menu

"စိုက်ပျိုးရေး မိုးလေဝသ ခန့်မှန်းချက်" ၂၀၂၄ခုနှစ် မေလ (၆)ရက် မှ (၁၂)ရက်


🌾🌦️🌾🌦️🌾🌦️🌾🌦️🌾🌦️🌾

ဘင်္ဂလားပင်လယ်အော် အခြေအနေ
------------------------------
ယခုတစ်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါသည်။ 

မိုးရွာသွန်းနိုင်မှု အခြေအနေ 
---------------------- 
မိုးရွာသွန်းနိုင်မှုမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှနေရာစိပ်စိပ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။ 

အမြင့်ဆုံးအပူချိန် အခြေအနေ 
------------------------- 
အမြင့်ဆုံးအပူချိန်မှာ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၈၀)ဒီဂရီဖာရင်ဟိုက်မှ (၉၀)ဒီဂရီဖာရင်ဟိုက်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၉၁)ဒီဂရီဖာရင်ဟိုက်မှ (၁၀၁)ဒီဂရီဖာရင်ဟိုက်အတွင်း နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် (၁၀၂)ဒီဂရီဖာရင်ဟိုက် မှ (၁၁၂)ဒီဂရီ ဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။ 

အနိမ့်ဆုံးအပူချိန် အခြေအနေ 
-------------------------
အနိမ့်ဆုံးအပူချိန်မှာ ချင်းပြည်နယ်တွင် (၅၃)ဒီဂရီဖာရင်ဟိုက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၆၃)ဒီဂရီဖာရင်ဟိုက် မှ (၇၄)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇၅)ဒီဂရီ ဖာရင်ဟိုက် မှ (၈၆)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။ 

လေထုစိုထိုင်းဆ အခြေအနေ 
------------------------- 
လေထုစိုထိုင်းဆမှာ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် (၄၅%) မှ (၅၄%)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ကရင်ပြည်နယ်တို့တွင် (၅၅%) မှ (၆၄%) အတွင်း၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း နှင့် မွန်ပြည်နယ်တို့တွင် (၆၅%) မှ (၇၄%)အတွင်း နှင့် ရခိုင်ပြည်နယ်တွင် (၈၂%)ခန့် ရှိနိုင်ပါသည်။ 

ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ 
--------------------------- 
ပင်ငွေ့ရေငွေ့ပျံနှုန်းမှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၅)မီလီမီတာမှ (၃၅)မီလီမီတာအတွင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၃၆)မီလီမီတာ မှ (၄၆)မီလီမီတာအတွင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတို့တွင် (၄၇)မီလီမီတာ မှ (၅၇)မီလီမီတာအတွင်း အသီးသီးရှိနိုင်ပါသည်။ 

Sources : စိုက်ပျိုးရေး မိုးလေဝသဌာနခွဲ