menu

"စိုက်ပျိုးရေး မိုးလေဝသခန့်မှန်းချက်" ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၁)ရက် မှ (၂၇) ရက်


🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️

ဘင်္ဂလားပင်လယ်အော် အခြေအနေ
-------------------------------
ယခုတစ်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။ 

မိုးရွာသွန်းနိုင်မှု အခြေအနေ
-----------------------
မိုးရွာသွန်းနိုင်မှုမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံအပြားနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှနေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။ 

အမြင့်ဆုံးအပူချိန် အခြေအနေ
--------------------------
အမြင့်ဆုံးအပူချိန်မှာ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၇၁)ဒီဂရီဖာရင်ဟိုက်မှ (၈၀)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၈၁)ဒီဂရီဖာရင်ဟိုက်မှ (၉၀)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၉၁)ဒီဂရီဖာရင်ဟိုက် မှ (၁၀၀)ဒီဂရီဖာရင်ဟိုက်အတွင်း အသီးသီးရှိနိုင်ပါသည်။ 

အနိမ့်ဆုံးအပူချိန် အခြေအနေ
--------------------------
အနိမ့်ဆုံးအပူချိန်မှာ ချင်းပြည်နယ်တွင် (၄၇)ဒီဂရီဖာရင်ဟိုက်ခန့်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၆၁)ဒီဂရီဖာရင်ဟိုက်မှ (၇၀)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇၁)ဒီဂရီဖာရင်ဟိုက် မှ (၈၀)ဒီဂရီဖာရင်ဟိုက်အတွင်း အသီးသီးရှိနိုင်ပါသည်။ 

လေထုစိုထိုင်းဆ အခြေအနေ
-------------------------
လေထုစိုထိုင်းဆမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇၁%) မှ (၈၁%)အတွင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၈၂%) မှ (၉၂%)အတွင်း ရှိနိုင်ပါသည်။ 

ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ
--------------------------
ပင်ငွေ့ရေငွေ့ပျံနှုန်းမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၁၅)မီလီမီတာ မှ (၂၅)မီလီမီတာအတွင်းနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၆)မီလီမီတာ မှ (၃၆)မီလီမီတာအတွင်း ရှိနိုင်ပါသည်။ 

Sources : စိုက်ပျိုးရေး မိုးလေဝသဌာနခွဲ