menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"စိုက်ပျိုးရေး မိုးလေဝသခန့်မှန်းချက်" ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက် မှ (၂၃)ရက်
🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️🌦️
ဘင်္ဂလားပင်လယ်အော် အခြေအနေ
-------------------------------
ယခုတစ်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ်ဖြစ်ထွန်းကာ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့်သာယာနိုင်ပါသည်။
မိုးရွာသွန်းနိုင်သည့် အခြေအနေ
--------------------------
မိုးရွာသွန်းနိုင်သည့်အခြေအနေမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် နေရာကွက်ကျားမိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း)တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကာ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့တွင် အများအားဖြင့်သာယာမည်။
အမြင့်ဆုံးအပူချိန် အခြေအနေ
--------------------------
အမြင့်ဆုံးအပူချိန်မှာ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၇၀)ဒီဂရီဖာရင်ဟိုက်မှ (၇၉)ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် မြောက်ပိုင်း)တို့တွင် (၈၀)ဒီဂရီဖာရင်ဟိုက်မှ (၈၉)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၉၀)ဒီဂရီဖာရင်ဟိုက်မှ (၉၉)ဒီဂရီဖာရင်ဟိုက်အတွင်း အသီးသီးရှိနိုင်ပါသည်။
အနိမ့်ဆုံးအပူချိန် အခြေအနေ
--------------------------
အနိမ့်ဆုံးအပူချိန်မှာ ချင်းပြည်နယ်တွင် (၃၇)ဒီဂရီဖာရင်ဟိုက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၅၂)ဒီဂရီဖာရင်ဟိုက်မှ (၆၂)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆၃)ဒီဂရီဖာရင်ဟိုက်မှ (၇၂)ဒီဂရီဖာရင်ဟိုက်အတွင်း အသီးသီးရှိနိုင်ပါသည်။
လေထုစိုထိုင်းဆ အခြေအနေ
-------------------------
လေထုစိုထိုင်းဆမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် (၅၁%) မှ (၆၂%)အတွင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆၃%) မှ (၇၄%) အတွင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း) တို့တွင် (၇၅%) မှ (၈၅%)အတွင်း ရှိနိုင်ပါသည်။
ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ
----------------------------
ပင်ငွေ့ရေငွေ့ပျံနှုန်းမှာ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၁၉)မီလီမီတာ မှ (၂၉)မီလီမီတာအတွင်း နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် (၃၀)မီလီမီတာ မှ (၃၉)မီလီမီတာအတွင်း ရှိနိုင်ပါသည်။
Sources : စိုက်ပျိုးရေး မိုးလေဝသဌာနခွဲ