menu

စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက် (၅.၃.၂၀၂၁ မှ ၁၂.၃.၂၀၂၁)


🌧မိုးရွာသွန်းနိုင်မှု အခြေအနေ🌧

ယခုတစ်ပတ်အတွက် ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် အများအားဖြင့် သာယာနိုင်ပါတယ်။ မတ်လ ၅ရက်နဲ့ ၆ရက်နေ့မှာတော့ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးအနည်းငယ်ရွာသွန်းနိုင်ပါတယ်။ လေတိုက်နှုန်းအနေနဲ့ကတော့ အသင့်အတင့်ရှိနိုင်ပါတယ်။

🌤နေ့ နှင့် ည အပူချိန်များ🌤

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာ နေ့အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် ၂၀ဒီဂရီ စင်တီဂရိတ်ဝန်းကျင်ရှိနိုင်ပါတယ်။ မကွေးတိုင်းနဲ့ မန္တလေးတိုင်း တို့မှာ နေ့အပူချိန် ၃၇ ဒီဂရီ စင်တီ ဂရိတ်နဲ့ ညအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ တိမ်အနည်း ငယ်မှ အသင့်အတင့်ဖြစ်ထွန်းနေပြီး နေ့အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ် ရှိပါတယ်။ နောက်ရက်များမှာ နေ့အပူချိန်များ ၃၅ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက် လာနိုင်ပါတယ်။ 

ရှမ်းပြည်နယ်မှာတော့ နေ့အပူချိန် ၂၇-၃၀ ဒီဂရီစင်တီဂရိတ် နဲ့ ညအပူချိန် ၁၇ ဒီဂရီ စင်တီဂရိတ် ရှိနိုင်ပါတယ်။ တနင်္သာရီတိုင်းမှာ နေ့အပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် ၂၃ ဒီဂရီ စင်တီဂရိတ် ရှိပါတယ်။ ကချင်ပြည်နယ်မှာ တစ်ခြားဒေသများထက် အအေးပိုနေပြီး မိုးတိမ်ထူထပ်နိုင်ပါတယ်။

☁️တိမ်ဖြစ်ထွန်းမှု☁️

မြန်မာတစ်နိုင်ငံလုံးနီးပါး တိမ်အနည်းငယ်မှ အသင့်အတင့်ဖြစ်ထွန်းနေပြီး အများအားဖြင့် ခြောက်သွေ့သာယာနိုင်ပါတယ်။

💨လေတိုက်နှုန်း💨

လေတိုက်နှုန်းမှာ မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများတွင် ပျမ်းမျှ တစ်နာရီလျှင် ၉ မိုင်နှုန်းတိုက်ခတ်နိုင်ပြီး ကျန်ဒေသများတွင် တစ်နာရီလျှင် ၆ မိုင်နှုန်းခန့်သာတိုက်ခတ်နိုင်ပါသည်။

Source : မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန