menu

"စိုက်ပျိုးရေး မိုးလေဝသ ခန့်မှန်းချက်" ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၆)ရက်မှ (၁၂)ရက်


🌾🌧🌿⛈☘️🌧🍀⛈🍃🌧🎋

ဘင်္ဂလားပင်လယ်အော် အခြေအနေ .....

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှတိမ်ထူထပ်နိုင်ပါသည်။

မိုးရွာသွန်းနိုင်မှု အခြေအနေ .....

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှနေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။ 

အမြင့်ဆုံးအပူချိန် အခြေအနေ .....

ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)တို့တွင် (၆၉)ဒီဂရီဖာရင်ဟိုက်မှ (၇၉)ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် (၈၀)ဒီဂရီဖာရင်ဟိုက်မှ (၈၉)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၉၂)ဒီဂရီဖာရင်ဟိုက်မှ (၉၉)ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါသည်။

အနိမ့်ဆုံးအပူချိန် အခြေအနေ .....

ချင်းပြည်နယ်တွင် (၃၈)ဒီဂရီဖာရင်ဟိုက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၅၃)ဒီဂရီဖာရင်ဟိုက်မှ (၆၃)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆၄)ဒီဂရီဖာရင်ဟိုက်မှ (၇၄)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

လေထုစိုထိုင်းဆ အခြေအနေ .....

တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆၉)%မှ (၇၀)% အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် (၇၁)%မှ (၈၀)%အတွင်းနှင့် ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၈၁)%မှ (၉၀)% အတွင်း ရှိနိုင်ပါသည်။ 

ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ .....

မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၁၅)မီလီမီတာမှ (၂၅)မီလီမီတာအတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၆)မီလီမီတာမှ (၃၆) မီလီမီတာအတွင်း အသီးသီးရှိနိုင်ပါသည်။

Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန