menu

စိုက်ပျိုးရေး မိုးလေဝသခန့်မှန်းချက် ၂၀၂၀ခုနှစ် မေလ (၁၁)ရက်မှ မေလ (၁၇)ရက်အထိ


စိုက်ပျိုးရေး မိုးလေဝသခန့်မှန်းချက်  
၂၀၂၀ခုနှစ် မေလ (၁၁)ရက်မှ မေလ (၁၇)ရက်အထိ  

🌊ဘင်္ဂလားပင်လယ်အော် အခြေအနေ🌊  
အနောက်တောင်မုတ်သုံလေသည် မေလ(၁၆-၂၁)ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း ဒေသများသို့ ဝင်ရောက်နိုင်ပါသည်။ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။  

🌧မိုးရွာသွန်းနိုင်မှု အခြေအနေ🌧  
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။  

☀️အမြင့်ဆုံးအပူချိန် အခြေအနေ☀️  
ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် (၇၄) ဒီဂရီဖာရင်ဟိုက်မှ (၈၄) ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း နှင့် မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၈၅) ဒီဂရီဖာရင်ဟိုက်မှ (၉၅) ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် (၉၆) ဒီဂရီဖာရင်ဟိုက်မှ (၁၀၆) ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။  

⛅️အနိမ့်ဆုံးအပူချိန် အခြေအနေ⛅️  
ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် (၅၁) ဒီဂရီဖာရင်ဟိုက်မှ (၆၁) ဒီဂရီ ဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၆၂) ဒီဂရီဖာရင်ဟိုက်မှ (၇၁) ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် (၇၂) ဒီဂရီဖာရင်ဟိုက်မှ (၈၁) ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။  

💦လေထုစိုထိုင်းဆ အခြေအနေ💦  
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၅၄)%မှ (၆၄)%အတွင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆၅)% မှ (၇၅)%အတွင်း ရှိနိုင်ပါသည်။  

🌱ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ🌱  
တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၈) မီလီမီတာမှ (၃၉) မီလီမီတာအတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း) နှင့် ကရင်ပြည်နယ်တို့တွင် (၄၀) မီလီမီတာမှ (၅၁) မီလီမီတာအတွင်း အသီးသီးရှိနိုင်ပါသည်။  

Sources: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန