menu

စိုက်ပျိုးရေး မိုးလေဝသ ခန့်မှန်းချက် ၂၀၂၀ခုနှစ် ဇွန်လ (၈) ရက် မှ ဇွန်လ (၁၄) ရက်အထိ


စိုက်ပျိုးရေး မိုးလေဝသ ခန့်မှန်းချက်  
၂၀၂၀ခုနှစ် ဇွန်လ (၈) ရက် မှ ဇွန်လ (၁၄) ရက်အထိ  

🌊ဘင်္ဂလားပင်လယ်အော် အခြေအနေ🌊  

ယခုရက်သတ္တပတ်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာတစ်နိုင်ငံလုံးသို့ ဝင်ရောက်နိုင်ပြီး ယင်းကာလအတွင်း ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အနောက်တောင်မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ပါ သည်။ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။  

🌧မိုးရွာသွန်းနိုင်မှု အခြေအနေ🌧  

စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပါသည်။  

☀️အမြင့်ဆုံးအပူချိန် အခြေအနေ☀️  

ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် (၇၂)ဒီဂရီဖာရင်ဟိုက်မှ (၈၁)ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၈၂)ဒီဂရီဖာရင်ဟိုက်မှ (၉၁)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း နှင့် အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် (၉၂)ဒီဂရီဖာရင်ဟိုက်မှ (၁၀၁)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။  

⛅️အနိမ့်ဆုံးအပူချိန် အခြေအနေ⛅️

ချင်းပြည်နယ်တွင် (၅၄)ဒီဂရီဖာရင်ဟိုက်ခန့်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၆၁)ဒီဂရီဖာရင်ဟိုက်မှ (၇၀)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် (၇၁)ဒီဂရီဖာရင်ဟိုက်မှ (၈၀)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။  

💦လေထုစိုထိုင်းဆ အခြေအနေ💦

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်၊ ရှမ်းပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင် (၇၂)%မှ (၈၂)%အတွင်းနှင့် တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၈၃)%မှ(၉၃)% အတွင်း ရှိနိုင်ပါသည်။  

🌱ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ🌱  

ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်းနှင့်အနောက်ပိုင်း) ၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း) ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၆) မီလီမီတာမှ (၂၆) မီလီမီတာအတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၂၇)မီလီမီတာမှ (၃၇)မီလီမီတာအတွင်း အသီးသီး ရှိနိုင်ပါသည်။

  ☑Sources: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန