menu

စိုက်ပျိုးရေးမိုးလေဝသ ခန့်မှန်းချက် ၂၀၂၁ခုနှစ် မေလ(၈-၁၁)ရက်


🌧🌩☀️🌨⛈🌧🌩☀️🌨⛈

✔ယခုတစ်ပတ်အတွက် မိုးလေဝသအခြေအနေမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် မေလ၉ရက် နဲ့ ၁၀ရက်နေ့မှာ မိုးရွာရန်ရွာနှုန်း ၉၀ ရာခိုင်နှုန်း ရှိပြီး တိမ်များထူထပ်အုံ့ဆိုင်းနေနိုင်ပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာ နေရာကွက်ကြားမိုးရွာနိုင်ချေအသင့်အတင့်ရှိပါတယ်။ ကျန်ဒေသများမှာ‌တော့ ရာသီဥတု သာယာနိုင်ပါတယ်။

နေ့ နှင့် ည အပူချိန်
----------------
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာ နေ့အပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန်၂၈ ဒီဂရီစင်တီဂရိတ် ဝန်းကျင်ရှိနိုင်ပါတယ်။ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ နေ့အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန်၂၉ ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေ့အပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန်၂၅ ဒီဂရီစင်တီဂရိတ် ရှိပါတယ်။ ရှမ်းပြည်တောင်ပိုင်းမှာတော့ နေ့အပူချိန် ၃၁ ဒီဂရီစင်တီဂရိတ် နဲ့ ညအပူချိန်၂၁ ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်။ တနင်္သာရီတိုင်းမှာတော့ နေ့အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ် ရှိပါတယ်။

တိမ်ဖြစ်ထွန်းမှု အခြေအနေ
------------------------
ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ တိမ်များ ထူထပ်အုံ့ဆိုင်းနေပြီး ကျန်ဒေသများမှာတော့ တိမ်အနည်းငယ်မှတိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

လေတိုက်နှုန်း အခြေအနေ
-----------------------
လေတိုက်နှုန်းမှာ မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများတွင် ပျမ်းမျှ တစ်နာရီလျှင် ၈ မိုင်နှုန်း တိုက်ခတ်နိုင်ပြီး ကျန်ဒေသများတွင် တစ်နာရီလျှင် ၅ မိုင်နှုန်းခန့်သာတိုက်ခတ်နိုင်ပါသည်။

Sources : မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန