menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“သစ်သီးဝလံများ ပြည်ပတင်ပို့မှု ၅၀ရာခိုင်နှုန်း အောက်ထိကျဆင်း”
🍈🍏🍉🍏🍈🍉🍈🍏🍉🍏🍈
⏩အခက်ခဲအမျိုးမျိုးကြောင့် ယခုနှစ် သစ်သီးဝလံပြည်ပတင်ပို့မှု ပုံမှန်ထက် ၅၀ရာခိုင်နှုန်း အောက်ထိ ကျဆင်းသွားကြောင်း သစ်သီးဝလံကုန်သည်များကပြောသည်။
⏩အဓိကအားဖြင့် မြန်မာ့သစ်သီးဝလံပို့ကုန်တင်ပို့မှုအား တရုတ်စျေးကွက်ကို အားထား တင်ပို့နေခြင်းဖြစ် ကာ ကိုဗစ်ကြောင့် တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားခြင်း နှင့် စစ်ဆေးမှုများ ကြန့်ကြာခြင်းတို့ကြောင့် ယခုနှစ် သစ်သီးဝလံတင်ပို့မှုလျော့ကျခဲ့ခြင်း၏ အဓိကဖြစ်ကြောင်းသိရသည်။
⏩ထို့အပြင်အအေးခန်းကွန်တိန်နာရရှိမှု နည်းပါးခြင်း နှင့် စျေးနှုန်းမြင့်တက်ခြင်း၊ ဘဏ်၏ငွေရေးကြေးရေး မူကိစ္စများ နှင့် ဒေါ်လာစျေးမြင့်တက်နေ၍ သွင်းအားစုများ စျေးနှုန်းမြင့်တက်နေခြင်းတို့ကြောင့် ဉရောပဘက်သို့ တင်ပို့မှုမရှိသလောက် ဖြစ်ခဲ့ကြောင်းသိရသည်။
⏩“သစ်သီဝလံ စျေးကွက်ကတော့ ခြုံပြီးပြောရရင် မကောင်းဘူးပေါ့။ အရင်နှစ်တွေနဲ့ယှဉ်ရင် အများကြီးကျ သွားမယ်။ ရာခိုင်နှုန်းနဲ့ ပြောရရင် ၅၀ရာခိုင်နှုန်း အောက်ထိကို ကျနေတယ်။ တရုတ်ဂိတ်က ဖွင့်လဲ စစ်ဆေးမှုတွေကြန့်ကြာတော့ သစ်သီးဝလံဆိုတော့ လမ်းခရီးမှာတင် ပျက်စီးမှုတွေရှိတော့ လုံးဝအဆင်မပြေဘူး။ အဓိက က သွင်းအားစုတွေစျေးကြီးတယ်၊ အလုပ်သမားတွေ ရှားတယ် တချို့နေရာတွေမှာ မစိုက်နိုင်ဘူး။ အသီးအနှံဆိုတာ မရှိမဖြစ်မှမဟုတ်တာ မစားလဲရတယ်လေ။ လူတွေရဲ့ငွေသုံးနိုင်မှုပမာဏကလဲ နည်းလာတော့ အခြေခံ လူတန်းစား နဲ အလတ်တန်းစားတွေ စားသုံးမှုလျော့နည်းလာတယ်။ ပြည်တွင်းစျေးကွက်လဲ မကောင်းဘူး” ဟု မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (MFVP )မှ အတွင်းရေးမှု ဦးကျော်သူက ပြောသည်။
⏩ပြည်တွင်းသီးနှံ တော်တော်များများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပစျေးကွက်ရရှိမှုများ လက်လွတ်ခဲ့ရသည့် အခြေအနေသို့ ရင်ဆိုင်ခဲ့ရကြောင်း ကုန်သည်များထံမှ သိရသည်။
⏩“သစ်သီးဝလံများ ဝယ်ယူဖို့ ကမ်းလှမ်းကြတဲ့ နိုင်ငံတွေက အခုထိရှိနေတုန်းပဲ။ အင်္ဂလန်တို့ကလဲ အချိန်မှီပြန်ပို့ဖို့ ဆက်သွယ်လာတာတွေရှိတယ်၊ ခက်တာက ဒီဘက်ကပြန်မပို့နိုင်တာ။ မပို့နိုင်တာ ဟာ အကြောင်းပေါင်းစုံပေါ့ ပြည်တွင်းမှာ သယ်ယူပို့ဆောင်ခစျေးကြီးသလို ပြည်ပတင်ပို့ရင်လဲ ကွန်တိန်နာ ခတွေ စျေးတက်လာတယ်။ အရင် ကွန်တိန်နာတစ်လုံးကို ဒေါ်လာ ၂,၀၀၀ ကနေ ၁၅,၀၀၀ ထိ ဖြစ်သွားတယ်ဆိုတော့ မပို့နိုင်တော့ဘူး။ အသီးဖိုးတောင် အဲ့လောက်မရဘူး” ဟု ဦးကျော်သူက ဆက်လက်ပြောသည်။
⏩ယခုနှစ်တွင် ဖရဲသခွါး တင်ပို့မှုမှာ ဆယ်ရာခိုင်နှုန်းခန့်သာရှိပြီး ကျန်တဲ့အသီးအနှံများ လက်ရှိအချိန်အထိ ပြည်ပတင်ပို့မှု မရှိသေးကြောင်းသိရသည်။ ပြည်တွင်း၌ သစ်သီးဝလံများ စျေးကွက် အေးသော်လည်း ဟင်းသီးဟင်းရွက်များမှာ စားသုံးမှုမြင့်တက်ကာ စျေးနှုန်းများလည်း မြင့်တက်လာနိုင်ကြောင်း သိရသည်။
⏩“ဟင်းသီးဟင်းရွက်တွေဆို မျိုးစေ့ဝယ်မရတာနဲ့ ဒီမှာမျိုးစေ့အားလုံးကို မျိုးခံတာ မရှိတော့ဘူးလေ။ အပြင်က အိမ်နီးချင်းနိုင်ငံ တရုတ်တို့ ထိုင်းတို့က ဝယ်နေရတာဆိုတော့ စျေးတွေတက်လာတယ်။ ထွက်လာတဲ့သီးနှံကျတော့လည်း ခူးဆွတ်ဖို့ ဒုက္ခရောက်၊ ခူးဆွတ်လို့ရပြန်တော့ စျေးကမရဆိုတော့ မစိုက်တော့တဲ့ သူတွေကအများကြီးပေါ့။ ဟင်းသီးဟင်းရွက်စျေးက တောက်လျှောက်တက်မယ်။ သူများနိုင်ငံကဝင်လာတာတွေဖြစ်မယ် ပြည်တွင်းကထုတ်တာက မလောက်တော့ဘူး” ဟု အသီးအနှံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချနေသူ ကိုဇွဲ ကပြောသည်။
⏩အဆိုပါမရောရာမှုများကြောင့် သစ်သီးဝလံတောင်သူများက စိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချရမည့် အနေအထားကိုရောက်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့်သစ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးစခန်းမှ အဓိကအများဆုံး တင်ပို့နေကြောင်း သိရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သီးနှံ ၂၅ မျိုးကို အဓိကထားတင်ပို့နေခြင်းဖြစ်ပြီး ယခင် တစ်နှစ်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ သန်း ၁၄၀ ဝန်းကျင်အထိ ဝင်ငွေရရှိနေခြင်းဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။
⏩မြန်မာနိုင်ငံအနေဖြင့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် ကျိုင်းတုံ နယ်စပ်စခန်းများမှ တစ်ဆင့် တရုတ်နှင့်ကုန်သွယ်နေခြင်းဖြစ်ပြီး ထိုနယ်စပ်များမှတစ်ဆင့် တရုတ်နှင့် ကုန်သွယ်မှုမှာ ယခင်နှစ်ထက် ထက်ဝက်ကျော် ကျဆင်းလျက်ရှိကြောင်းသိရသည်။
⏩သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : AMIA Market News