menu

စိုက်ပျိုးရေး မိုးလေဝသခန့်မှန်းချက် ၂၀၂၁ခုနှစ် ဩဂုတ်လ (၁၃)ရက် မှ (၁၆)ရက်


🌾🌧🌾⛈🌾🌦🌾⛈🌾🌧🌾

မိုးရွာသွန်းနိုင်မှုအခြေအနေ
------------------------
 ဤရက်ပိုင်းအတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မိုးအလွန်ကြီးနိုင်ကာ ရေကြီးရေလျှံဖြစ်နိုင်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် နေပြည်တော်တို့၌ ယခုအပတ်တွင် နေရာကွက်ကြား မိုးအနည်းငယ် ရွာသွန်းနိုင်ပါသည်။

နေ့နှင့်ညအပူချိန် အခြေအနေ
--------------------------
 ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် နေ့အပူချိန် ၃၂°C နှင့် ညအပူချိန် ၂၅°C ၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် နေ့အပူချိန် ၃၃°C နှင့်ညအပူချိန် ၂၆°C၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် နေ့အပူချိန် ၂၇°C နှင့်ညအပူချိန် ၂၄°C၊မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေ့အပူချိန် ၂၉°C နှင့် ညအပူချိန် ၂၅°C၊ တနင်္သာရီတိုင်း ဒေသကြီးတွင် နေ့အပူချိန် ၂၈°C နှင့် ညအပူချိန် ၂၄°C၊ ရှမ်းပြည်နယ်တွင် နေ့အပူချိန် ၂၆°C နှင့် ညအပူချိန် ၂၀°C၊ ချင်းပြည်နယ်တွင် နေ့အပူချိန် ၂၇°C နှင့် ညအပူချိန် ၂၁°C၊ ရခိုင်ပြည်နယ်တွင် နေ့အပူချိန် ၂၈°C နှင့် ညအပူချိန် ၂၃°C၊ ကချင်ပြည်နယ်တွင် နေ့အပူချိန် ၂၆°C နှင့် ညအပူချိန် ၂၃°C အသီးသီးရှိနိုင်ပါသည်။

တိမ်ဖြစ်ထွန်းမှု အခြေအနေ
------------------------
 ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင် တိမ်များထူထပ်အုံ့ဆိုင်းနေပြီး လျှပ်စီးမိုးကြိုးများ ဖြစ်ပေါ်နိုင်ပါသည်။ ကျန်ပြည်နယ်နှင့် တိုင်းများတွင် တိမ်အနည်းငယ်မှ အသင့်အတင့်သာ ဖြစ်ထွန်း နိုင်ပါသည်။

လေတိုက်နှုန်း အခြေအနေ
------------------------
 မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တစ်နာရီပျမ်းမျှ ၁၃မိုင်နှုန်းတိုက်ခတ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများတွင် တစ်နာရီ ပျမ်းမျှ ၅မိုင်နှုန်း နှင့် ကျန်ဒေသများတွင် တစ်နာရီပျမ်းမျှ ၆မိုင်နှုန်းတိုက်ခတ်နိုင်ပါသည်။

Sources : မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန