menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
စျေးကောင်းရနေသည့် အာလူးဈေးကွက်အခြေအနေ .....
🍀🥔🍀🥔🍀🥔🍀🥔🍀🥔🍀
✅ယခုနှစ်အာလူးပေါ်ချိန် အထွက်နှုန်းနည်းသည့်အတွက် စျေးကောင်းရနေကြောင်း အာလူးစိုက် တောင်သူများနှင့် ကုန်သည်များထံမှသိရသည်။ ထို့အပြင်ယခင်နှစ်များက ဝင်ရောက်လေ့ရှိသည့် တရားမဝင် တရုတ်အာလူးများမှာလည်း လက်ရှိ နယ်စပ်ကုန်သွယ်ရေးများ ကန့်သတ်ထားသည့်အတွက် ဝင်ရောက်ခြင်းမရှိတော့သည့်အတွက်ကြောင့် စျေးကွက်ယှဉ်ပြိုင်စရာနည်းကာ စျေးကောင်းရနေခြင်း ဖြစ်သည်။
✅"အဓိက စိုက်ဧကလျော့ခဲ့တယ်။ ပုံမှန်ထက် သုံးပုံပုံရင်နှစ်ပုံခန့်လောက်ပဲ စိုက်ခဲ့ကြတယ်။ အထွက်နှုန်းလျော့ကျလို့ ဟိုအရင်နှစ်တွေ ထပ်စျေးကောင်းရတယ်။ ဟိုအရင်ကဒီအချိန်ဆို တရုတ်အာလူးတွေနဲ့ စျေးကွက်ယှဉ်လုနေရတယ်။ အခု ပြည်တွင်းစာသုံးမှုနဲ့ ထွက်ရှိမှုလည်း ညီမျှနေတယ်လို့ပြောလို့ရတယ်” ဟုအာလူးစိုက်တောင်သူတစ်ဦးက ပြောသည်။
✅ယခင်နှစ်များက အာလူးတစ်ပိဿာ ကျပ် ၅၀၀ မှအများဆုံး ကျပ် ၈၀၀ ခန့်သာရှိခဲ့ရာမှ လက်ရှိတွင် တပိသာလျှင် ၁,၃၀၀ မှ ၂,၀၀၀ ကျပ်အထိ ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံဈေးကွက်တွင် ၂၀၁၅ ခုနှစ်မှစပြီး တရုတ်အာလူးများ တရားမဝင်ရောက်ခဲ့ပြီး ပြည်တွင်းစိုက်အာလူးများ အရောင်းအဝယ် အေးကာ နှစ်စဉ်အရှုံးပေါ်ခြင်းဖြင့် ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။ ၂၀၂၀ ခုနှစ်မှ စတင်ကာ အာလူး စိုက်သည့်တောင်သူများ လျော့နည်းသွားသလို စိုက်ဧကများလည်း လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
✅လက်ရှိတွင်လည်း မျို့စေ့ရှားပါးခြင်း၊ မြေဩဇာစျေးကြီးခြင်း၊ စက်သုံးဆီစျေးကြီးခြင်း တို့ကြောင့် တချို့ ဒေသများတွင် စိုက်ပျိုးမှုနည်းပါးလျှက်ရှိကာ တနှစ်ထက်တနှစ် အထွက်နှုန်းလျော့ကျလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “တရုတ်အာလူးကို မယှဉ်နိုင်လို့ နှစ်စဉ်ရှုံးခဲ့တာ။ တောင်သူတွေဆို သိပ်မစိုက်ကြတော့ဘူး။ ဒါကြောင့် အထွက်နှုန်းကျလာတယ်။ တရုတ်ဘက်ကို ကုန်သွယ်မှု ပိတ်ထားတော့ ပြည်တွင်း အာလူးရှားပြီး အခုစျေးအမြင့်စျေးရတာပေါ့” ဟု အာလူးစိုက်တောင်သူ ကိုကျော်ဇင်ထွန်း ကပြောသည်။
✅နောက်ပိုင်းအာလူးမှာ စျေးအများကြီး မြင့်တက်သွားခြင်းမျိုးမရှိသလို ပုံမှန်လေးသာ စျေးကွက် လည်ပတ်နိုင်ကြောင်း သုံးသပ်ကြသည်။ အာလူးကို ရှမ်းပြည်နယ်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးဒေသများတွင်အများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။
✅အာလူးသီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)