menu

စိုက်ပျိုးရေး မိုးလေဝသ ခန့်မှန်းချက် ၂၀၂၀ခုနှစ် ဇွန်လ (၂၂)ရက်မှ ဇွန်လ (၂၈)ရက် အထိ


စိုက်ပျိုးရေး မိုးလေဝသ ခန့်မှန်းချက်  
၂၀၂၀ခုနှစ် ဇွန်လ (၂၂)ရက်မှ ဇွန်လ (၂၈)ရက် အထိ  

🌊ဘင်္ဂလားပင်လယ်အော် အခြေအနေ🌊  
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် အားအသင့်အတင့်ရှိနိုင်ပါသည်။  

🌧မိုးရွာသွန်းနိုင်မှု အခြေအနေ🌧  
စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။  

☀️အမြင့်ဆုံးအပူချိန် အခြေအနေ☀️  
ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် (၇၄-၈၃)ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်(၈၄-၉၃)ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင်(၉၄-၁၀၃)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။  

⛅️အနိမ့်ဆုံးအပူချိန် အခြေအနေ⛅️  
ချင်းပြည်နယ်တွင် (၅၇)ဒီဂရီဖာရင်ဟိုက်ခန့်၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင် (၆၅-၇၄) ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇၅-၈၄) ဒီဂရီဖာရင်ဟိုက်အတွင်းရှိနိုင်ပါသည်။  

💦လေထုစိုထိုင်းဆ အခြေအနေ💦  
စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် (၆၆-၇၄)ရာခိုင်နှုန်းအတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင်(၇၅-၈၄)ရာခိုင်နှုန်းအတွင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၈၅-၉၄)ရာခိုင်နှုန်းအတွင်း ရှိနိုင်ပါသည်။  

🌱ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ🌱  
ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် (၁၁-၂၀)မီလီမီတာအတွင်း၊ စစ်ကိုင်းဒေသကြီး(အထက်ပိုင်း)၊ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ကယားပြည်နယ်တို့တွင်(၂၁-၃၀)မီလီမီတာအတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၃၁-၄၀)မီလီမီတာအတွင်း အသီးသီးရှိနိုင်ပါသည်။  

Sources: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန