင့် ပဲမျိုးစုံစျေးကွက်ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း သုံးသပ်ထားသည်။
◾️လက်ရှိတွင်မူ မြန်မာမတ်ပဲလက်ကျန်နည်းပါးလျှက်ရှိပြီး ၊ မတ်ပဲစိုက်ပျိုးချိန်ရောက်ရှိပြီဖြစ်ရာ အချို့ဒေသများတွင်လည်း မတ်ပဲစိုက်ပျိုးပြီးဖြစ်သဖြင့် မတ်ပဲစျေးကွက်သည် စျေးအကျဘက် တွင်သာရှိနေကာ ဒေါ်လာစျေးအနည်းငယ်ပြန်အတက်တွင် တစ်တင်းစျေးနှုန်း ရာဂဏန်းမျှ ပြန်တက်လာသည်မှလွဲ၍ စျေးအကျဘက်တွင်ငြိမ်လျှက်ရှိသည်။အိမ်နီးချင်းနိုင်ငံ၏စျေးကွက်အရ ဒေဝါလီပွဲတော်အပြီးတွင် ပဲမျိုးစုံဝယ်လိုအားပြန်ကောင်းလာ နိုင်ကြောင်း သုံးသပ်ချက်များရှိနေပြီး ပဲစျေးအလွန်အမင်းကျဆင်းသွားဖွယ်မရှိကြောင်းခန့်မှန်းရပါသည်။
◾️သို့သော် မြန်မာနိုင်ငံ၏မတ်ပဲစိုက်ရာသီတွင် ဖြစ်လေ့ရှိသည့်ထုံးစံအတိုင်း မတ်ပဲစိုက်ပျိုးပြီးစီးချိန်တွင် စျေးကျတတ်သည့်အခြေအနေအရ မတ်ပဲစျေးသည် ယခင်လများက ဖြစ်ခဲ့သည့် ပေါက်စျေး တစ်တင်းလျှင် ၆၀,၀၀၀-၇၀,၀၀၀ ဝန်းကျင်ရရှိရန် မလွယ်ကူတော့ကြောင်း သုံးသပ်ရပါသည်။
◾️မတ်ပဲဈေးကွက်သတင်းများကို တောင်သူဦးကြီးတို့သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
30-10-2021