menu

“စိုက်ပျိုးရေး မိုးလေဝသခန့်မှန်းချက်” ၂၀၂၂ခုနှစ် မတ်လ (၂၁)ရက် မှ (၂၇)ရက်


🌧⛈🌧⛈🌧⛈🌧⛈🌧⛈🌧

ဘင်္ဂလားပင်လယ်အော် အခြေအနေ .....

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်ရာမှ ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ ယင်းမှတစ်ဆင့် ဆိုင်ကလုံးမုန်တိုင်းအဖြစ်သို့ ရောက်ရှိ ကာ မြောက်-အရှေ့မြောက်သို့ရွေ့လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကမ်းခြေအနီးသို့ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင်တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါသည်။

မိုးရွာသွန်းနိုင်မှု အခြေအနေ .....

မိုးရွာသွန်းနိုင်မှုမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။ 

အမြင့်ဆုံးအပူချိန် အခြေအနေ .....

အမြင့်ဆုံးအပူချိန်မှာ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် (၈၀)ဒီဂရီဖာရင်ဟိုက်မှ (၈၉)ဒီဂရီ ဖာရင်ဟိုက် အတွင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၉၀)ဒီဂရီဖာရင်ဟိုက်မှ (၉၉)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင်(၁ဝဝ)ဒီဂရီဖာရင်ဟိုက်မှ(၁၀၉)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။ 

အနိမ့်ဆုံးအပူချိန် အခြေအနေ .....

အနိမ့်ဆုံးအပူချိန်မှာ ချင်းပြည်နယ်တွင်(၄၄)ဒီဂရီဖာရင်ဟိုက်မှ (၅၅)ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၅၆)ဒီဂရီ ဖာရင်ဟိုက်မှ (၆၆)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆၇)ဒီဂရီဖာရင်ဟိုက်မှ (၇၈)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။ 

လေထုစိုထိုင်းဆ အခြေအနေ .....

လေထုစိုထိုင်းဆမှာ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် (၄၅)%မှ (၅၅)%အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် (၅၆)%မှ (၆၆)%အတွင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင်(၆၇)%မှ (၇၇)%အတွင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇၈)%မှ (၈၇)% အတွင်း ရှိနိုင်ပါသည်။

ပင်ငွေ့ရေငွေ့ပျံနှုန်း အခြေအနေ .....

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃၀)မီလီမီတာမှ (၄၀)မီလီမီတာအတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် (၄၁)မီလီမီတာမှ (၅၁)မီလီမီတာအတွင်း အသီးသီးရှိနိုင်ပါသည်။

Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန